Tuesday, January 27, 2026

နေရာရောင်းစားနေမှုများ ရပ်တန့်စေရန် မူဆယ် ပြည်သူဆန္ဒရှိ

“ နေရာဝယ်မလား တနေရာကို တသောင်းပါ” ဟု သျှမ်းပြည်မြောက်ပိုင်းတနေရာတွင် နေရာ ရောင်းစားနေသူများက တန်းစီနေသည့် ဆိုင်ကယ်သမားများကို မေးမြန်းနေသည်။

Photo Credit to Muse Youth- နေရာရောင်းစားရန်နေရာဦးထားသူများ ကြီးငယ် ကလေးအရွယ်များလည်းရှိ

ထိုနေရာ သည် တရုတ် မြန်မာ နယ်စပ် မူဆယ်မြို့ ဆင်ဖြူဂိတ်ဖြစ်ပြီး မူဆယ်- တရုတ်ပြည် ဂျယ်ဂေါင် သွားရန် အတွက် ဖြတ်သန်းရသည့် နေရာ တခုဖြစ်သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် အဝင်၊ အထွက် ဆင်ဖြူဂိတ်သည် မြန်မာစံတော်ချိန် မနက် ရ နာရီ မှ စ ဖွင့်ကာ ည ၈ နာရီ တွင် ဂိတ်ပိတ်ပါသည်။

လက်ရှိတွင် တရုတ်နိုင်ငံအတွင်း ို့ဝင်ရောက်မည် ဆိုပါက တရုတ်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်း၊ ဥပဒေ သည် ယခင်ကထက် ပိုပြီး တင်းကြပ်လာကာ မြန်မာနိုင်ငံ မှ တရုတ်သို့ဝင်ရောက်မည့်သူများ အတွက် အချိန်ကြန့့်ကြာမှုများဖြစ်လာသည်။

Photo Credit to Muse Youth- နေရာရောင်းစားရန်နေရာဦးထားသူများ ကြီးငယ် ကလေးအရွယ်များလည်းရှိ

စစ်ဆေးမှု တင်းကြပ်မှုကြောင့် မူဆယ်ဘက် ဆင်ဖြူဂိတ်တွင် မတ်တပ်ရပ်စောင့်ဆိုင်းသူများ၊ ဆိုင်ကယ်ဖြင့် စောင့်ဆိုင်းသူများ၊ မော်တော်ယာဉ်ဖြင့် စောင့်ဆိုင်းသူများသည် တဦးလျှင် ၃ နာရီ ထက်မနည်း ကြာမြင့်စွာ စောင့်ဆိုင်းနေကြရသည်။

ထိုကိစ္စကို အခွင့်ကောင်းယူပြီး ဆင်ဖြူဂိတ်တွင် နေရာဦးထားကာ ပြန်ရောင်းစားနေသည့် အုပ်စုများရှိပြီး၊ ထိုအုပ်စုထဲတွင် ကလေးငယ်များ၊ လူကြီးများပါ ရှိနေသည် ကို တွေ့့နေရသည်။

“ တနေရာကို တသောင်း၊ ၅ ထောင် နေရာအပေါ်မူတည်ပြီး ရောင်းနေတာ။ မဝယ်ရင်လည်း ရှေ့မရောက်နိုင်တော့ဘူး” ဟု မူဆယ်မှ ဂျယ်ဂေါင်သို့ သွားမည့် အမျိုးသမီး နန်းမွေအေး က ပြောပြသည်။

ထိုနေရာ အနီးတွင် မြန်မာ ဘက်မှာ ရဲများ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာန( လဝက) များ ရှိသော်လည်း တစုံတရာ လာရောက်တားမြစ်ပြောဆိုခြင်း မရှိကြောင်း နန်းမွေအေး က ပြောသည်။

Photo Credit to Muse Youth- နေရာရောင်းစားရန်နေရာဦးထားသူများ ကြီးငယ် ကလေးအရွယ်များလည်းရှိ

တရုတ်နိုင်ငံဂျယ်ဂေါင် အတွင်းသို့ ဆိုင်ကယ်များ၊မော်တော်ကားများဖြင့် ဝင်ရောက်မည့် အဓိကနေရာ ဖြစ်သည့် အတွက် နေ့စဉ် ဆိုင်ကယ်အစီးရာချီ ဝင်ရောက်နေကြောင်း နန်းမွေအေး က ပြောသည်။

“ တရုတ်ပြည် ကိုဆိုင်ကယ်နဲ့ ဝင်ဖို့က ဒီဆင်ဖြူဂိတ် အများဆုံးပဲ။ တနေ့ ဆိုင်ကယ်အစီးရေ ၂၀၀ လောက်ရှိမယ်။ အဲ့ရှေ့မှာဆိုရင် ညကတည်းက နေရာရောင်းဖို့ အတွက် ပစ္စည်းတွေ ဘာတွေလာချထားတယ်” ဟု နန်းမွေအေးက ထပ်လောင်းပြောသည်။

ထို ကြားဖြတ်နေရာ ရောင်းစားသည့် အုပ်စု မှာ ဆိုင်ကယ် ၂၀ စီးရှိပြီး၊ တန်းမစီ ချင်သည့် ဆိုင်ကယ်သမားများက နေရာဝယ်ယူမှုကြောင့် တခြားလူများ ရှေ့သို့ မရောက််နိုင်တော့ကြောင်းလည်း မူဆယ် ဒေသခံ များပြောပြချက် အရ သိရသည်။

“နေရာ ရောင်းတဲ့သူက ဆိုင်ကယ်နဲ့ တယောက်စီနေရင် လေးငါးယောက် ကြားဖြတ်ဝင်သွားပြီးနေရာဝယ်တယ်။ နောက် အနောက်ကလူတွေ က ငွေထပ်ပေးပြီး နေရာထပ်ဝယ်တော့ ငွေနဲ့ မဝယ်တဲ့သူက ရှေ့မတိုးတော့ဘူး” ဟု တရုတ်ပြည်သို့ ကုန်ပစ္စည်းသွားဝယ်သည့် စိုင်းအွမ် က ပြောသည်။

နေ့စဉ်အမျှ တရုတ်ပြည်သို့ ဝင်ထွက်ပြီး ဝမ်းရေး ရှာစားနေရသည့်သူ အတွက် တနေရာကို တသောင်း ပေးမဝယ်နိုင်ကြောင်း၊ ထိုကဲ့သို့ မကြာခဏ နေရာရောင်းစားနေသည့် ပြဿနာ ကို သက်ဆိုင်ရာ က အမြန်ဆုံး လာရောက်ဖြေရှင်းပေးစေလိုကြောင်းလည်း စိုင်းအွမ် က တောင်းဆိုလိုက်သည်။

“ တချို့ ဆိုရင် ကိုယ့်အလှည့်ရောက်တော့ ဂိတ်က ပိတ်သွားတာတွေရှိတယ်။ ဒီလို နေရာ ရောင်းစားနေတာ မခံနိုင်တော့ဘူး” ဟု စိုင်းအွမ်က ဆိုသည်။

ထိုသို့သော မတရားနည်းဖြင့် ဆိုင်ကယ်နေရာ ရောင်းစားနေမှုကို မူဆယ် ပြည်သူများအနေဖြင့် မဝယ်ရန်၊အားမပေးရန်၊ စနစ်တကျ တန်းစီပြီးဝင်ရန် လည်း မူဆယ်ဒေသခံ အမျိုးသမီး နန်းမွမ်းဟွမ် က ပြောသည်။

“ ခရီးသွားတွေ ရောင်းနေတဲ့သူတွေ မဝယ်နဲ့လို့ ပြောချင်တယ်။ တတ်နိုင်တဲ့သူတွေက မစောင့်ချင်တော့ ဝယ်ကြတယ်။ အဲ့ဒါနဲ့ ရောင်းတဲ့လူတွေ ပိုများလာတယ်” ဟု နန်းမွမ်းဟွမ် က ဆိုသည်။

ဆိုင်ကယ်ကြားဖြတ်နေရာရောင်းမှုနှင့် ပတ်သက်ပြီး သွားရောက်ပြောဆိုသည့်အခါ ခရီးသွားပြည်သူများကို အဆိုပါအုပ်စုက အုပ်စုဖွဲ့ ရန်ဖြစ်မှုများပြုလုပ်ကြောင်း နန်းမွမ်းဟွမ် က ပြောသည်။

ကြားဖြတ်နေရာ ရောင်းစားမှု မရှိပါက ဆင်ဖြူဂိတ်သွား၊လာမှု မှာ မခက်ခဲကြောင်း၊ အနည်းပတ်ဝန်းကျင်တွင် သက်ဆိုင်ရာ ဌာနများရှိသော်လည်း လူထုအားလျစ်လျူရှုနေသည့်အပေါ် နန်းမွမ်းဟွမ် က ဝေဖန်ပြောဆိုလိုက်သည်။

“ ရဲတွေ လဝက တွေ ရှိလျက်နဲ့ ဘာမှ မပြောတာ ပေါင်းများ စားနေလားမသိဘူး။ ဒီလောက် ဖြစ်ပျက်နေတာ တခုခုတော့ လာပြောစေချင်၊ လုပ်စေချင်တယ်” ဟု လည်း နန်းမွမ်းဟွမ် က ပြောသည်။

သက်ဆိုင်ရာ များအနေဖြင့် ဆိုင်ကယ်များ၊ လူများတန်းစီသည့်အချိန်တွင် တရုတ်နိုင်ငံသို့ အမှန်တကယ် ဝင်မည့် သူ ဟုတ်၊ မဟုတ် လာရောက် စစ်ဆေးပေးစေလိုကြောင်းလည်း မူဆယ် မြို့ဒေသခံများ က တောင်းဆိုလိုက်သည်။

အဆိုပါ ကိစ္စနှင့်ပက်သက်ပြီး သက်ဆိုင်ရာ ပြည်နယ် အစိုးရ ဆီ စာတင်သွားရန် စီစဉ်နေကြောင်း၊ ယခုကိစ္စသည် ပေါ်လစီ အရ လုပ်ရန် ခက်ခဲသော်လည်း နေရာရောင်းစားသူများကို စောင့်ကြည့်ကာ ပြင်းထန်သည့် အရေးယူမှုမျိုးပြုလုပ်သင့်သည်ဟု မူဆယ်မြို့ မှ တရုတ်ပြည် ဂျယ်ဂေါင် သို့ သွားရောက်အလုပ်လုပ်သည့် ချမ်းမြေ့ က ပြောသည်။

“ မဝယ်ကြဖို့ ဆိုတာထက် မရှိသင့်ဆုံးလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ခရီးသွား တွေ မှာ က အချိန်တွေ အရမ်းနစ်နာ နေရတာ မဝယ်လဲ သူတို့ကလုပ်နေမှာပဲ။ အများအမြင် မှာတော့ မဝယ်ရင် ဒီကိစ္စတွေ မရှိတော့ဘူး လို့ယူဆ နေကြတာ တွေလဲရှိတယ်” ဟု ချမ်းမြေ့ ကဆိုသည်။

ဆင်ဖြူဂိတ်တွင် ကြားဖြတ်နေရာ ရောင်းနေသည့် ပြဿနာမှာ မကြာခဏ ကြားနေရကြောင်း၊ မူဆယ်မြို့တွင် သက်ဆိုင်ရာ ဝန်ထမ်း အင်အား မလုံလောက်မှုကြောင့် အချိန်ပြည့် စောင့်ကြည့်နိုင်ခြင်းမရှိကြောင်း မူဆယ်မြို့ ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်သိန်း က ပြောသည်။

“ ဒီမှာ ရှိတဲ့ လက်ထောက်ညွှန်ကြားရေးမှူးကို ထိန်းပေးဖို့ ပြောပါတယ်။ ရဲအင်အားတွေ လည်း မလုံလောက်ဘူး။ စဖွင့်ကတည်းက ညထိ စောင့်ကြည့်နိုင်တဲ့အနေအထားမရှိပါဘူး” ဟု စိုင်းကျော်သိန်း က ဆိုသည်။

ပြည်သူများအနေဖြင့် နေရာပေးဝယ်ခြင်း မပြုလုပ်ပါက ရောင်းမည့်သူများလည်း အလိုအလျောက် ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း၊ ငွေပေးဝယ်ပါက ရောင်းသူများကို အားပေးရာ ရောက်သည်ဟု စိုင်းကျော်သိန်း က ပြောသည်။

“ ကျနော်အနေနဲ့ ဒီကိစ္စကို ထပ်ပြီး တင်းကြပ်ပေးဖို့ တာဝန်ရှိသူတွေကို ဆွေးနွေး တောင်းဆိုသွားမယ်” ဟု စိုင်းကျော်သိန်း က ပြောသည်။

အဆိုပါဂိတ်တွင် မူဆယ်-တရုတ် ဝင်၊ထွက် သွားလာ သူများ တရက်လျှင် တသိန်းကျော်ရှိနေသည်ဟုလည်းသိရပါသည်။

ထို့ကြောင့် ကြားဖြတ်နေရာ ရောင်းစားနေသည့် အုပ်စုများ အများဆုံး ပပျောက်ရန် အတွက် သက်ဆိုင်ရာ အမြန်ဆုံးဖြေရှင်းပေးပြီး ၊ ရောင်းစားနေသည့် အုပ်စုကို အရေးယူပေးရန် မူဆယ်ပြည်သူများက တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နယ်စပ်က စက်ချုပ်သံများ

0
တရုတ်နယ်စပ် အထည်ချုပ်စက်ရုံ၏ အေးစက်စက် ကြမ်းပြင်ပေါ်တွင် မေဇင် (အမည်လွှဲ) ရပ်နေသည်။ သူမ၏ မျက်လုံးများက စက်မှုလုပ်ငန်းသုံး မီးချောင်းများအောက်တွင် မှုန်မှိုင်းနေသော်လည်း သူမ၏ အတွင်းစိတ်က လားရှိုးမြို့ရှိ ပျက်စီးသွားသော အမေ့အိမ်လေးဆီသို့ တစ်စထက်တစ်စ ပြန်လည်ရောက်ရှိနေသည်။ အသက် ၂၉ နှစ်အရွယ် မေဇင်သည် တစ်ချိန်က လားရှိုးတွင် အေးချမ်းသော...

စစ်ခေါင်းဆောင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တရုတ်နိုင်ငံတွင် တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပနေသည့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲသို့ တက်ရောက်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တို့ တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။ အလားတူ စစ်ခေါင်းဆောင်နှင့် တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် စစ်ရေးပြပွဲ အခမ်းအနားတွင် ဘေးချင်းကပ်ထိုင်လျက် လက်ဆွဲနှုတ်ဆက်နေသည်ကို...

တရုတ်နိုင်ငံတွင် စစ်ခေါင်းဆောင်နှင့် အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံပြီး မြေရှားတူးဖော်ရေးဆွေးနွေး

0
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့ တွေ့ဆုံခဲ့စဉ် မြေရှားသတ္တုတူးဖော်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) တွင် တရုတ်နိုင်ငံ တီယန်ကျင်း၌ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ဆွေးနွေးပွဲမတိုင်မီ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်...

စစ်ခေါင်းဆောင် တရုတ်နိုင်ငံသွားရောက်ပြီး ဒုတိယကမ္ဘာစစ်အောင်ပွဲ တက်ရောက်မည်

0
တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် နှစ် (၈၀) ပြည့် ဒုတိယကမ္ဘာစစ် အောင်ပွဲအခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် ရုရှားသမ္မတ ပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့နှင့်အတူ တက်ရောက်မည်ဖြစ်ကြောင်း သတင်းသိရသည်။ လာမည့် စက်တင်ဘာလ (၃) ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲ သို့မဟုတ်...

TNLA ကို နမ့်ဆန်၊ မန်တုံအထိ စစ်ကောင်စီ တပ်ဆုတ်ခိုင်း၍ ဆွေးနွေးပွဲမအောင်မြင်ဘဲ ပြီးဆုံး

0
တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံခဲ့သော်လည်း ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးခဲ့ရကြောင်း TNLA ဘက်မှ ထုတ်ပြန်လိုက်သည်။ ဧပြီလ ၂၈-၂၉ ရက်တို့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်...