Wednesday, January 28, 2026

သျှမ်းနိုင်ငံရေး ခေါင်းဆောင် စဝ်ခွန်ထွန်းဦး ၇၆ နှစ်ပြည့်ပြီ

ယနေ့ ၂၀၁၉ စက်တင်ဘာ ၁၁ ရက် ဟာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)  ဥက္ကဌ ခွန်ထွန်းဦး ရဲ့ အသက် ၇၆ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။

Photo by SNLD/ Kachin state
Photo Credit to SNLD Kachin State

ဥက္ကဌ ခွန်ထွန်းဦး ကို ၁၉၄၃ ခုနှစ် စက်တင်ဘာ ၁၁ရက် မှာ သိန္နီမြို့ ၌ မွေးဖွားခဲ့ပါတယ်။

ဥက္ကဌ ခွန်ထွန်းဦး ရဲ့ ဖခင်ဟာ သီပေါစော်ဘွား စဝ်ကြာဆိုင် ရဲ့ အကိုဖြစ်ပါတယ်။

၁၉၆၄ ခုနှစ်မှာ တောင်ကြီးမြို့ ကမ္ဘောဇကျောင်း ကနေ တက္ကသိုလ် ဝင်တန်း ကို အောင်မြင်ခဲ့ပြီး ၁၉၆၅ခုနစ်မှာ ရန်ကုန်တက္ကသိုလ် တွင် ဥပဒေ ဘာသာရပ်ကို ဒုတိယနှစ် အထိ တက်ရောက်သင်ကြားခဲ့ပါတယ်

၁၉၆၇ ကနေ ၁၉၇၇ ခုနှစ်ထိတော့ အင်ဒိုနီးရှားသံရုံး စစ်သံမမှူး ရဲ့ ကိုယ်ရေး အရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဂျပန်နိုင်ငံမှ နိုင်ငံတကာ စာဖြန့်ချီရေး ကုမ္ပဏီ ရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ် လည်းဖြစ်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် မှာ စတင်တည်ထောင်ခဲ့တဲ့ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တွင် အထွေထွေ အတွင်းရေးမှူးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၈၉  ခုနှစ်မှာ အဖွဲ့ချုပ် ရဲ့ ဥက္ကအဖြစ် တာဝန်ယူလာတာ ယနေ့ထိတိုင်ပါပဲ။

Photo by SHAN

၁၉၉၀ ပြည့် မေလ ၂၇ ရက် မှာ ကျင်းပခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ (SNLD)  ကို ဦးဆောင်ပြီး မြန်မာ ပြည်တဝှမ်း သျှမ်းတိုင်းရင်းသားတွေ စုစည်းနေထိုင်တဲ့ ဒေသတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

မြန်မာသမိုင်းမှာ သျှမ်းတိုင်းရင်းသားတွေ အနေနဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ အများဆုံး နဲ့ ဒေသအနှံ့ ပါဝင်ယှဉ်ပြိုင်ပြီး တနိုင်ငံလုံး ဒုတိယ အများဆုံး အနိုင်ရရှိခဲ့တဲ့ပါတီ ဖြစ်ပါတယ်။

စဝ်ခွန်ထွန်းဦး ကိုယ်တိုင် သီပေါ မဲဆန္ဒနယ် အမှတ်(၁)တွင် ဝင်ရောက် အရွေးခံရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။

စဝ်ခွန်ထွန်းဦး ဦးဆောင်တဲ့ SNLD ကိုယ်စားလှယ် ၅ဦး တို့သည် နဝတ မှ ကျင်းပတဲ့အမျိုးသားညီလာခံ ကို တက်ရောက်ခဲ့ပြီး၊ SNLD ရဲ့ သဘောဆန္ဒ အနည်းအကျဉ်းသိရှိ နားလည်လာခဲ့ပါတယ်။

၁၉၉၀ ပြည့် ပါတီစုံ ရွေးကောက်ပွဲ ညီလာခံ တွင် SNLD ၆၅နေရာ ယှဉ်ပြိုင် အရွေးခံရန် စာရင်းတင်သွင်းခဲ့ပြီး ရွေးကောက်ပွဲ မကျင်းပ ဖြစ်တဲ့နေရာမှလွဲပြီး ၅၈ နေရာ ယှဉ်ပြိုင်ရာ ၂၃နေရာ အနိုင်ရခဲ့ပါတယ်။

၁၉၉၃ ခုနှစ်တွင် နအဖ စစ်အစိုးရ ရဲ့ အမျိုးသား ညီလာခံ တွင် တိုင်းရင်းသား (၇)ပြည်နယ် အတွက် အခြေခံ ရပိုင်ခွင့်တွေ တင်ပြ တောင်းဆို ခဲ့သော်လည်း လစ်လျူရှု ပယ်ချခြင်းခံရပါတယ်။

အမျိုးသား ညီလာခံ လုပ်ထုံး လုပ်နည်းတွေ တရားမျှတမှု မရှိကြောင်းကို နိုင်ငံခြား အသံလွှင့်ဌာန တွေကို ရဲရဲဝံ့ ဝံ့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

နအဖ စစ်အစိုးရ ချမှတ်ခဲ့တဲ့ ဦးတည်ချက် ၆ ရပ် အခြေခံမူ ၁၀၄ ချက်နဲ့ လမ်းပြမြေပုံ (၇)ဆင့် တို့ကို စဝ်ခွန်ထွန်းဦး က လက်မခံဘဲ အမျိုးသား ညီလာခံ မှ ဦးဆောင်နှုတ်ထွက်ခဲ့ပါတယ်။

ဒါ့ကြောင့် သျှမ်းပြည် မျိုးဆက် သစ်ခေါင်းဆောင် တွေ ဦးဆောင် ကျင်းပတဲ့ ၂၀၀၅ ဖေဖော်ဝါရီ (၇) ရက် သျှမ်းပြည်နယ်နေ့ ညစာ စားပွဲ အပြီး ဖေဖော်ဝါရီ ၈ ရက် နဲ့ ၉  ရက် နေ့မှာ ဥက္ကဌ စဝ်ခွန်ထွန်းဦး နဲ့ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် တို့ကို ရန်ကုန်နေအိမ်တွင် လာရောက်ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

သျှမ်းပြည် အတိုင်ပင်ခံ ကောင်စီ ဦးဆောင် ဖွဲ့စည်းရာ ကနေ ပြည်ထောင်စု ဖြိုခွဲလိုမှု၊ ခွဲထွက်လိုမှု၊ မတရား အသင်းဆက်ဆံမှု အပါအဝင် အခြား အမှုပေါင်းတွေ များစွာ ရှာကြံပြီး ထောင်ဒဏ် ၉၃ နှစ် စီရင်ချက် ချပြီး စဝ်ခွန်ထွန်းဦး ကို ရာသီဥတု ဆိုးရွားလှတဲ့ ကချင်ပြည် ပူတာအို ထောင်သို့ ပို့ဆောင် ချုပ်နှောင် လိုက်ပါတယ်။

ပုဂ္ဂိုလ်ရေးဆိုင်ရာ စီးပွားရေး ပိုင်ဆိုင်မှုတွေကိုလည်း စစ်အစိုးရ က သိမ်းယူ ချိတ်ပိတ်ခဲ့ပါတယ်။

၂၀၀၅  မှ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ရက်နေ့ အထိ အင်းစိန်ထောင်၊ ပူတာအိုထောင်၊ မန္တလေး အိုးဘိုထောင်၊ တောင်ငူထောင် တွေ မှ ာ အသီးသီး အကျဉ်းချခံရပါတယ်။

ဦးသိန်းစိန် အစိုးရ ရဲ့ လွှတ်ငြိမ်းချမ်းသားခွင့်ဖြင့် သျှမ်းခေါင်းဆောင် တွေ ၂၀၁၂ ခုနစ်မှာ ပြန်လည် လွှတ်မြောက်လာပြီး နိုင်ငံရေး လောက မှာ တရားဝင် လှုပ်ရှားနိုင်ရန် ပါတီ ပြန်လည် မှတ်ပုံတင်ခဲ့ပါတယ်။

စဝ်ခွန်ထွန်းဦး ထောင် ကနေ လွှတ်မြောက်လာပြီးနောက်ပိုင်း SNLD ပါတီဥက္ကဌ SSJAC ဥက္ကဌ တို့ အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေပြီး CSSU ဥက္ကဌ အဖြစ် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

လက်ရှိအချိန်ထိ စဝ်ခွန်ထွန်းဦး က  SNLD  အနေဖြင့် ဒီမိုကရေစီ အရေး၊ တိုင်းရင်းသားအရေး တွေကို မမှိတ်မသုန် ဆက်လက် တာဝန်ယူ ဦးဆောင် နေပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

SNLD ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်ရန် ကိစ္စ ဆွေးနွေးမှုပြုလုပ်နေ

0
သျှမ်းလူထုထောက်ခံမှုအများဆုံးရသည့် ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ မှတ်ပုံပြန်တင်ရန်၊ မတင်ရန် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီလက်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ယခုရက်ပိုင်းတွင် လူမျိုးစုများဘက်မှ နိုင်ငံရေးပါတီများအဖြစ် ထပ်မံဖွဲ့စည်းခဲ့ကြပြီး ရွေးကောက်ပွဲ...

အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင် ဖယ်ရှားရန် သျှမ်းပါတီ SNLD တိုက်တွန်း

0
ကမ္ဘာ့ စံချိန်တင် ကြာရှည်နေသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟုလည်း SNLD ပါတီက ယနေ့ ထုတ်ပြန်သည်။ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ခေတ်အခြေအနေနှင့်...

SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်ကွယ်လွန်

0
ရှမ်းတိုင်းရင်းသားများ ဒီမီကရေစီအဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) ၏ အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင် ယနေ့ (မေလ ၁၇) ရက် နံနက်အစောပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။ SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်သည် လူကြီးရောဂါဖြင့် နေအိမ်တွင်ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း SNLD ရုံးအဖွဲ့မှူး...