မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကို ယခုလလယ် ထပ်မံတွေ့ဆုံရန် အစိုးရ ကမ်းလှမ်း

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကို ယခုလလယ် ကျိုင်းတုံတွင် ထပ်မံ တွေ့ဆုံဆွေးနွေးရန် အစိုးရ မှ ကမ်းလှမ်းဖိတ်ကြား ထားကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၃၁ ရက်နေ့က ကျိုင်းတုံမြို့တွင် ပြုလုပ်ကျင်းပသော မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၄ ဖွဲ့၏ ကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေးကော်မရှင်ကိုယ်စားလှယ်များတွေ့ဆုံပွဲ

ငြိမ်းချမ်းရေး ကော်မရှင် ကိုယ်စားလှယ် အဖွဲ့ နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ဖြစ်သည့် ကချင် တပ်ဖွဲ့၊ တအာင်းတပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့ နှင့် ရခိုင်တပ်ဖွဲ့ တို့မှ ကိုယ်စားလှယ်များ ယခုလ ၁၆ နှင့် ၁၇ ရက် တို့တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးရန် သဘောတူညီခဲ့ကြကြောင်းသိရသည်။

ထို့ကြောင့် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ တွင် ကျင်းပကြရန်အတွက် စက်တင်ဘာ ၉ ရက်နေ့ ရက်စွဲဖြင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကို အစိုးရဘက်မှ အဆိုပြုစာ ပေးပို့ထားကြောင်း သိရသည်။

“ ကျနော်တို့ဆီကို ဖိတ်စာရောက်လာပါတယ်။ သူတို့က ကျိုင်းတုံမှာ ပြန်တွေ့ဖို့ ပြောတယ်။ ကျနော်တို့ ဘက် ကတော့ ပန်ဆန်း၊ မိုင်းလားနဲ့ တရုတ်ပြည် တနေရာရာကို တောင်းဆိုထားပါတယ်။ ဘယ်နေရာ ဆိုတာတော့ မသိသေးဘူး။ လက်ရှိမှာလည်း ကျနော်တို့ ၄ ဖွဲ့ ဆွေးနွေးနေတုန်းပါ” ဟု တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) မှ ပြောရေးဆိုခွင့်ရှိသူ တားအိုက်ကျော် က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ယခု ထပ်မံတွေ့မည့် တွေ့ဆုံဆွေးနွေးပွဲကို မြန်မာ့တပ်မတော် ကိုယ်စားလှယ်များပါ တက်ရောက်စေချင်ကြောင်း၊ ငြိမ်းချမ်းရေး ကော်မရှင် ကိုယ်စားလှယ်အဖွဲ့ တည်းသာ တွေ့မည်ဆိုပါက စစ်တပ်ဆိုင်ရာ ကိစ္စဆွေးနွေးရန် မဖြစ်နိုင်ကြောင်း လည်း တားအိုက်ကျော် က ဆိုသည်။

အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ကြမည့် မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့ ကိုယ်စားလှယ်များ၏ ခရီးစဉ် ဖြစ်သည့် မိုင်းလား-ကျိုင်းတုံ ယာဉ်တန်းလုံခြုံရေး၊ လမ်းကြောင်းလုံခြံုရေး နှင့် လုံခြံုရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူမည်ဖြစ်ကြောင်းလည်း ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ မှ ပြောဆိုထားသည်။

ယမန်နေ့တွင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ ဖြစ်သည့်TNLA နှင့် မြန်မာ့တပ်မတော်သည် ယမန်နေ့ စက်တင်ဘာ ၉ ရက်နေ့တွင် သျှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ် နမ့်ဖက်လွန် အနီးတွင်တိုက်ပွဲ ၂ ကြိမ်၊ နမ့်ပန် တွင် တကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်နိုင်အောင် အခုမှ ကျနော်တို့ ပြန်ပြီး လမ်းစရှာတာ ဖြစ်ပါတယ်”

0
အသွင်ပြောင်းစစ်အစိုးရ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ ကိုယ်စားလှယ် (၈) ဦးတို့သည် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နေပြည်တော်သို့ သွားရောက်ခဲ့သည်။ အလားတူ...