မြောက်ပိုင်းတိုက်ပွဲနဲ့ပတ်သက်လို့ဆိုပြီး အဖမ်းခံရတဲ့ သျှမ်းကျောင်းဆရာညီအစ်ကို အာမခံဖြင့်လွတ်မြောက်

0

သျှမ်းပြည်မြောက်ပိုင်းတိုက်ပွဲ နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ စစ်တပ်မှဖမ်းဆီးသွားသော ပြင်ဦးလွင်မှ သျှမ်းကျောင်းဆရာ ညီအစ်ကို နှစ်ဦးအား ယနေ့ အာမခံချက်ဖြင့် ပြန်လွှတ်ပေးကြောင်း သူငယ်ချင်း ဖြစ်သူကပြောသည်။


၂၀၁၉ ခု စက်တင်ဘာ ၂ ရက်နေ့ ပြင်ဦးလွင်(မေမြို့) မြို့မရဲစခန်းတွင် ပရဟိတ ကျောင်းဆရာ ညီအစ်ကို စိုင်းခွန်မိန်း နှင့် စိုင်းလျဲန်းစင့်တို့ အားစစ်ဆေးမည်ဟုဆိုသဖြင့် တရက်လုံးဆွေမျိုးများ ထိုင်စောင့်ခဲ့သော်လည်း ညနေပိုင်းတွင် တရားစွဲဆိုရန် သက်သေ အထောက်အထား မခိုင်လုံသောကြောင့် ၄င်းတို့ ညီအစ်ကိုအား ပြင်သာရဲစခန်းသို့လွှဲပြောင်းပေးခဲ့ကြောင်း၊ ထိုရဲစခန်းတွင် ဆွေမျိုးမိဘများက အာမခံချက်လက်မှတ်ရေးထိုးပေးခဲ့ပြီးနောက် ပြန်လည်လွှတ်ပေး ခဲ့ကြောင်း သူငယ်ချင်းဖြစ်သူက ပြောသည်။

“ကျနော်တို့ တနေကုန် စောင့်ရကျိုးနပ်သွားပြီ ။ မတရား အသင်းနဲ့ တရားစွဲ ဆိုဖို့ မခိုင်လုံဘူး။ အခု က စကားပြောစက် ကိစ္စ ဘဲ ကျန်တယ်။ အဲဒါက အီလက်ထရောနစ် ပုဒ်မ နဲ့ ဆိုင်တယ်လို့ ပြောတယ်။ အခု တော့ ရှမ်းစာပေယဉ်ကျေးမှု ဥက္ကဌ နဲ့ ဦးလေး က လက်မှတ်ထိုး ထောက်ခံချက်ပေးပြီး အာမခံနဲ့လွှတ်လာတာ” – ဟု သူငယ်ချင်းဖြစ်သူ စိုင်းအွမ်ခမ်းက ပြောသည်။


သြဂုတ်လ ၁၅ ရက် ပြင်ဦးလွင် အဂျင်္င်နီယာစစ်တက္ကသိုလ် တိုက်ခိုက်ခံရမှုတွင် ၄င်းတို့ ညီအစ်ကို ပါ၀င် ပတ်သက်သည်ဟုဆိုကာ သြဂုတ် ၁၇ ရက်နေ့က အစ်ကိုဖြစ်သူ စိုင်းခွန်မိန်းအား နေပြည်တော် စစ်ဘက်လုံခြုံရေး စရဖ က လာရောက်ဖမ်းဆီးသွားကြောင်း၊ ညီဖြစ်သူ စိုင်းလျဲန်းစင့် အား ၁၉ ရက်နေ့က ထပ်မံထိန်းသိမ်းလိုက်ကြောင်း၊ ထိုနေ့မှ စ၍ ၄င်းတို့ ညီအစ်ကို အား မြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားခဲ့ပြီး ယနေ့ မှသာ အာမခံချက်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

စိုင်းခွန်မိန်း နှင့် စိုင်းလျဲန်းစင့် ညီအစ်ကိုသည် ကော်တိုင်း ပညာရေးတွင် ပရဟိတ ကျောင်းဆရာ လုပ်လာ သည်မှာ ၁၀ နှစ်ကျော် ရှိပြီ ဖြစ်သည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE