မြန်မာ့တပ်မတော် အပစ်ရပ်တိုးသော်လည်း သျှမ်းမြောက် တိုက်ပွဲ ဖြစ်နေဆဲ

မြန်မာ့ တပ်မတော် အနေဖြင့် အပစ်ရပ်ကာလ ၂၁ ရက် ထပ်တိုးထားသော်လည်း သျှမ်းမြောက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသေးကြောင်း သတင်းရရှိသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ လက်ရှိ ဆွေးနွေးဆဲ အခြေအနေ ဆက်လက် ဆောင်ရွက်နိုင်ရန် တိုင်းစစ်ဌာနချုပ် နယ်မြေများ စစ်ရေး လှုပ်ရှားမှုကို စက်တင်ဘာ ၂၁ ရက်ထိ တိုးမြှင့် ရပ်ဆိုင်းလိုက်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ သြဂုတ် ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

မြန်မာ့ တပ်မတော်ဘက် မှ တဖက်သတ် စစ်ရေး လှုပ်ရှားမှု ရပ်ဆိုင်းသော်လည်း မြေပြင် အခြေအနေ အရ တိုက်ပွဲများ ဆက်လက်ပြင်းထန်ကာ ဒေသခံများ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားနေကြောင်း သျှမ်းမြောက် ဒေသခံများ ပြောပြချက် အရ သိရသည်။

“ တိုက်ပွဲကတော့ ရှိနေတုန်းပါပဲ။ မနေ့ကဆိုရင် နမ့်ဖတ်ကာနဲ့ မူဆယ်အထွက် ပန်ဂျလော့ကျေးရွာ မှာ ကားဘီးကို သေနတ်နဲ့ ဖောက်ထားတယ်။ လမ်းပိတ်ထားတယ်။ ကားတွေကတော့ တိုက်ပွဲ အခြေအနေကို ကြည့်ပြီး သွားနေရတယ်” ဟု ယမန်နေ့ က တိုက်ပွဲကြားပိတ်မိနေသည့် နမ့်ဖတ်ကာ ရောက် ကားသမား တဦး ကပြောသည်။

မြန်မာ့ တပ်မတော် အနေဖြင့် တဖက်သတ်အပစ်ရပ်ကာလ ကို ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်နေ့မှ စတင်ကာ ယနေ့ အချိန်ကာလထိ ၈ လကြာ ရပ်ဆိုင်းခဲ့သော်လည်း သျှမ်းမြောက် ဒေသမှာ တိုက်ပွဲဖြစ်ပွားကာ ဒေသခံများ စိုးရိမ် ထိတ်လန့်မှု ဖြစ်နေသည်ဟု သျှမ်းမြောက် ဒေသခံများက ပြောဆိုသည်။

“ အရင် မြန်မာ့ တပ်မတော် အပစ်ရပ်ကာလ ၄ လ တုန်းကလည်း နေ့တိုင်း နီးပါးတိုက်ပွဲရှိနေတော့ ပြည်သူလူထုအနေနဲ့စိုးရိမ်နေမှုတွေအများကြီးရှိပါတယ်” သျှမ်းပြည်နယ် မြောက်ပိုင်း လူသားချင်းစာနာ ထောက်ထားမှု ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ မှ ပြောရေး ဆိုခွင့် ရှိသူ ဦးဟောင်းဒေါင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

ယခင် အပစ်ရပ်ကာလ အတွင်း မကြာခဏ တိုက်ပွဲ ဖြစ်သောကြောင့် သျှမ်းမြောက် ဒေသခံများအနေ အတွက် လက်ရှိ အပစ်ရပ် ကာလ တိုးမြင့်ခြင်းသည် ထူးခြားခြင်းမရှိကြောင်း လည်း ဦးဟောင်းဒေါင် က ဆိုသည်။

အပစ်ရပ် ကာလ ၂၁ ရက် တိုးမြင့်လိုက်သည် ကြေညာထားပြီး မြေပြင်တွင် စစ်ရေး တင်းမာမှု၊ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်း လူငယ်ကွန်ရက် (TYN) မှ စိုင်းနော်ဆိုင် က သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ သူက ဆွေးနွေးတယ်။ အောက်ခြေက ဖြစ်နေတယ်။ ဘယ်လို ပုံစံမျိုးဖြစ်နေတယ်ဆိုတာ ကျနော်တို့ နားမလည်ဘူး။ ဒီနေ့တော့ ကွတ်ခိုင်ဘက် သေနတ်သံမကြားပေမယ့်နမ့်ပေါင်ဘက်ကတော့ကြားနေရတယ်” ဟု စိုင်းနော်ဆိုင် ကဆိုသည်။

Credit to Mai Mai – တိုက်ပွဲကြောင့် ကွတ်ခိုင် မော်ဟိတ်စုစည်းရွာတွင် လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့သည့် ဒေသခံများအား သဂြိုဟ်ပေးနေစဉ်

သြဂုတ် ၃၁ ရက် ကျိုင်းတုံမြို့ တွင် NRPC နှင့် မြောက်ပိုင်း မဟာမိတ် (၄) ဖွဲ့ တို့တွေ့ဆုံစဉ်တွင် သျှမ်းမြောက်ကွတ်ခိုင်တွင် တိုက်ပွဲဖြစ်ပွားကာ အရပ်သားအမျိုးသမီး နှင့် လသား ကလေးငယ် အပါအဝင် ၅ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့သည်။

လက်ရှိ မြန်မာ တပ်မတော် ဘက်မှ စစ်ရေးဆိုင်ရာ လှုပ်ရှားမှု ရပ်ဆိုင်း ပေးသည့် တိုင်း ၅ တိုင်းမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက် တိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့ပိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ တို့ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...