လားရှိုးမြို့တောင်ဘက်ကျေးလက်အတွင်း တိုက်ပွဲဖြစ်ပွါးမှု စစ်ရှောင် ၇၀၀ကျော် ရှိ

0

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်အုပ်စုတွင် ဖြစ်ပွါးသောတိုက်ပွဲကြောင့် ဒေသခံရွာသား ရ၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

Photo Credit to Sai Tiger Tai -လားရှိုးမြို့နယ် နမ့်ပေါင်အုပ်စုတွင် ဖြစ်ပွါးသောတိုက်ပွဲကြောင့် ဒေသခံရွာသား ရ၀၀ ကျော် မှာ ဝေဠုဝန်ဘုန်းကြီးကျောင်းနှင့် နမ့်ပေါင်အလယ်ဘုန်းကြီးကျောင်းတို့တွင်ရောက်ရှိခိုလှုံနေ

သြဂုတ်လ ၂၈ ရက် ယနေ့ မနက် ၆နာရီ ဝန်းကျင်က ညီနောင် မဟာမိတ် ၃ ဖွဲ့က လားရှိုးမြို့ အခြေစိုက် ရမခ တိုင်း စစ်ဌာနချုပ်လက်အောက်ရှိ နမ့်ပေါင် အုပ်စုအခြေစိုက်တပ်ရင်း တခု အား ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ထို တိုက်ခိုက်မှုကြောင့် ဒေသခံရွာသားများ နမ့်ပေါင် အုပ်စု အတွင်းရှိ ဝေဠုဝန်ကျောင်းတွင် ၅၀၀ ဝန်းကျင်နှင့် နမ့်ပေါင် အလယ်ဘုန်းကြီးကျောင်းတွင် ၂၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြကြောင်း သျှမ်းလူငယ်များအဖွဲ့ မှ စိုင်းဟန် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဒီစစ်ရှောင်တွေက နမ့်ပေါင် ရပ်ကွက် တွေက လူတွေပါ။ ဘုန်းကြီးကျောင်းက မနက်ဖန် ဥပုလ်နေ့ဆိုတော့ ဥပုလ်သည်တွေကို ကျွေးဖို့ လုပ်ထားတာတွေကို စစ်ရှောင်တွေကျွေးလိုက်ရတယ်” ဟု စိုင်းဟန် က ပြောသည်။

Photo Credit to Sai Tiger Tai -လားရှိုးမြို့နယ် နမ့်ပေါင်အုပ်စုတွင် ဖြစ်ပွါးသောတိုက်ပွဲကြောင့် ဒေသခံရွာသား ရ၀၀ ကျော် မှာ ဝေဠုဝန်ဘုန်းကြီးကျောင်းနှင့် နမ့်ပေါင်အလယ်ဘုန်းကြီးကျောင်းတို့တွင်ရောက်ရှိခိုလှုံနေ

ယနေ့ မနက် ၆နာရီ ဝန်းကျင် မှ စတင်ကာ ညီနောင် မဟာမိတ် (၃)ဖွဲ့သည် နမ့်ပေါ် အုပ်စု အထက ကျောင်းမှ နမ့်ပေါင် တပ်ရင်း ကို လှမ်းပစ်ခဲ့ရာမှ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများ ကျေးရွာ အတွင်း သို့ ကျရောက်ခဲ့သည် ဟု စိုင်းဟန် က ပြောသည်။

“ လက်နက်ကြီးတွေကတော့ ရပ်ကွက် ၂ ရဲ့ လယ်ကွင်းထဲမှာ ကျတယ်။ ၂လုံးကတော့ ပေါက်ကွဲတယ်။ ကျန် အလုံးတွေ မပေါက်ကွဲသေးတော့ ဒေသခံတွေက မပြန်ရဲသေးဘူး” ဟု စိုင်းဟန် က ထပ်လောင်းပြောသည်။

Photo Credit to Sai Tiger Tai -လားရှိုးမြို့နယ် နမ့်ပေါင်အုပ်စုတွင် ဖြစ်ပွါးသောတိုက်ပွဲကြောင့် ဒေသခံရွာသား ရ၀၀ ကျော် မှာ ဝေဠုဝန်ဘုန်းကြီးကျောင်းနှင့် နမ့်ပေါင်အလယ်ဘုန်းကြီးကျောင်းတို့တွင်ရောက်ရှိခိုလှုံနေ

လက်ရှိတိုက်ပွဲများငြိမ်နေလျှက်ရှိပြီး လားရှိုး တန့့်ယန်း ကားလမ်းလည်း ပြန်လည် သွားလာ နေပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

SHARE