Tuesday, January 27, 2026

သျှမ်းပြည်နယ်အစိုးရ လျှပ်စစ်ဝန်ကြီး၏ ကားဘီးအတွင်း စိတ်ကြွဆေးပြားများတွေ့ရှိ

သျှမ်းပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ဝန်ကြီး အသုံးပြုရန် ထုတ်ပေးသည့် မော်တော်ကားဘီးအတွင်း စိတ်ကြွဆေးပြားများ တွေ့ရှိကြောင်း သတင်းရရှိသည်။

Photo Credit to DVB – သျှမ်းပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ဝန်ကြီး အသုံးပြုရန် ထုတ်ပေးသည့် မော်တော်ကားဘီးအတွင်း စိတ်ကြွဆေးပြားများ တွေ့ရှိ 25/8/2019

အဆိုပါ စိတ်ကြွးဆေးပြားသည် သျှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် ပြည်နယ် လျှပ်စစ်၊စွမ်းအင် နှင့် စက်မှု ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ ၏ နေအိမ်မှ ယာဉ်မောင်းသည် သြဂုတ် ၂၅ ရက် နေ့လည် ပိုင်းက မော်တော်ယာဉ် အပိုဘီး(တာယာ) အားလေဖြည့်ရန် ဖြုတ်ယူစဉ် တာယာအတွင်း ရေစို၊ပျက်စီးနေသည့် စိတ်ကြွဆေးပြားများကို တွေ့ရှိခဲ့ကြောင်း တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူး မောင်မောင်နိုင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ လွန်ခဲ့တဲ့ ၃ နှစ်က ပါလာတဲ့ ပစ္စည်းပါ။ စိတ်ကြွဆေးတွေ လည်း ရေစို ကျိုးကြေ ပြီး အမှုန့်တွေဖြစ်နေပြီ၊ ကားဘီးက လေခဏခဏ လျော့နေလို့ ဖြုတ်ပြီး ထိုးတာ။ အဲ့ဒါတွေ တွေ့လို့ဆိုပြီး အကြောင်းကြားလာတယ်” ဟု ရဲမှူး မောင်မောင်နိုင်က ဆိုသည်။

Photo Credit to DVB – သျှမ်းပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ဝန်ကြီး အသုံးပြုရန် ထုတ်ပေးသည့် မော်တော်ကားဘီးအတွင်း စိတ်ကြွဆေးပြားများ တွေ့ရှိ 25/8/2019

အဆိုပါ ရေစို ပျက်စီးနေသည့် စိတ်ကြွဆေးပြားများ တွေ့ရှိသည့် မော်တော်ယာဉ်မှာ ၂၀၁၆ ခုနှစ်က ဘဏ္ဍာရေးဝန်ကြီးဌာန မှ သျှမ်းပြည်နယ် အစိုးရ ကို ထုတ်ပေးထားသည့် မော်တော်ယာဉ်ဖြစ်ကြောင်း ရဲမှူးမောင်မောင်နိုင် က ထပ်လောင်းရှင်းပြသည်။

“ ဘဏ္ဍာသိမ်းကားပါ။ ဘဏ္ဍာရေး ဝန်ကြီးဌာနကနေပြီးမှ သျှမ်းပြည်နယ် အစိုးရကို ပေးတာ။ သျှမ်းအစိုးရ ကနေပြီးတော့ လျှပ်စစ်ဝန်ကြီးကို ပေးထားတဲ့ကားပါ။ အဲ့ကားရဲ့ အပိုဘီးမှာတွေ့တာပါ။ လွန်ခဲ့တဲ့ ၃နှစ်က ဘယ်တရားရုံးလဲ ဘာအမှုလဲ ဘယ်သူ့ကားလဲ ဆိုတာ စုံစမ်းနေတုန်းပါ” ဟု ရဲမှူး မောင်မောင်နိုင်က ပြောသည်။

ရေစိုပျက်စီးနေသည့် စိတ်ကြွဆေးပြား ၆ ဒသမ ၃ ကီလိုဂရမ်အလေးချိန်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းအရှေ့ UWSA (၁၇၁)တောင်ပိုင်းတပ် ဖမ်းမိသည့် စိတ်ကြွဆေးပြား ၁၄ သန်းကို စစ်ကော်မရှင်ထံလွှဲပေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA (၁၇၁) စစ်ဒေသအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား ၁၄ သန်းခန့်ကို စစ်ကော်မရှင်တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။ စက်တင်ဘာလ (၂၉) ရက်တွင် မိုင်းတုံမြို့နယ် ဟွေအော်ကျေးရွာ၌ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA (၁၇၁) စစ်ဒေသအတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး...

ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို “ဝ” တပ်ဖွဲ့ဖမ်းမိ

0
ထိုင်း-မြန်မာနယ်စပ် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့သို့ သွားရာလမ်းပေါ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို အမျိုးသားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း “ဝ” အဖွဲ့က ယနေ့ (စက်တင်ဘာ ၂၁)ရက်တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာလ ၂၀) ရက် ညနေ ၆ နာရီခွဲတွင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ ကျေးရွာတွင် မသင်္ကာဖွယ်လူများ...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် စိတ်ကြွဆေးပြား အများအပြားဖမ်းမိ

0
ထိုင်း-မြန်မာ-လာအို (၃) နိုင်ငံ ဆုံရာ ရွှေတြိဂံဒေသမှလာသည့် သန်းနှင့်ချီရှိသော စိတ်ကြွဆေးပြားများသည် ထိုင်းနိုင်ငံအတွင်းသို့ ဆက်တိုက်ဝင်ရောက်လာပြီး ထိုင်းရဲတပ်ဖွဲ့ကလည်း လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ရာတွင် ပြီးခဲ့သည့်ရက်ပိုင်းက မူးယစ်မှောင်ခိုသမားများနှင့် ထိုင်းအာဏာပိုင်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်က ချင်းရိုင်ခရိုင် မယ်ဖလုံမြို့နယ်အတွင်းရှိ...

ဖန်မြို့နယ် စွန့်ပစ်ထားသည့် ကားတစ်စီးထဲ စိတ်ကြွဆေးပြား ခုနှစ်သိန်းတွေ့ရှိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဖန်မြို့နယ်အတွင်းရှိ ရွာသားတစ်ဦး၏ ခြံအနီးတွင် စွန့်ပစ်ထားသော ကားတစ်စီးထဲ စိတ်ကြွဆေးပြား ခုနှစ်သိန်း တွေ့ရှိခဲ့ကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်း မူးယစ်ဆေးဝါး သတင်းဌာနက ယမန်နေ့တွင် ရေးသားဖော်ပြသည်။ အဆိုပါစိတ်ကြွဆေးပြားများကို ယမန်နေ့ (စက်တင်ဘာလ ၉ ရက်) နံနက် ၇ နာရီအချိန်တွင် တွေ့ရှိခဲ့ပြီး စွန့်ပစ်ထားသော...