လားရှိုးရိုးမဘဏ် ဗုံးပေါက်ကွဲမှု ဘဏ်ဝန်ထမ်း ၂ ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့လယ် ရပ်ကွက် ၂ ရှိ ရိုးမဘဏ်တွင် ဗုံးပေါက်ကွဲရာ ဘဏ်ဝန်ထမ်း ၂ ဦးသေဆုံး ကြောင်း သိရသည်။

ဖေဖော်ဝါရီ်လ ၂၁ ရက် ညနေ ၄ နာရီခွဲတွင် အမှတ် ၁ ရဲစခန်းနှင့်မျက်နှာချင်းဆိုင်ရှိ ရိုးဘဏ်နှင့် ဧရာဝတီဘဏ်ကြား ဗုံးတလုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ပေ ၁၀၀ ၀န်းကျင်ခန့်အထိ ထိခိုက်ပျက်စီးကြောင်း လားရှိုးမြို့ခံ တဦးကပြောသည်။

“ပေါက်ကွဲတဲ့နေရာက အစိုးရရုံးတွေ ဆေးရုံတွေရှိတဲ့နေရာလေ။အရင်က စာရေးကုန်းလို့တောင်ခေါ်တယ်။ စျေးနဲ့လည်းနီးတယ်။ တကယ့်ကိုမြို့တွင်းနေရာဘဲ။ တချို့က ထရန်စ်ဖော်မာပေါက်ကွဲတာလားတဲ့။ ရိုးမဘဏ်အပြင် အနောက်က ဧရာဝတီဘဏ်ရော လမ်းမတော်လမ်းကြီးခြားထားတဲ့ အရှေ့က ကျန်းမာရေးဌာနရုံးရော အကုန်ထိခိုက်တယ်လေ။ မှန်တွေဘာတွေကွဲ။ လူတွေလည်းထိခိုက်ဒဏ်ရာရအများအပြားဘဲ။ ၂ ယောက်သေတယ်လို့ကြားတယ်။ ဘဏ်စာရေး ပါ။ လားရှိုးကလူဘဲ ။ ”- ဟု လားရှိုးမြို့ခံ စိုင်းလွယ်က ပြောသည်။

ထိခိုက်ဒဏ်ရာရသူများအား ဆေးရုံကြီးသို့ အတွင်းလူနာ ၁၆ ဦး ပြင်ပလူနာ ၈ ဦးပို့ဆောင်ရပြီး အတွင်းလူနာအနက်မှ ဘဏ်စာရေး မမော်မော်နှင့် မစန္ဒာထွန်းတို့ သေဆုံးသွားခဲ့ကြောင်းလည်း သိရသည်။

ထိုအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လားရှိုး ရိုးမဘဏ်ကို ဖေဖော်ဝါရီလ ၂၂ ရက်မှစပြီး ယာယီပိတ်ထားမည်ဖြစ်ကြောင်း ရိုးမဘဏ်လီမိတက်က ၄င်း၏ဖေ့စ်ဘုစာမျက်နှာတွင်ရေး သားဖော်ပြ ထားသည်။

ယခုကဲ့သို့ပြင်းထန်သောပေါက်ကွဲမှုမျိုး လားရှိုးတွင် ယခင်က မရှိဖူးသဖြင့် လားရှိုးအတွက်အကြီးမား ဆုံးပေါက်ကွဲမှုတခုဟုလည်းဆိုနိုင်ကြောင်းလားရှိုးမြို့ခံများကပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...