လားရှိုးလူငယ် အဖွဲ့ဥက္ကဌ ဒဏ်ရာရသူ သွားကူရာမှ လက်နက်ကြီးထိမှန်သေဆုံး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အထွက် တိမ်ဖြူဆီပန့်တွင် ယနေ့ နံနက်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားရာ ဒဏ်ရာရရှိသူများအား ကူညီကယ်ထုတ်ရန်သွားသည့် လားရှိုးလူငယ် လူမှုကူညီရေးအဖွဲ့ကား လက်နက်ကိုင်အဖွဲ့ ပစ်ခတ်သောကြောင့် ဥက္ကဌ ဖြစ်သူ ပွဲချင်းပြီးသေဆုံး ပြီး ၄င်းကား နှင့်အတူ ပါလာသည့် လူငယ် သုံးဦးလည်း ဒဏ်ရာရရှိသွားသည်။

Photo Credit to Hsipaw Update News ( မိုင်းရူကော၊ မိုင်းအနိုင်၊ ရွှေဖီမြေ #ShwePhyeeMyaeNewsJournal) – ပစ်ခတ်ခံရသဖြင့် တိမ်းမှောက်သွားသည့် လားရှိုးလူငယ် လူမှုကူညီရေးအဖွဲ့ကား

၂၀၁၉ ခု သြဂုတ်လ ၁၇ နံနက် ၈ နာရီ အချိန် လားရှိုး – မူဆယ်လမ်း ၊ လားရှိုးမြို့အထွက် ၁၂ ခန့် အကွာ နမ့်တွန်းကျေးရွာအုပ်စု အတွင်းရှိ တိမ်ဖြူစက်သုံးဆီရောင်းဝယ်ရေး ဆီပန့်တွင် ပစ်ခတ်မှု ဖြစ်ပွားကြောင်း၊ ပစ်ခတ်မှုကြောင့်ဆီပန့်မီးလောင်သဖြင့် ဒဏ်ရာရှိသူများအား ကူညီသယ်ထုတ်ရန် လားရှိုးလူငယ် ကူညီကယ်ဆယ်ရေးအဖွဲ့ ယာဉ်တန်း ၈ စီးက အခင်းဖြစ်ပွားရာနေရာတို့ ဦးတည်သွားစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်။

အဲဒီမှာ ဒဏ်ရာရရှိတဲ့သူ ရှိတယ် ဆိုလို့ ကျနော်တို့သွားတာ။ ရောက်ရောက်ချင်းတော့မဝင်နိုင်ဘူး။ သေနတ်သံငြိမ်သွားတော့ ကျနော်တို့ ပြန်ဝင် ဖို့ ကြိုးစားတာ ဥက္ကဌ ဦးထွန်းမြင့် ရဲ့ကား ပစ်ခတ်ခံရတာ ကျနော်တို့ကားက နောက်မှာ ။ အခြေအနေမကောင်းလို့ သေနတ်သံငြိမ်မှ အလောင်းပြန်သွားသယ်ထုတ်နိုင်ခဲ့တာ ။ ဆီပန့်မရောက်ခင်နားလေးမှာပစ်ခံရတာလေ – ဟု သျှမ်းလူငယ်အဖွဲ့ခေါင်းဆောင် စိုင်းဟန် က သျှမ်းသံတော်ဆင့်အားပြောသည်။လက်ရှိ မှာ လားရှိုးလူငယ်များ အသင်း ဥက္ကဌ ရုပ်အလောင်းနှင့် ကျည်ထိမှန်သူ ၃ ဦးကို လားရှိုးဆေးရုံသို့ ပို့ဆောင် ထားကြောင်း လားရှိုးလူငယ်အဖွဲ့ဝင် ကိုအောင်ကျော်ဦး က လည်း ပြောသည်။

Photo Credit to Hsipaw Update News ( မိုင်းရူကော၊ မိုင်းအနိုင်၊ ရွှေဖီမြေ #ShwePhyeeMyaeNewsJournal) -လားရှိုးလူငယ် လူမှုကူညီရေးအဖွဲ့ကားအား လက်နက်ကိုင်များပစ်ခတ်သဖြင့် ကျည်ထိမှန်သေဆုံးသွားသည့် အဖွဲ့ဥက္ကဌ ဦးထွန်းမြင့် ၏အလောင်းအား ကူညီသယ်ထုတ်နေကြစဉ်

“ ကျနော်တို့ ဥက္ကဌကတော့ ပွဲချင်းပြီး ဆုံးသွားတာ။ ကျန်တဲ့ ၃ ဦးကတော့ ဦးခေါင်း၊ လက်နဲ့ နားရွက်တွေ ဒဏ်ရာရတယ်။ ၂ ဦးကတော့ စိုးရိမ်ရတယ်။ ကျည်စတွေကများတယ်” ဟု ကိုအောင်ကျော်ဦးက ဆိုသည်။

အဆိုပါကူညီရေးယာဉ်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီ း လက်နက်ကြီးဖြင့်လည်း ထပ်မံပစ်ခတ်ခဲ့သဖြင့် လူနာယာဉ်တိမ်းမှောက်သွားသည်ဟုလည်း သိရသည်။

သေဆုံးသူ လားရှိုးမြို့ ၁၂ ရပ်ကွက်နေ ဦးထွန်းမြင့် အသက် ၅၀ ခန့်သည် လူငယ်အရေး၊ ပရဟိတ အရေး တက်ကြွ လှုပ်ရှားသူ တဦးဖြစ်သဖြင့် လားရှိုးမြို့နယ်အတွင်း လူမှုကူညီရေး သာရေးနာရေးတွင်အထူးယုံကြည်ခြင်းခံရကြောင်း ၄င်းသည်ရပ်ကွက် ရ တွင်နေထိုင်ကြောင်း သိရသည်။

“ကျနော့်အမြင်က မတ်ချီနူဘက်မှာ တိုက်ပွဲဖြစ်တယ်။ သိန္နီ – ကွန်လုံကြားမှာ လဲ မြောက်ပိုင်းအဖွဲ့ နဲ့ အစိုးရတပ်ကြားတိုက်ပွဲဖြစ်တယ်။ တပ်မတော်က အရပ်ဝတ်နဲ့ ရှေ့တန်းအင်အားဖြည့်တတ်တော့ ထင်ယောင် ထင်မှားနဲ့ပစ်ခတ်ခံရတာဘဲဖြစ်မယ် ” – ဟု အသက် ရ၀ အရွယ်ရှိ လားရှိုးမြို့ရပ်မိရပ်ဖ တော်လှန်ရေးသမားဟောင်း တဦးက သုံးသပ်သည်။

သြဂုတ် ၁၇ ရက် နံနက်ပိုင်း တွင် သျှမ်းပြည်မြောက်ပိုင်း သိန္နီ – ကွန်လုံကြား တံတားနှစ်စင်းလဲ မိုင်းခွဲ ဖျက်ဆီးခံထားရသကဲ့သို့ လားရှိုးမြို့တွင်းတွင်လည်းကောင်း၊ လားရှိုး – မူဆယ်ကြား ပြည်ထောင်စုလမ်းမ တလျှောက်တွင်လည်းကောင်း အခြေအနေမကောင်းလှသဖြင့် ဒေသခံလူထုမှာ အိမ်ပိတ် စျေးပိတ်ထားကြကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

သြဂုတ် ၁၅ ရက် နံနက်ပိုင်းက ပြင်ဦးလွင်တပ်မတော်နည်းပညာ တက္ကသိုလ်၊ နောင်ချို – ကျောက်မဲကြား ဂုတ်တွင်းတံတား၊ အေးရှားဝေါဂိတ်အပါ အဝင် နေရာ ၅ ခု အား မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များက ၀င်ရောက်တိုက်ခိုက်ရာမှာ သေကြေဒဏ်ရာရရှိသူများပြားသောကြောင့် အစိုးရတပ်မတော် မှ အပြင်းအထန် ထိုးစစ်ဆင်လာနိုင်ဖွယ်ရှိသည်ဟု စစ်ရေးလေလာသူများက သုံးသပ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်း ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျ ၆ ဦး သေဆုံး

0
သျှမ်းပြည် တောင်ပိုင်း ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျပြီး အမျိုးသမီး ၅ ဦး နှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) ညနေ ၄ နာရီ...

လားရှိုးမြို့ “ကျော်သရဖူရွှေဆိုင်” နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာပါသွားဟုဆို

0
သျှမ်းပြည် လားရှိုးမြို့ရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သည့် “ကျော်သရဖူ ရွှေဆိုင်”၏ နေအိမ်တွင် ဓားပြတိုက်ခံရပြီး ရွှေ (၅) ပိဿာနှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ပါသွားခဲ့ကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။ ယမန်နေ့ (၂၀၂၆ ဇန်နဝါရီလ ၁ ရက်) မွန်းတည့်ချိန် ၁၂ နာရီခန့်တွင် စစ်ကော်မရှင်...

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...

ပင်လောင်းမြို့ ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံး၊ နှစ်ဦး အပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ် သပြေကုန်းအုပ်စု ဧဒင်ကျေးရွာတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံးပြီး၊ နှစ်ဦးအပြင်းထန် ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( ဩဂုလတ် ၂၇) ရက် နံနက် ၂ နာရီ လူအိပ်ချိန်တွင် ရုတ်တရက် တောင်ပြိုပြီး တောင်ကျရေနှင့်အတူ ကျောက်တုံး၊...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...