တန့်ယန်းမြို့နယ်အတွင်း SSPP/SSA တပ်များအား မြန်မာအစိုးရတပ်မတော် တိုက်ခိုက်

သျှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ် အတွင်း ရှိ သျှမ်းပြည်တိုးတက်ရေး ပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/SSA စခန်းအား မြန်မာအစိုးရတပ်မတော် မှ ၂ နာရီကျော်ကြာ တိုက်ခိုက်ခဲ့သည်ဟု SSPP/SSA ပြောပြ ချက်အရသိရသည်။

Photo SHAN- SSPP/SSA ကေဒါတပ်သားများ

ထို တိုက်ပွဲသည် ၂၀၁၉ သြဂုတ်လ ၆ ရက် မွန်းလွဲ ၂ နာရီ မှ ညနေ ၄နာရီ ကျော်ထိ မြန်မာအစိုးရတပ်မတော် ခြေလျင်တပ်ရင်းအမှတ် ခလရ ၁၂၇ ၊ ခြေမြန်တပ်ရင်း ခမရ ၅၂၃ တို့ မှ တန့်ယန်းမြို့နယ် နားပိန်းကျေးရွာ ဘက်ရှိ SSPP/SSA မူးယစ်ဖြတ်ရေး တပ်အား တိုက်ခိုက်ခြင်းဖြစ်သည်ဟု SSPP/SSA အတွင်းရေးမှူး ၂ လည်းဖြစ်သည့် ပြောရေးဆိုခွင့်သူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆု က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ကျနော်တို့မူးယစ်ဆေးဝါးစစ်ဆေးမှုတွေ ပြုလုပ်တယ်။ သုံးစွဲသူ ၂၉ ယောက် ဖမ်းဆီးတာကို စစ်သား စုဆောင်းတယ်ဆိုပြီး ကျနော်တို့ကို မြန်မာ တပ်မတော် က ဝင်ပစ်တာပါ။ ထိခိုက်မှုတော့ သေချာ မသိသေးဘူး” ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆု က ဆိုသည်။

လက်ရှိတွင် အစိုးရတပ်မတော်သည် သုံးဘက်သုံးတန်ဖြင့် အင်အားဖြည့်နေကြောင်း၊ တိုက်ပွဲ ဆက်ဖြစ်လာ နိုင်မည့် အလားအလာရှိကြောင်း SSPP/SSA ရှေ့တန်းတပ်မှူးကြီး ကလည်းပြောသည်။

တန့်ယန်း စစ်ဗျူကုန်းနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက -“ SSPP က မူးယစ်ဆေး စစ်ဆေးတယ် အကြောင်းပြပြီး လူအင်အားစုစောင်းတယ်။ တပ်မတော်မူ ၆ ချက်ကို ချိုးဖေါက်နေလို့ သွားရှင်းလင်းတယ်လို့ ကြားတယ် ”- ဟု ပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးတည်ဆောက် ထားသည့် အဖွဲ့သာဖြစ်ပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ် ရေးထိုးထားခြင်းမရှိသေးပါ။

မူးယစ်ဆေး သုံး သည့် ဒေသခံများအား သျှမ်းပြည်တပ်မတော် SSPP/SSA မှ ဆီးစစ်ပြီး မူးယစ်ဆေးသုံးစွဲ ကြောင်း တွေ့ရှိက ဆေးပြတ်သည်အထိ ဆေးဝါးကုသမှု၊ အကျင့်စာရိတ္တပြုပြင်မှုများ ပြုလုပ်ပေးချင်းဖြစ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆု ကပြောသည်။

မြန်မာ အစိုးရ တပ်မတော် အနေဖြင့် ဇူလိုင် ၁ ရက မှ သြဂုတ်လ ၃၁ ရက် အထိ တိုင်း စစ်ဌာနချုပ် ၅ တိုင်း ဖြစ်သည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့ အလယ်ပိုင်း စစ်ဌာနချုပ် နယ်မြေ နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေများ ကို စစ်ရေး လှုပ်ရှားမှု ရပ်ဆိုင်းထားကြောင်း ကြေညာထားသည့်ကြား တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...