Tuesday, January 27, 2026

တန့်ယန်းမြို့နယ်အတွင်း SSPP/SSA တပ်များအား မြန်မာအစိုးရတပ်မတော် တိုက်ခိုက်

သျှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ် အတွင်း ရှိ သျှမ်းပြည်တိုးတက်ရေး ပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/SSA စခန်းအား မြန်မာအစိုးရတပ်မတော် မှ ၂ နာရီကျော်ကြာ တိုက်ခိုက်ခဲ့သည်ဟု SSPP/SSA ပြောပြ ချက်အရသိရသည်။

Photo SHAN- SSPP/SSA ကေဒါတပ်သားများ

ထို တိုက်ပွဲသည် ၂၀၁၉ သြဂုတ်လ ၆ ရက် မွန်းလွဲ ၂ နာရီ မှ ညနေ ၄နာရီ ကျော်ထိ မြန်မာအစိုးရတပ်မတော် ခြေလျင်တပ်ရင်းအမှတ် ခလရ ၁၂၇ ၊ ခြေမြန်တပ်ရင်း ခမရ ၅၂၃ တို့ မှ တန့်ယန်းမြို့နယ် နားပိန်းကျေးရွာ ဘက်ရှိ SSPP/SSA မူးယစ်ဖြတ်ရေး တပ်အား တိုက်ခိုက်ခြင်းဖြစ်သည်ဟု SSPP/SSA အတွင်းရေးမှူး ၂ လည်းဖြစ်သည့် ပြောရေးဆိုခွင့်သူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆု က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ကျနော်တို့မူးယစ်ဆေးဝါးစစ်ဆေးမှုတွေ ပြုလုပ်တယ်။ သုံးစွဲသူ ၂၉ ယောက် ဖမ်းဆီးတာကို စစ်သား စုဆောင်းတယ်ဆိုပြီး ကျနော်တို့ကို မြန်မာ တပ်မတော် က ဝင်ပစ်တာပါ။ ထိခိုက်မှုတော့ သေချာ မသိသေးဘူး” ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆု က ဆိုသည်။

လက်ရှိတွင် အစိုးရတပ်မတော်သည် သုံးဘက်သုံးတန်ဖြင့် အင်အားဖြည့်နေကြောင်း၊ တိုက်ပွဲ ဆက်ဖြစ်လာ နိုင်မည့် အလားအလာရှိကြောင်း SSPP/SSA ရှေ့တန်းတပ်မှူးကြီး ကလည်းပြောသည်။

တန့်ယန်း စစ်ဗျူကုန်းနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက -“ SSPP က မူးယစ်ဆေး စစ်ဆေးတယ် အကြောင်းပြပြီး လူအင်အားစုစောင်းတယ်။ တပ်မတော်မူ ၆ ချက်ကို ချိုးဖေါက်နေလို့ သွားရှင်းလင်းတယ်လို့ ကြားတယ် ”- ဟု ပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးတည်ဆောက် ထားသည့် အဖွဲ့သာဖြစ်ပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ် ရေးထိုးထားခြင်းမရှိသေးပါ။

မူးယစ်ဆေး သုံး သည့် ဒေသခံများအား သျှမ်းပြည်တပ်မတော် SSPP/SSA မှ ဆီးစစ်ပြီး မူးယစ်ဆေးသုံးစွဲ ကြောင်း တွေ့ရှိက ဆေးပြတ်သည်အထိ ဆေးဝါးကုသမှု၊ အကျင့်စာရိတ္တပြုပြင်မှုများ ပြုလုပ်ပေးချင်းဖြစ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆု ကပြောသည်။

မြန်မာ အစိုးရ တပ်မတော် အနေဖြင့် ဇူလိုင် ၁ ရက မှ သြဂုတ်လ ၃၁ ရက် အထိ တိုင်း စစ်ဌာနချုပ် ၅ တိုင်း ဖြစ်သည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့ အလယ်ပိုင်း စစ်ဌာနချုပ် နယ်မြေ နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေများ ကို စစ်ရေး လှုပ်ရှားမှု ရပ်ဆိုင်းထားကြောင်း ကြေညာထားသည့်ကြား တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။