သျှမ်း/မြောက်မူစယ်တွင် တိုက်ပွဲကြောင့် ဒဏ်ရာရ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား လက်ခံ ဆေးကုခြင်းမပြုရန် ကျန်းမာရေးဌာနများအား ခရိုင်မှညွှန်ကြား

သောင်းကျန်းသူများအား လက်ခံဆေးကုသမှုမရှိစေရေး စာတစောင်ကို သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် မူစယ်မြို့နယ်အတွင်း ကျန်းမာရေးဌာနများသို့ မြို့နယ်အုပ်ချုပ်ရေးမှူးမှ စာတစောင် ပေးပို့ကြောင်း သိရသည်။

အဆိုပါစာသည် မူစယ်မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ထံ လိပ်မူထားပြီး မြို့ဆင်ခြေဖုန်း ကျေးလက်ဒေသတချို့ထံသို့လည်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပေးပို့ကြောင်း ကျေးလက်ဒေသခံများ ပြောပြချက်အရ သိရသည်။

“အခုလောလောဆယ်တော့ တော်ယွက်၊ ဖွေးဟုန်း၊ ဟိုနောင် ဒီသုံးရပ်ကွက်မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို မြို့နယ်အုပ်ချုပ်ရေးရုံးက လာတွေ့ပြီး အဲဒီစာကို ပေးတယ်။ တခြားရပ်ကွက်တွေ အုပ်စုတွေကိုမေးကြည့်တော့ တချို့ဆီကိုလည်းရောက်တယ်။ တချို့ဆီကိုလည်း မရောက်ဘူးလို့ ကြားရပါတယ်” – ဟု မူစယ်ဒေသခံ စိုင်းစိုင်း ကပြောသည်။

အချက် ၂ ချက်ပါရှိသည့် အဆိုပါစာတွင် “ခရအ (မူစယ်)၏ ၂၀၁၈ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နေ့စွဲပါ ကြေးနန်းအရ ” ဟုပါရှိပြီး “သျှမ်းပြည်မြောက်ပိုင်းအတွင်း သောင်းကျန်းသူအဖွဲ့အစည်းများနှင့် မကြာခဏ ထိတွေ့မှုများဖြစ်ပွါးလျက်ရှိရာ သောင်းကျန်းသူများ၏တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိပါက တရုတ်နိုင်ငံသို့ သွားရောက်ဆေးကုသခြင်း ဆောင်ရွက်လျက်ရှိသဖြင့် ယခုအခါသောင်းကျန်းသူအဖွဲ့အစည်းများအား လက်ခံ ဆေးကုသမှုမရှိစေရေး နိုင်ငံတော်အဆင့် မြန်မာ-တရုတ် သဘောတူဆွေနွေးပြီဖြစ်သဖြင့် ၊ မိမိကွပ်ကဲမှု အောက် ဒေသအတွင်း လက်နက်ကြီးငယ်ဒဏ်ရာများဖြင့် ဆေးရုံ ၊ဆေးခန်းသို့ လာရောက်ကုသမှုများရှိပါက သက်ဆိုင်ရာဌာနများ တပ်ရင်းတပ်ဖွဲ့များသို့ အချိန်မှီသတင်းပေးပို့ဆောင်ရွက်ရန် ” – ဟု ပါရှိပါသည်။

၄င်းနှင့်ပတ်သက်ပြီး မူစယ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ဖုန်းဆက်မေးမြန်းရာ အထက်မှပေးပို့သော ရည်ညွှန်းစာကြောင့် ထိုသို့စာထုတ်ရခြင်းဖြစ်ကြောင်းသာ ဖြေကြားခဲ့သည်။

သို့သော်စာထုတ်ပြန်ပြီး ၂ ရက်အကြာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျေးလက်အုပ်ချုပ်ရေး မှူးများအား မြို့နယ်အုပ်ချုပ်ရေးရုံးသို့ အစည်းအဝေး ပြန်ခေါ်ထားကြောင်းသိရသည်။

သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ အဆိုပါစာများအား ပြန်လည်ရုပ်သိမ်းလိုက်ပြီဟုလည်း ပြောဆိုနေကြပါသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်တပ်မတော်၊ အစိုးရတပ်မတော် ၊ သျှမ်းတပ်ဖွဲ့ ၂ ဖွဲ့ အစရှိလက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေပါသည်။ ထို့ကြောင့်တိုက်ပွဲများလည်း မကြာခဏ ဖြစ်ပွါးလျှက်ရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဆီယံနှင့် UN ကြား တရားဝင်မှုရရှိရေး အာဏာသိမ်း သမ္မတ၏ ကစားကွက်

0
ယခု ဇူလိုင်လအတွင်း မြန်မာစစ်အစိုးရနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသော သံတမန်ရေးရာ လှုပ်ရှားမှုများသည် ယခင်က ၎င်းတို့ကိုယ်တိုင် ကျင့်သုံးနေခဲ့သော ကာကွယ်ရေးကို ဦးတည်သည်ဆိုသည့် အထီးကျန်မူဝါဒများမှ လက်ရှိတွင် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှု ရရှိနိုင်ရေးအတွက် စွန့်စားရသော်လည်း ပို၍ ရန်လိုသော ထိုးစစ်ဆင်မှုပုံစံအဖြစ်သို့ သိသိသာသာ ကူးပြောင်းလာနေသည်ကို မြင်နေရသည်။ ဗိုလ်ချုပ်မှူးကြီးအဖြစ်မှ...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

အာဏာသိမ်းသမ္မတ လာအိုခရီးစဉ်အပြီး မြန်မာ-လာအိုနယ်စပ်ဂိတ် ပြန်ဖွင့်

0
စစ်အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် ၃ ရက်ကြာသွားပြီးနောက် မြန်မာ-လာအိုနယ်စပ် ရေကြောင်းဖြတ်သန်းမှုကို (ဇူလိုင် ၁၆ ရက်)တွင် တရားဝင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ စစ်အာဏာသိမ်း သမ္မတ...

တာချီလိတ်နယ်စပ် ပတ်စပိုစ့် ရှိသော်လည်း ဘတ်ထောင်ချီပေးမှ ဖြတ်သန်းခွင့်ရနေ

0
စစ်မှုထမ်းဥပဒေကြောင့် တာချီလိတ်မှတစ်ဆင့် ပြည်ပထွက်ခွာသူ များပြားလာပြီး တရားဝင် ပတ်စပိုစ့်ရှိသူများပင် စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထိုင်းငွေ ဘတ်ထောင်ချီ တောင်းခံမှုများရှိနေကြောင်း သတင်းရရှိသည်။ လက်ရှိ မြေပြင်ပေါက်ဈေးအရ အလည်အပတ် ပတ်စပိုစ့် (PV) ကိုင်ဆောင်သူများသည် တရားဝင်ဟု ဆိုသော်လည်း နယ်စပ်ဖြတ်ကျော်ရန် တံတားဖြတ်ခအဖြစ် ထိုင်းဘတ်ငွေ ၃,၀၀၀ ခန့်...

သတင်းထောက်ဖိနှိပ်မှုအဆိုးဆုံး တရုတ်နိုင်ငံမှ ထိုင်းရောက် ဂျာနယ်လစ်တစ်ဦးကို ပြန်လွှဲပေးရန် ဖိအားပေး

0
တရုတ်အစိုးရနှင့် ပတ်သက်သည့်သတင်းများကို စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့် တရုတ်သတင်းထောက်တစ်ဦးအား ပြည်နှင်ဒဏ်ပေးပြီး ချက်ချင်းလွှဲပြောင်းပေးရန် တရုတ်အစိုးရက ထိုင်းနိုင်ငံကို ဖိအားပေးတောင်းဆိုလာကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။ တရုတ်ကွန်မြူနစ်ပါတီ အရာရှိကြီးများနှင့် ဒေသန္တရအစိုးရ တာဝန်ရှိသူများ ပါဝင်ပတ်သက်နေသည့် အကြီးစားခြစားမှုနှင့် ငွေကြေးလိမ်လည်မှု ကွန်ရက်ကို ဖော်ထုတ်ခဲ့သူ ဂျာနယ်လစ် ပိုင်ကျောက်တုန်း (Bai Zhaodong) အား...