Tuesday, January 27, 2026

တရုတ်ဘက်ခြမ်းတွင် အလုပ်လုပ်သည့် မြန်မာလုပ်သား ၇ ဦး မှိုဆိပ်သင့် တဦးသေဆုံး

မြန်မာ တရုတ်နယ်စပ် ယူနန်ပြည်နယ် လုံချွမ်တွင် မြန်မာ အလုပ်သမား (၇) ဦး မှိုအဆိပ်သင့် ကာ တဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Photo Credit to Hann Lynn Maung – မှိုဆိပ်သင့်လူနာများအား တရုတ်ဘက်ခြမ်းမှ နန်းတော်ဂိတ်အထိလာရောက်ပို့ဆောင်စဉ်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လုံချွမ်မြို့ တွင် ခြံအလုပ်လုပ်သည့် မြန်မာ အလုပ်သမား (၇) ဦး သည် ၄င်းတို့အလုပ်လုပ်သည့်ခြံဝင်းအတွင်း ထွက်သည့် အမည်မသိ မှိုကို စားမိကာ မှိုအဆိပ်သင့် ပြီး ယမန်နေ့ ဇွန် ၂၆ ညနေပိုင်းက တရုတ်ပြည်မှ မြန်မာပြည်နယ်စပ် မူဆယ် နန်းတော်ဂိတ်( အလယ်ပေါက်) သို့ ပြန်လည် ပို့ ဆောင် ခြင်းခံရကြောင်း သိရသည်။

မှိုဆိပ်သင့်သူများသည် မကွေးတိုင်း ဒေသကြီးတွင် နေထိုင်ကြသူများဖြစ်ပြီး၊ အမျိုးသား ၄ ဦး အမျိုးသမီး ၃ ဦး တို့ဖြစ်ကြသည်။

ထိုသူများသည် အသက် (၃၆) နှစ်အရွယ် ဦးထွန်းထွန်းဦး၊ အသက် (၄၃)နှစ် အရွယ် ဦးထွန်းလင်း၊ အသက် ၁၈နှစ် အရွယ် မောင် တင်ဆန်းလင်း၊ အသက် ၂၆နှစ် အရွယ် မောင်စူပါ၊ အသက် ၂၈ နှစ်အရွယ် မသိန်းသိန်းဝင်း၊ အသက် ၂၃နှစ် အရွယ် မစုမြတ်ခိုင် နှင့် အသက် ၁၈နှစ် အရွယ် မကေဇင် တို့ ဖြစ်ကြသည်။

ထိုထဲတွင် အသက် ၃၆ နှစ် အရွယ် ဦးထွန်းထွန်းဦး သည် မူဆယ် ဂရုဏာလူမှုရေး အဖွဲ့မှ မူဆယ် မှ မန္တလေးသို့ ပို့ဆောင်နေစဉ် နမ့်ဖတ်ကာ အနီးရှိ ပန်ဂျလော့ ကျေးရွာတွင် သေဆုံးခဲ့သည် ဟု သိရသည်။

“ မနေ့က ညနေပိုင်း မှာ မှိုဆိပ်သင့် တဲ့ သူ ရဦး ကို မူဆယ်မြို့ အလယ်ပေါက်(နန်းတော်ပေါက်)မှာ ကျနော်တို့သွားစောင့်ခေါ်ပြီး၊ မန္တလေးကို ပို့ပါတယ်။ ည ၆ နာရီ မှာတော့ နမ့်ဖတ်ကာ အနီး ပန်ဂျလော့ မှာ အမျိုးသား တဦး ဆုံးသွားပါတယ်။ ကျန်သူကိုတော့ မန္တလေး ဆေးရုံ ကို ပို့ဆောင်ပေးခဲ့ပြီ ”ဟု မူဆယ်မြို့ ဂရုဏာ လူမှု ကူညီရေး အသင်းမှ ဦးသောင်းထွန်း က ပြောပြသည်။

Photo Credit to Hann Lynn Maung – မှိုဆိပ်သင့်လူနာများအား တရုတ်ဘက်ခြမ်းမှ နန်းတော်ဂိတ်အထိလာရောက်ပို့ဆောင်စဉ်မူဆယ်မြို့ ဂရုဏာ လူမှု ကူညီရေး အသင်းမှသွားကြိုပြီး မန္တလေးသို့ ဆက်လက်ပို့ဆောင်ပေး

ထို မှိုအဆိပ်သင့် သူများသည် ယခု ဇွန် ၂၀ ရက ်ညနေ တွင် စတင် အဆိပ်သင့်ခဲ့ပြီး၊ တရုတ်နိုင်ငံ ဝမ်းဇူးရို ဆေးရုံတွင် ဆေးကုသ သော်လည်း ထူးခြားမှု မရှိသဖြင့် မြန်မာပြည်သို့ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ထိုနည်းတူ ယမန်နှစ် ၂၀၁၈ ခုနစ်တွင်လည်း တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသား များ မှိုဆိပ်တက်မှုကြောင့် (၇) ဦးသေဆုံးခဲ့ သေးကြောင်း သိရသည်။

မိုးရာသီတွင် တွေ့ရာ မှိုများခူးယူစားသုံးမှုကြောင့် မကြာခဏ မှိုဆိပ်သင့် ဖြစ်ပွားမှု များရှိပြီး အသက် ဆုံးရှုံးမှုလည်း နှစ်စဉ်ရှိခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

စစ်ခေါင်းဆောင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တရုတ်နိုင်ငံတွင် တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပနေသည့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲသို့ တက်ရောက်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တို့ တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။ အလားတူ စစ်ခေါင်းဆောင်နှင့် တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် စစ်ရေးပြပွဲ အခမ်းအနားတွင် ဘေးချင်းကပ်ထိုင်လျက် လက်ဆွဲနှုတ်ဆက်နေသည်ကို...

တရုတ်နိုင်ငံတွင် စစ်ခေါင်းဆောင်နှင့် အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံပြီး မြေရှားတူးဖော်ရေးဆွေးနွေး

0
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့ တွေ့ဆုံခဲ့စဉ် မြေရှားသတ္တုတူးဖော်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) တွင် တရုတ်နိုင်ငံ တီယန်ကျင်း၌ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ဆွေးနွေးပွဲမတိုင်မီ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်...