မူဆယ်သူ မှန်လုံယာဉ်တိမ်းမှောက် ယာဉ်နောက်လိုက် ၂ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ

0

သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ တုန်ခန်ကျေးရွာ အနီးတွင် ယနေ့ မနက် ရ နာရီခွဲ ဝန်းကျင် ၌ မန္တလေး- မူဆယ် ခရီးသည် တင်ယာဉ် တိမ်းမှောက်ပြီး ယာဉ်နောက်လိုက် ၂ ဦးသေဆုံး၊ ခရီးသည် ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

Photo Credit to – မူဆယ်သူမူဆယ်သားများအဖွဲ့- ဇွန်လ ၁၄ ရက် မူဆယ်သူယာဉ်တိမ်းမှောက်သည့်မြင်ကွင်း

ဖြစ်စဉ်မှာ မန္တလေး မှ မူဆယ်သို့တက်လာသည့် မူဆယ်သူ ခရီးသည် တင် မှန်လုံ ကားသည် အရှိန်ဖြင့် မောင်းလာပြီး လူတင်ဆောင်လာသည့်ဗင်ကားအား တိုက်မိကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ သည် ဟု မူဆယ်မြို့ ဂရုဏာလူမှု ကူညီရေးအသင်းမှ ဦးသောင်းထွန်းက ပြောသည်။

“ ယာဉ်တိမ်းမှောက်မှု မှာ စပယ်ယာ ၂ ဦးသေ၊ ခရီးသည် ၁၄ ဦး ဒဏ်ရာရတယ်။ ဒဏ်ရာကတော့စိုးရိမ်မှု မရှိဘူး။ အခု ပြည်သူ့ဆေးရုံ ပို့ထားတယ်” ဟု ဦးသောင်းထွန်း က ဆိုသည်။

Photo Credit to – မူဆယ်သူမူဆယ်သားများအဖွဲ့- ဇွန်လ ၁၄ ရက် မူဆယ်သူယာဉ်တိမ်းမှောက်သည့်မြင်ကွင်း

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်သည့်နေရာသည် ယခင်ကလည်း မကြာခဏ ဖြစ်ပွားခဲ့ဖူးသည့်နေရာ ဖြစ်ပြီး၊ ယာဉ်မောင်းများအနေဖြင့် ကားကို အရှိန်လျှော့့မောင်းကြရန် လိုအပ်ကြောင်း ဦးသောင်းထွန်းက ပြောသည်။

ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သတ်ပြီး ယာဉ်မောင်းကို မူဆယ်မြို့ ရဲစခန်း မှ ခေါ်ယူ စစ်ဆေးနေကြောင်း သိရသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE