လားရှိုးမြို့ လဝက ၀န်ထမ်းများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီမှ အမှုဖွင့် အရေးယူ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန (လဝက) ကို မြန်မာနို်င်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူ သိရ သည်။

မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မတီ မှ ဇွန်လ ၁၂ ရက်နေ့ရက်စွဲဖြင့် လားရှိုးခရိုင်၊ လားရှိုးမြို့နယ်မှ လဝက ဌာနရုံးကို နိုင်ငံသား စိစစ်ရေးကဒ်၊ အိမ်ထောင်စုဇယား ပြုလုပ်ခြင်းနှင့် မွေး/တိုး ပြုလုပ်ခြင်းများတွင် ငွေကြေး တောင်းခံရယူဆောင်ရွက်ပေးနေသည်ဟုဆိုကာ ၀န်ထမ်း ရ ဦးနှင့် အကျိုးဆောင် ဒေါ်မာရှောက်ဆန်း ဆိုသူတို့အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူ ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ထိုအတွက် ကော်မရှင် မှ စုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးခဲ့ပြီး ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှု ကျူးလွန်ခြင်း ဥပဒေ ပုဒ်မ ၅၆/၆၃ ဖြင့် လားရှိုးမြို့မ ရဲစခန်းတွင် ပထမ သတင်းပေး တိုင်ကြားချက် ဖွင့် လိုက်သည်ဟု ထုတ်ပြန်ချက် တွင်ရေးသားထားသည်။

ထိုကိစ္စ နှင့်ပတ်သတ်ပြီး လားရှိုးမြို့နယ် အမျိုးသား လွှတ်တော် ကို်ယ်စားလှယ် စိုင်းဝမ်းလျန်းခမ်း က လားရှိုးမြို့နယ် အတွင်းနေထိုင်သည့် တိုင်းရင်းသားအများစုသည် မြန်မာဘာသာ စကားကို နားလည်မှု အားနည်း သဖြင့် အကျိုးဆောင်ဖြင့် နိုင်ငံသားစိစစ်ရေး ကဒ်ပြားပြုလုပ်နေရကြောင်း ၊ ထိုသို့ကြောင့် အကျင့်ပျက်ချစားမှုများ ရှိလာကြခြင်းဖြစ်ကြောင်း စိုင်းဝမ်းလျန်းခမ်း က သျှမ်းသံတော်ဆင့်အားပြောသည်။

“ ဒီဒေသမှာ ရှိတဲ့ တိုင်းရင်းသားတွေ ဘာသာစကားမသိတော့ ပွဲစားတွေကလုပ်စားတာပေါ့။ အခုဖြစ်တာက တချို့ ပွဲစားက ငွေအများကြီးယူတယ် ။ တချို့ပွဲစားက ငွေနည်းနည်းဘဲယူတော့ အချင်းချင်း မကျေနပ်ရာကနေ တိုင်ကြားကြတာဖြစ်တယ်လို့ကြားသိရတယ်။ နောက် လဝက ကလည်း မှတ်ပုံတင် လုပ်တဲ့နေရာမှာ စည်းကမ်းမကိုက်ညီတာတွေလည်း လုပ်ပေးနေတာတွေ့ရပါတယ်” ဟု စိုင်းဝမ်းလျန်းခမ်း က ဆိုသည်။

လားရှိုးမြို့သည် ခရိုင်မြို့ဖြစ်သည့်အားလျော်စွာ နိုင်ငံသားစိစစ်ရေး ကဒ်ပြား လာရောက်လုပ်ကိုင်သူ နေ့စဉ်နဲ့ အမျှ များပြားကြောင်း၊ ကျေးလက်ဒေသသို့ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေး ကဒ် လုပ်ရန် ခက်ခဲနေကြောင်း လည်း စိုင်းဝမ်းလျန်းခမ်း က ပြောပြသည်။

“ ကျေးရွာတွေဘက်မှာ မှတ်ပုံတင် မရှိသေးတဲ့သူတွေများတယ်။ အခုတော့ ၀န်ထမ်း ၈ ယောက် အမှုနဲ့ရင်ဆိုင်နေရတယ်ဆိုတော့ ကျေးရွာ မှာကွင်းဆင်းပြုလုပ်ပေးဖို့ ကြာဦးမယ်ထင်တယ်။ ကျေးရွာ မှာ မှတ်ပုံတင် ရဖို့ အတွက် နည်းလမ်းမြန်မြန်ရှာဖွေနေပါတယ်” ဟု လည်း ၎င်းက ဆိုသည်။

အဂတိတိုက်ဖျက်ရေးကော်မရှင်မှ အမှုဖွင့်တရားစွဲဆိုထားသည့် လားရှိုးမြို့နယ် ဦးစီးမှူး ရုံးမှ မြို့နယ် ဦးစီးမှူး ၊ ဒု ကြီးကြပ်ရေးမှူး ၊လက်ထောက် ကြီးကြပ်ရေးမှူး များသည် မှတ်ပုံတင်၊အိမ်ထောင်စုစာရင်း ၊ မွေး-တိုး စာရင်းလုပ်ရန်လာသူများထံမှ ငွေကျပ် ၁၀ သိန်းနှင့်အထက်တောင်းဆိုကောက်ယူခဲ့ကြောင်း၊ အကျိုးဆောင် ဒေါ်မာရှောက်ဆန်း သည် လည်း ငွေကျပ် ၅ သိန်းမှ ၁၀ သိန်းအထိ တောင်းယူခဲ့ကြောင်း ကော်မရှင်မှထုတ်ပြန်ချက် အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ “ကျော်သရဖူရွှေဆိုင်” နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာပါသွားဟုဆို

0
သျှမ်းပြည် လားရှိုးမြို့ရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သည့် “ကျော်သရဖူ ရွှေဆိုင်”၏ နေအိမ်တွင် ဓားပြတိုက်ခံရပြီး ရွှေ (၅) ပိဿာနှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ပါသွားခဲ့ကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။ ယမန်နေ့ (၂၀၂၆ ဇန်နဝါရီလ ၁ ရက်) မွန်းတည့်ချိန် ၁၂ နာရီခန့်တွင် စစ်ကော်မရှင်...

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...

သျှမ်းမြောက် TNLA ထုတ် မှတ်ပုံတင်မပြနိုင်လျှင် အရေးယူမည်ဟုဆို

0
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော နယ်မြေဒေသအတွင်း နေထိုင်သည့် ပြည်သူများကို ၎င်း၏ မှတ်ပုံတင်ကို မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်ပြီး ခရီသွားလာရင်း မှတ်ပုံတင် မပြနိုင်လျှင် အရေးယူခံရမည်ဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောကြားသည်။ ယမန်နေ့ (သြဂုတ် ၁၆ )ရက် နမ္မတူမြို့နယ် မန်စံကျေးရွာတွင်...

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...