မြို့ပေါ်လုံခြုံရေးအတွက် CCTV တပ်ဆင်ကြရန် သျှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးချုပ်တိုက်တွန်း

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့ပေါ်လုံခြုံရေးအတွက် CCTV များတပ်ဆင်ထားရန် သျှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးက တိုက်တွန်းလိုက်သည်။

မှုခင်းပိုင်းဆိုင်ရာကျဆင်းရေးအတွက်ရည်ရွယ်ကာ ဘဏ်များ ၊ ဟိုတယ်များ ၊ ရွှေဆိုင်များ CCTV တပ် ဆင်ကြရန်၊ တဖက်တွင်လည်း နိုင်ငံ တော်လုံခြုံ ရေးအဖွဲ့အစည်းများ၏ အသွင်သဏ္ဍာန် ပုံစံတူယူနီဖောင်း များဝတ် ဆင်ခြင်း မပြုလုပ်ရန် သျှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်အောင်အောင်ကတိုက်တွန်းလိုက်သည် ။

လုံခြုံရေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲအား ဖေဖော်ဝါရီ (၁၅)ရက်နေ့က တောင်ကြီးမြို့ ရှိ သျှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး တွင်ကျင်းပရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

” မှုခင်းတစ်ခုဖြစ်ပြီဆိုရင် ရဲစခန်းကို အကြောင်း ကြားတဲ့ အချိန်ရယ် ရဲကရောက်မယ့်အချိန်ရယ် ပြစ်မှုကျူးလွန်တဲ့သူကထွက်ပြေး တဲ့အချိန် ရယ်ကြားကာလ ညှိဖို့ကမလွယ်ပါဘူး၊ မလွယ်တဲ့အတွက် ကျန်ခဲ့တဲ့ CCTV မှတ်တမ်းတွေအရ ကျနော်တို့က ပြန်လိုက်ရတာတွေရှိပါ တယ် ” ဟုတောင်ကြီး မြို့မရဲစခန်းဒုရဲမှူးမျိုးဦးကပြောသည် ။

မှုခင်းကျဆင်းရေး ဆောင်ရွက်ရာတွင် အခါအားလျော်စွာရုံးပိတ်ရက်တွင် ကျေးရွာအုပ်စု ၊ နယ်စွန်နယ်ဖျား ၊ မြို့ပေါ်ရပ်ကွက်များ ၊ စာသင် ကျောင်းများ အဝေးပြေးကားဂိတ်များတွင် ပညာပေးဟော ပြောပွဲအခန်းအနားအဖြစ် ဆောင်ရွက်လျှက်ရှိပြီး စျေးများနှင့် စျေးဆိုင်ခန်းများအား CCTV တပ် ဆင်ကြစေရန်ပြောဆိုစည်းရုံးဆွေးနွေးခြင်းများပြုလုပ်လျှက်ရှိကြောင်း၄င်းကဆက်လက် ရှင်းပြသည် ။

ယခင်ကထက် မှုခင်းဖြစ်ပွားမှုနှုန်းများပြားရခြင်းနှင့်ပတ်သက်၍ ဒုရဲမှူးမျိုး ဦးက ” ဒီခေတ်မှာပွင့်လင်းမြင်သာတဲ့ခေတ်ရောက်လာပြီဆိုတော့ ယခင်ခေတ်နဲ့ စာရင် မှုခင်းကများပြားပါတယ်။ ရဲစခန်းကိုအမှု လာဖွင့် တိုင်သမျှကိုဥပဒေ အကျိုးအကြောင်းနဲ့ အညီအရေးယူဆောင် ရွက်ပေးတဲ့အတွက် မှုခင်းဖြစ်ပွား မှုများလာပါတယ် ။ ကျနော်တို့ဖော် ထုတ်နိုင်တဲ့မှုခင်းတွေရှိသလို ခုထိမဖော်ထုတ်နိုင်တဲ့ မှုခင်းတွေလဲရှိပါတယ် ” ဟု ပြောသည် ။

အဆိုပါအခမ်းအနားကိုတောင်ကြီးမြို့ပေါ်ရှိ ဟိုတယ်လုပ်ငန်းရှင် ၊ ရွှေဆိုင် လုပ်ငန်းရှင် ၊ အဝေးပြေးကားဂိတ်မှူးများ နှင့် ဘဏ်လုပ်ငန်းရှင်များ City Square တာဝန်ခံများ တက်ရောက်ခဲ့ပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် သြဂုတ်လဆန်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်

0
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး အဖြစ်မှ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူထားသူ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လဆန်းပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် လာရောက်ရန်ရှိနေကြောင်း ဘန်ကောက်ပို့စ် သတင်းတွင်ဖော်ပြသည်။ ယခုခရီးစဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီး သမ္မတရာထူး ရယူခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုသို့ ဒုတိယအကြိမ်မြောက် သွားရောက်မည့် ခရီးစဉ်...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် EAOs နှင့် NSPNC တို့ကို အာဆီယံအထူးကိုယ်စားလှယ် သီးခြားစီတွေ့ဆုံ

0
လက်ရှိ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ လာဇရိုသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAOs များနှင့် စစ်အစိုးရလက်အောက်ခံ NSPNC ကိုယ်စားလှယ်တို့ကို သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်) တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လက်ရှိ အာဆီယံဥက္ကဋ္ဌ၏...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...