တာချီလိတ် လောင်းကစားဂိမ်းဆိုင် တဆိုင်အား ရဲများဝင်ရောက်ဖမ်းဆီး

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ ဘုရင့်နောင်စျေးအနီးရှိ လောင်းကစားဂိမ်းဆိုင် ကို တာချီလိတ် မြို့မ ရဲစခန်းက ဝင်ရောက် ဖမ်းဆီးကြောင်း သတင်းရရှိသည်။

Photo Credit to သတင်းတမန်- ဂိမ်းဆိုင်အားရဲများဝင်ရောက်ဖမ်းဆီးနေစဉ်

ဇွန်လ ၉ ရက် ည ၁၀ နာရီ ဝန်းကျင် တွင် အဆိုပါ ဂိမ်းဆိုင်ကို ရဲများ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ငါးမန်းဂိမ်းခုံ ၆ ခုံနှင့် အတူ ဂိတ်ဆိုင် အတွင်းမှ အကြွေစေ့ ထိုင်းဘတ်ငွေ ၄ သောင်းကျော် တို့ကို ပါ သိမ်းဆည်းရမိကြောင်း၊ ထို့ပြင် ထိုဂိမ်းဆိုင်တွင် အမျိုးသား ၃ ဦး နှင့် အမျိုးသမီး ၁ ဦး ပါ ဖမ်းဆီးကြောင်း တာချီလိတ် မြို့မရဲစခန်း မှ တာဝန်ရှိသူ က ပြောသည်။

တရားမဝင် လောင်းကစား ပြုလုပ်သူ ၃ ဦး ဖြစ်သည့် အသက် ၃၂ နှစ် အရွယ် ရှင်းရှ၊ အသက် ၁၉ နှစ် အရွယ် ဘေဝင်းသိန်း၊ အသက် ၂၂ အရွယ် သူရအောင် နှင့် အသက် ၂၁ နှစ် အရွယ် သီရိဦး တို့အား တာချီလိတ်မြို့ မရဲစခန်းမှ (ပ) ၃၁၃ / ၂၀၁၉ လောင်းကစားဥပဒေ ပုဒ်မ ၁၆(က)/၁၇(က) ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့ နယ် အတွင်း ငါးမန်းဟုခေါ်ဆိုသည့် လောင်းကစား ဆိုင် များစွာ ရှိကြောင်း၊ ငါးမန်းဂိမ်းကြောင့် ဒေသခံ လူငယ်များ အကျင့်စာရိတ္တပျက်စီးကာ၊ လူမှုရေး၊ အိမ်ထောင်ရေး ကွဲသွားသူများလည်း ရှိနေသည်ဟု တာချီလိတ် မြို့ဒေသခံ စိုင်းလုံ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဂိမ်းဆိုင်တွေ အားလုံး အရေးယူ ဖမ်းဆီးဖို့ ကျနော် ထောက်ခံတယ်။ နေရာတိုင်းဂိမ်းဆိုင် ရှိနေတယ်။ တဆိုင်လောက်ဖမ်းပြီး နောက် ငြိမ်သွားတာ။ ဖမ်းတဲ့အချိန် ခဏ ပိတ်ထားလိုက်တာတွေ ရှိတယ်။ ရဲတွေ သိပါတယ်။ ဘယ်နေရာမှာ ရှိတယ်ဆိုတာ” ဟု စိုင်းလုံ ကဆိုသည်။

တာချီလိတ်မြို့နယ် အတွင်း ဖွင့်လှစ်ထားသည့် လောင်းကစား ရုံ ကို အမြန်ဆုံး အရေးယူ ဖမ်းဆီးပေးရန် တိုက်တွန်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဖမ်းဆီး ကာလ အတွင်း တချို့ လောင်းကစားရုံများ ပိတ်ထားနေသည်ကိုလည်း ဝင်ရောက် ဖမ်းဆီးစေလိုသည် ဟု စိုင်းလုံ က ဆိုသည်။

မြန်မာနိုင်ငံသားများ မည်သည့် ကာစီနို(လောင်းကစားရုံ) ကို ဝင်ရောက် ကစားခြင်း မပြုလုပ်ရ ဟု မေ ရ ရက် စွဲ ဖြင့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က လောင်းကစားဥပဒေ သစ် ကို လက်မှတ်ရေးထိုး လိုက်သည်။

လောင်းကစား ဥပဒေ သစ်တွင် ပြည်ထောင်စု အစိုးရ အဖွဲ့ ၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်ချက် များနှင့် အညီ မှတ်ပုံတင် ပြီး နိုင်ငံခြားသား များသာ သီးသန့် လောင်းကစား ခွင့်ပြုသည် ဟု ရေးသားထားသည်။

မြန်မာနိုင်ငံသား အနေဖြင့် မည်သည့် လောင်းကစားရုံ အတွင်း ဝင်ရောက် လောင်းကစားခြင်း မပြုရ တွေ့ရှိပါ အရေးယူ ဆောင်ရွက်သွားမည်၊ လောင်းကစားပြုလုပ်နေသည် ကို သတင်းပေးသူက ၁၀ ရာခိုင်နှုန်း နှင့် ဖမ်းဆီးရာတွင် ပါဝင်သူကို ၂၀ ရာခိုင်နှုန်း ဆုငွေချီးမြှင့် မည် ဟုလည်း ဥပဒေ သစ်တွင် ထည့်သွင်းရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

0
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

ထိုင်း-သျှမ်းနယ်စပ် တာချီလိတ်မြို့က တာလော့စျေး ဆိုင်ခန်းစျေးနှုန်း ချသော်လည်း ငှားရမ်းသူမရှိ

0
သျှမ်းပြည်အရှေ့ပိုင်း က တာချီလိတ်မြို့ ရေကြီးရေလျှံမှု မကြာခဏ ကြုံနေရသည့် တာလော့စျေးတွင် ဆိုင်ခန်းပိုင်ရှင်များက ငှားရမ်းခ ချပေးသော်လည်း ငှားရမ်းသူမရှိကြောင်း ဒေသခံ စျေးသည်များ ပြောပြချက်အရသိရသည်။ ထိုင်း- မြန်မာနယ်စပ်ရှိ တာလော့စျေးတွင် ရေကြီးရေလျှံမှု မကြာခဏကြုံရသဖြင့် စျေးဆိုင်ခန်းငှားခ ၃ ဆနီးပါးကျဆင်းပြီး ငှားရမ်းသူမရှိသည့်အပြင် နဂိုရှိရင်း စျေးသည်များ...