Wednesday, May 1, 2024

စီမံကိန်းကြောင့် လားရှိုးမြို့ပေါ်အထိ လူထုထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်ကိစ္စ စစ်ဆေးမှုပြုနေကြောင်း SSPP ပြော

Must read

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းအုပ်စု မန်ပိန်း ကျေးရွာ အနီးတွင် ဧက ၃၀၀ နှစ်ရှည်ပင်စိုက်ပျိုးရေး စီမံကိန်း ပြုလုပ်ရန်အတွက် ဒေသခံလူထုအား SSPP မှ ဗိုလ်ကြီး ဆိုသူ က ဖိအားပေး သဖြင့် ရွာသား ၂၀၀ ကျော် လားရှိုးမြို့ ပေါ် သို့ထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်းထွက်ပေါ်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး SSPP မှ စစ်ဆေးနေကြောင်းသိရသည်။

Photo Credit to RFA- နေရပ်ပြန် မန်ပိန်းရွာသားများအား လူ-ပြန်-ကယ် နှင့် အစိုးရတပ်မတော်တို့မှပို့ဆောင်နေသည်ကိုတွေ့ရစဉ်

“ဒေသခံလူထုကပေးပို့တဲ့စာကို ကျနော်တို့ လက်ခံရရှိပါတယ်။ ဒေသခံလူထုနဲ့လည်းတွေ့ဆုံပြီးပါပြီ။ အမှားလုပ်တယ်ဆိုတဲ့သူကိုလည်း ကျနော်တို့ဆင့်ခေါ်ထားပါတယ်။ ကျနော်တို့ ၂ ဘက် ၂ တန်ကိုထပ်ပြီး စစ်ဆေးဖို့အတွက်ပါ။ ” – ဟု SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆု က သျှမ်းသံတော်ဆင့်အားပြောသည်။

 

လားရှိုးမြို့ နယ် မန်ပိန်းကျေးရွာအနီး ဧက ၃၀၀ စိုက်ပျိုးရေး စီမံကိန်း ကို ကန့်ကွက်သည့် ဒေသခံများကို SSPP မှ ဗိုလ်ကြီး ဆိုသူ က ထောက်ခံရန် ဖိအားပေးသဖြင့် ရွာသား ၂၀၀ ခန့်မှာ လားရှိုးမြို့ အမှတ် ၉ ရပ်ကွက် ကချင်အသင်းတော် ကျောင်းသို့ ဇွန် ၅ ရက် နေ့က ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံရွာသားများကပြောသည်။

Photo Credit to RFA- နေရပ်ပြန် မန်ပိန်းရွာသားများအား လူ-ပြန်-ကယ် နှင့် အစိုးရတပ်မတော်တို့မှပို့ဆောင်နေသည်ကိုတွေ့ရစဉ်

“ SSPP ကဗိုလ်ကြီးလို့ပြောတာပဲ။ ကျနော်တို့ကို စီမံကိန်း ထောက်ခံ တဲ့ လက်မှတ်ထိုးခိုင်းတာ။ ကျနော်တို့ ရွာက လူတွေ မထိုးပေးလို့ ဇွန် ၄ရက်နေ့ ညမှာ လက်နက် အပြည့်နဲ့ လူ ၁၀ ဦးလောက် ရွာကို လာပြီး ခြိမ်းခြောက်တယ်။ ကျနော်တို့လည်း ကြောက်လို့ ထွက်ပြေးလာကြတာ” ဟု မန်ပိန်းကျေးရွာ မှ ကိုထွယ်ရှောင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

 

လက်ရှိ စီမံကိန်းလုပ်နေသည့်နေရာသည် မန်ပိန်းကျေးရွာ ဒေသခံများ တောင်ယာများ၊ စားဝတ်နေရေး အဖြစ်ရှာဖွေစားသောက်နေသည့်နေရာ တခုဖြစ်ကြောင်း၊ ထိုစီမံကိန်း နှင့် ပတ်သက်ပြီး ကျေးရွာသားများ ကန့်ကွက်လက်မှတ်ရေးထိုးထားကြောင်း၊ ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ ကလည်း တားမြစ်ထားကြောင်း ကိုထွယ်ရှောင် က ဆိုသည်။

 

စိုက်ပျိုးရေး စီမံကိန်း ပြုလုပ်ရန် အတွက် ကုမ္ပဏီမှ ကျေးရွာ အနီး၌ မြေတူးစက်ယန္တရားများလာ ချစဉ် မေ ၃၁ ရက် ကတည်းက ကန့်ကွက်ခဲ့ကြကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

 

“ ကျနော်တို့လက်မှတ်ရေးထိုး ကန့်ကွက်ပြီးနောက်ပိုင်း တောထဲကနေ ကျနော်တို့နာမည်တပ်ပြီး လာလာခေါ်တယ်။ ကျနော်တို့ က တယောက်၊ နှစ်ယောက်ခေါ်ရင်မသွားဘူး။ အားလုံးခေါ်မှ သွားမယ်” ဟု ကိုထွယ်ရှောင်က ဆိုသည်။

 

လူတဦးတယောက်ကြောင့်တရွာလုံးထွက်ပြေးရခြင်းမှာ အထူးစဉ်းစားစရာဖြစ်နေပြီး အဆိုပါပြသနာအား အထူးကြပ်မတ် စီစစ်အရေးယူသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးစိုင်းဆု ကပြောသည်။

 

“ပြသနာဖြစ်လာရင်အဆင့်ဆင့်မတင်ပြ မဖြေရှင်းရသေးဘဲနဲ့ ချက်ချင်းကြီး နေရပ်ကနေ စွန့်ခွါထွက်ပြေး ခြင်းဖြင့် ဆန္ဒဖော်ထုတ်တာဟာ မဖြစ်သင့်တဲ့ကိစ္စ တခုပါ။ ဒီလုပ်ရပ် နိုင်ငံရေးအရ တဦးနဲ့တဦးအပေါ်ယုံကြည်မှုတွေမရှိစေသလို နာမည်ဖျက်လိုတဲ့ဆန္ဒဘဲဖြစ်တယ်လို့မြင်တယ်။ ဒါကြောင့် ဒီဖြစ်စဉ်မှာ စိတ်ဝင်စားစရာအကြောင်းတခုခုရှိလိမ့်မယ်လို့ထင်တယ်။ ၂ ဖက်စလုံးကို စစ်ဆေးသွားမှာဖြစ်တယ်။”- ဟု ဆိုသည်။

 

လက်ရှိတွင် SSPP မှလည်း ၄င်းတို့၏ ဗိုလ်ကြီးဆိုသူအား ခေါ်ယူစစ်ဆေးနေကြောင်း ပြောဆိုသကဲ့သို့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ချိန်၊ ကလေးငယ်များကျောင်းတက်ချိန်ဖြစ်နေသဖြင့် မန်ပိန်းရွာသားများ ဇွန်လ ရ ရက်မနက်ပိုင်းက နေရပ်သို့အသီးသီးပြန်သွားကြပြီဖြစ်ကြောင်း ၊ ၄င်းတို့ဒေသတွင် အစိုးတပ်မတော်မှ လုံခြုံရေးယူပေးနေသကဲ့သို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကလည်း ထောက်ပ့ံပစ္စည်းနှင့် ငွေကြေးများ ပေးဝေကြောင်း RFA သတင်းဌာနက ဖော်ပြထားသည်။

Leave a Comments

- Advertisement -spot_img

Latest article