သိန္နီမြို့ရောက် မြောင်ဇီးတိုင်းရင်းသားစစ်ဘေးရှောင် ၁၄၀ ကျော် အစားအသောက်အထူးလိုအပ်

သျှမ်းပြည်မြောက်ပိုင်း သန္နီမြို့နယ်အတွင်း ဖြစ်ပွါးခဲ့သောတိုက်ပွဲကြောင့် စစ်ဘေးရှောင် မြောင်ဇီးတိုင်းရင်းသား ၁၀၀ ကျော်မှာ နေရပ်မပြန်နိုင်သေးဘဲ အစားအသောက်များလိုအပ်နေကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၄ နှင့် ၁၅ ရက်နေ့က ဖြစ်ပွါးသောတိုက်ပွဲများကြောင့် သန္နီမြို့သို့ရောက်ရှိလာသော ၀မ့်မွမ်းရွာမှ မြောင်ဇီးတိုင်းရင်းသားလူမျိုး အိမ်ခြေ ၄၃ အိမ် လူဦးရေ ၁၄၀ ကျော်မှာ လက်ရှိတွင် ဘုန်းကြီးကျောင်းဇရပ်တွင် တည်းခိုနေကြရပြီး အစားအသောက်များ အထူးလိုအပ်နေကြောင်းသိရသည်။

“တိုက်ပွဲကတော့ ဖေဖော်ဝါရီလ ၁၄ ရက်ကတည်းက ဖြစ်လိုက်ရပ်လိုက်နဲ့မို့ သူတို့မပြန်ရဲသေးတာပါ။ အစက သူတို့ နမ့်စလပ်ဆေးရုံမှာလာတည်းတယ်။ အိပ်ဖို့ စားဖို့က သိပ်အဆင်ပြေမှာမဟုတ်ဘူးဆိုပြီး ကျနော်က ဘုန်းကြီးကျောင်းမှာတည်းခိုနေနိုင်ဖို့ ဘုန်းဘုန်းကိုသွားတောင်းပေးပြီး သွားနေရာချပေးတယ်။မနေ့ကလည်း ကောင်းကော်အုပ်စုအုပ်ချုပ်ရေးမှူးကိုသွားဆွေးနွေးပြီးတော့ အဲ့မှာ ရွာသားတွေဆီကနေ ဆန်တွေအလှူခံတယ်။ဟင်းသီးဟင်းရွက်တွေအလှူခံတယ်။ ပြီးတော့ မနေ့က မြို့နယ်အုပ်ချုပ်ရေးမှူးကိုအကြောင်းကြားတော့ ကြက်ဥ တဖာလာလှူတယ်။ တခြားပြင်ပအဖွဲ့အစည်းတော့ မတွေ့မိသေးဘူး။ ခုလောလောဆယ် အစားအသောက် အဝတ်အထည်တွေလိုအပ်နေတယ်။ ” ဟု သန္နီမြို့နယ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်အမတ် စိုင်းစိန်လူက သျှမ်းသံတော်ဆင့်အားပြောပြသည်။

တိုက်ပွဲဖြစ်ပွားသော တပ်မှာ သိန္နီဘက်လာရောက်လှုပ်ရှားသော ခန္တီးဘက်မှ ခမရ ၃၉၁ မှ တပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်မတော်တို့ဖြစ်ကြောင်းသိရသည်။

“တပ်တွင်းပိုင်းသတင်းအရ ခန္တီးကလာတဲ့တပ်လို့ကြားတယ်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ရဲ့ တပ်သား ၂ ဦးကို အစိုးရတပ်ကဖမ်းထားတယ်လို့ကြားတယ်။ ဒါပေမယ့် ၀မ့်မွမ်းရွာမှာ သူတို့အခြေချစခန်းတွေမရှိဘူး။စစ်ကြောင်းတွေဖြတ်သန်းသွားလာရင်း ရင်ဆိုင်တိုက်ပွဲဖြစ်တာဘဲဖြစ်တဲ့အတွက် တိုက်ပွဲကလည်း ရှည်ကြာမှာမဟုတ်ဘူးလို့တော့ခန့်မှန်းရပါတယ်။ သို့ပေမယ့် မြောက်ပိုင်းအဖွဲ့က တပ်သားတွေအဖမ်းခံထားရတဲ့အတွက် သူတို့ပြန်လာမှာကိုဘဲစိုးရိမ်ရတယ်။ ဒီအချိန်ကလည်း ရွာသားတွေ လယ်ယာသီးနှံတွေဆွတ်ပြီးချိန်၊ အသစ်ထပ်စိုက်ဖို့ လယ်ယာမြေရှင်းလင်းထွန်ယက်ချိန်ဖြစ်နေတယ်လေ”- ဟု စိုင်းစိန်လူကပြောသည်။

အဆိုပါဒေသတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် SSPP က အထူးလှုပ်ရှားရာဒေသဟုဆိုသော်လည်း ယခုနောက်ပိုင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့၊ အစိုးရတပ်မတော် တို့ပါ ၀င်ရောက်လှုပ်ရှားလာကြောင်းသိရသည်။

“နိုင်ငံရေး ပြသနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ဖြစ်တယ်။ စစ်ရေးနဲ့မဖြေရှင်းဖို့တိုက်တွန်းချင်တယ်။ ကျနော်တို့ပြည်သူတွေ စစ်ဒဏ်ခံစားနေရတာနှစ်ပေါင်း ရ၀ ကျော်ပြီလေ။ စစ်ရေးနဲ့ ဖြေရှင်းနေလို့ တိုင်းပြည်မှ မအေးချမ်းတာ။”- ဟု SNLD ပါတီအမတ် စိုင်းစိန်လူကပြောပါသည်။

တိုက်ပွဲဖြစ်ပွါးသော ၀မ့်မွမ်းရွာသည် သိန္နီနှင့်ကွတ်ခိုင်ကြား ကားလမ်းမကြီးမြောက်ဘက်ခြမ်းရှိ ကောင်းကော်အုပ်စု၏အတွင်းပိုင်း ၄ မိုင်ခန့်အကွာတွင်တည်ရှိပါသည်။ ကောင်းကော်အုပ်စုမှာ သိန္နီမြို့အရှေ့မြောက်အရပ် ၁၇ မိုင်ခန့်အကွာတွင်တည်ရှိပါသည်။

Photo by Sai Sein Lu

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...