Friday, April 26, 2024

ပဥ္စမမြောက် မြန်မာအမျိုးသမီး သံအမတ်ကြီး ချက်သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ်တာဝန်ထမ်းဆောင်

Must read

ချက်သမ္မတနိုင်ငံတွင် ပြန်လည်ဖွင့်လှစ်မည့် မြန်မာသံရုံး အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေး နှင့် လေ့ကျင့်ရေး ဦးစီးဌာန မှညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုး အား မြန်မာနိုင်ငံ တော် သံအမတ်ကြီး အဖြစ် ခန့်အပ်လိုက်ကြောင်း ဇွန် ၆ ရက် တွင် အစိုးရ မှ ကြေညာချက်ထုတ်လိုက်သည်။

ချက်သမ္မတ နိုင်ငံပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ သံအမတ်ကြီး ဒေါ်ကေသီစိုး

ချက်သမ္မတနိုင်ငံဆိုင်ရာ အထူး အာဏာကုန်လွှဲအပ်ခြင်းခံသော ပြည်ထောင်စု သမ္မတ မြန်မာနို်င်ငံတော် သံအမတ်ကြီး ဒေါ်ကေသီစိုးသည် မြန်မာနိုင်ငံ၏ ပဥ္စမမြောက် အမျိုးသမီး သံအမတ်ကြီး အဖြစ် သမိုင်းဝင်ခဲ့သည်။

ဒေါ်ကေသီစိုးသည် နိုင်ငံရေးရာ ဦးစီးဌာန ၏ ဥရောပ ဌာနခွဲ ညွှန်ကြားရေးမှူး၊ အီတလီ နိုင်ငံ မြန်မာသံမှူးကြီး ရာထူးများကိုလည်း ယခင်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။

မြန်မာ အမျိုးသမီး သံအမတ်ကြီး အနေဖြင့် ယခင်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများမှာ ဗိုလ်ချုပ် အောင်ဆန်း၏ဇနီး၊ နို်င်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ မိခင် ဒေါ်ခင်ကြည်(အိန္ဒိယ)၊ ဒေါ်ယဉ်ယဉ်မြင့်(ဂျာမနီ)၊ ဒေါ်မော်မော်(နော်ဝေ)နှင့် ဒေါ်အိအိခင်ဧ (အင်ဒိုနီးရှား) တို့ဖြစ်သည်။

 

Leave a Comments

- Advertisement -spot_img

Latest article