UWSA အနေဖြင့် အစိုးရ နှင့် တပ်မတော်ကို ယှဉ်ပြိုင် သည့် သဘောမရှိကြောင်းကြေငြာချက်ထုတ်ပြန်

“ ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA အနေဖြင့် အစိုးရ နှင့် တပ်မတော်ကို ယှဉ်ပြိုင် ရန် သဘောမရှိ ဟု ဇွန် ၄ ရက်စွဲ ဖြင့် ကြေငြာချက်တစောင်ထုတ်ပြန်ထားပါသည်။

“ဝ” ပြည်နယ် ငြိမ်းချမ်းရေး တည်ဆောင်ခြင်း နှစ် (၃၀)ပြည့် အထိမ်းအမှတ်

“ဝ” ပြည်နယ် ငြိမ်းချမ်းရေး တည်ဆောင်ခြင်း နှစ် (၃၀)ပြည့် အထိမ်းအမှတ်အနေဖြင့် ဧပြီ ၁၇ ရက်နေ့တွင် ကျင်းပခဲ့ရာတွင် စစ်ရေး ပြအခမ်းအနားကို ထည့်သွင်း ကျင်းပခဲ့သည်။

ထိုကျင်းပခြင်းသည် အစိုးရ နှင့် တပ်မတော် ကို ယှဉ်ပြိုင်သည့် သဘောမျိုးမရှိကြောင်း၊ သမိုင်းစဉ်ဆက်အရ မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့၏ အရေးကြီးသည့် ပွဲတော်များကို ဂုဏ်ပြုရာတွင် အလားတူ စစ်ရေး ပြအခမ်းအနာ ကျင်းပခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုကိစ္စ နှင့် ပတ်သတ်ပြီး အစိုးရ၊ တပ်မတော် နှင့် ပြင်ပ များအနေဖြင့် အတွေးမလွန်ရန်လည်း ဖော်ပြရေးသားထားသည်။

UWSA အနေဖြင့် အစိုးရ နှင့် တပ်မတော်ကို ယှဉ်ပြိုင် သည့် သဘောမရှိကြောင်းကြေငြာချက်ထုတ်ပြန်

ဇွန် ၂ရက်နေ့တွင် “ ဝ” ပြည်နယ် ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် (၃၀) ပြည့် ပွဲတော် အခမ်းအနား နှင့်ပတ်သတ်ပြီး မီဒီယာများ မေးမြန်းမှု အပေါ် ထပ်မတော် သတင်းမှန် ပြန်ကြားရေး ကော်မတီ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦး က “ ဝ” ၏ စစ်ရေး ပြ အခမ်းအနားသည် စင်ပြိုင်အစိုးရ၊ စင်ပြိုင် တပ်မတော်သဘာမျိုးဖြစ်နေသဖြင့် လက်မခံနို်င်ကြောင်း၊ တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး လိုလားသဖြင့် တစုံတရာ မတုန့်ပြန်ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ထို့ပြင် ဗိုလ်ချုပ် ထွန်းထွန်းညီ ကလည်း “ တပ်မတော်ဘက် ကနေ အစွမ်းကုန် သည်းခံထားတယ်။ သည်းခံ တယ်ဆိုတာ ကလည်း အတိုင်းအတာ တခုရှိတယ်” ဟု ဖြေကြားခဲ့သည်။

အဆိုပါ ကိစ္စ နှင့် ပတ်သတ်ပြီး တပ်မတော် ၏ဆီလျော်မှု မရှိသော ပြောဆိုမှု သည် ၎င်း တို့၏ အစိတ်အပိုင်း ကဏ္ဍသာဖြစ်ပြီး၊ “ ဝ” ပြည်နယ် အနေဖြင့် တပ်မတော် ကို ရန်သူ လို သဘောမထားကြောင်း၊ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ရန်သူ လို သဘောမထားကြောင်း UWSA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ပြည်ထောင်စု မှ ခွဲမထွက်ရေး။ လွတ်လပ်ရေး မတောင်းဆိုရေး “ ဝ”ပြည်နယ် သည် ပြည်ထောင်စု ၏ အရေးပါသော အစိတ်အပိုင်း တခုဖြစ်ရေး ဆိုသည့် “ ဝ” ပြည်နယ် ၏ သဘောထားရပ်တည်ချက်ကို လည်း ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်နိုင်အောင် အခုမှ ကျနော်တို့ ပြန်ပြီး လမ်းစရှာတာ ဖြစ်ပါတယ်”

0
အသွင်ပြောင်းစစ်အစိုးရ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ ကိုယ်စားလှယ် (၈) ဦးတို့သည် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နေပြည်တော်သို့ သွားရောက်ခဲ့သည်။ အလားတူ...