Tuesday, January 27, 2026

UWSA အနေဖြင့် အစိုးရ နှင့် တပ်မတော်ကို ယှဉ်ပြိုင် သည့် သဘောမရှိကြောင်းကြေငြာချက်ထုတ်ပြန်

“ ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA အနေဖြင့် အစိုးရ နှင့် တပ်မတော်ကို ယှဉ်ပြိုင် ရန် သဘောမရှိ ဟု ဇွန် ၄ ရက်စွဲ ဖြင့် ကြေငြာချက်တစောင်ထုတ်ပြန်ထားပါသည်။

“ဝ” ပြည်နယ် ငြိမ်းချမ်းရေး တည်ဆောင်ခြင်း နှစ် (၃၀)ပြည့် အထိမ်းအမှတ်

“ဝ” ပြည်နယ် ငြိမ်းချမ်းရေး တည်ဆောင်ခြင်း နှစ် (၃၀)ပြည့် အထိမ်းအမှတ်အနေဖြင့် ဧပြီ ၁၇ ရက်နေ့တွင် ကျင်းပခဲ့ရာတွင် စစ်ရေး ပြအခမ်းအနားကို ထည့်သွင်း ကျင်းပခဲ့သည်။

ထိုကျင်းပခြင်းသည် အစိုးရ နှင့် တပ်မတော် ကို ယှဉ်ပြိုင်သည့် သဘောမျိုးမရှိကြောင်း၊ သမိုင်းစဉ်ဆက်အရ မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့၏ အရေးကြီးသည့် ပွဲတော်များကို ဂုဏ်ပြုရာတွင် အလားတူ စစ်ရေး ပြအခမ်းအနာ ကျင်းပခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုကိစ္စ နှင့် ပတ်သတ်ပြီး အစိုးရ၊ တပ်မတော် နှင့် ပြင်ပ များအနေဖြင့် အတွေးမလွန်ရန်လည်း ဖော်ပြရေးသားထားသည်။

UWSA အနေဖြင့် အစိုးရ နှင့် တပ်မတော်ကို ယှဉ်ပြိုင် သည့် သဘောမရှိကြောင်းကြေငြာချက်ထုတ်ပြန်

ဇွန် ၂ရက်နေ့တွင် “ ဝ” ပြည်နယ် ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် (၃၀) ပြည့် ပွဲတော် အခမ်းအနား နှင့်ပတ်သတ်ပြီး မီဒီယာများ မေးမြန်းမှု အပေါ် ထပ်မတော် သတင်းမှန် ပြန်ကြားရေး ကော်မတီ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦး က “ ဝ” ၏ စစ်ရေး ပြ အခမ်းအနားသည် စင်ပြိုင်အစိုးရ၊ စင်ပြိုင် တပ်မတော်သဘာမျိုးဖြစ်နေသဖြင့် လက်မခံနို်င်ကြောင်း၊ တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး လိုလားသဖြင့် တစုံတရာ မတုန့်ပြန်ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ထို့ပြင် ဗိုလ်ချုပ် ထွန်းထွန်းညီ ကလည်း “ တပ်မတော်ဘက် ကနေ အစွမ်းကုန် သည်းခံထားတယ်။ သည်းခံ တယ်ဆိုတာ ကလည်း အတိုင်းအတာ တခုရှိတယ်” ဟု ဖြေကြားခဲ့သည်။

အဆိုပါ ကိစ္စ နှင့် ပတ်သတ်ပြီး တပ်မတော် ၏ဆီလျော်မှု မရှိသော ပြောဆိုမှု သည် ၎င်း တို့၏ အစိတ်အပိုင်း ကဏ္ဍသာဖြစ်ပြီး၊ “ ဝ” ပြည်နယ် အနေဖြင့် တပ်မတော် ကို ရန်သူ လို သဘောမထားကြောင်း၊ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ရန်သူ လို သဘောမထားကြောင်း UWSA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ပြည်ထောင်စု မှ ခွဲမထွက်ရေး။ လွတ်လပ်ရေး မတောင်းဆိုရေး “ ဝ”ပြည်နယ် သည် ပြည်ထောင်စု ၏ အရေးပါသော အစိတ်အပိုင်း တခုဖြစ်ရေး ဆိုသည့် “ ဝ” ပြည်နယ် ၏ သဘောထားရပ်တည်ချက်ကို လည်း ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

တိုင်းရင်းသားများ ဖြစ်နိုင်တာကိုပဲ ပြောကြရန် NCA ၁၀ နှစ်ပြည့်ပွဲမှာ စစ်ခေါင်းဆောင်ပြော

0
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပနေသည်။ ယနေ့ (အောက်တိုဘာလ ၁၅ ရက်) တွင် ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်ရှိ MICC-1 တွင်...

ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဖိတ်ခေါ်၊ ဆွေးနွေးမည်ဟု TNLA တုန့်ပြန်

0
နိုင်ငံတဝှမ်း အရပ်ဘက် ပစ်မှတ်များကို ရက်ရက်စက်စက် ဗုံးကြဲရန် အမိန့်ပေးနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်များ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရမည့် အချိန်ဖြစ်သည်ဟု ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ကျရောက်သည့် အမျိုးသားနေ့ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။ "ယခုအချိန်သည်...

စစ်ရေးအရ နယ်မြေကျူးကျော်လာပါက ကိုင်တွယ်ဖြေရှင်းမည်ဟု “ဝ”တပ်ဖွဲ့ UWSA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်ကောင်စီတပ်အ‌ပေါ် ရုတ်တရက်ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးကြောင့် “ဝ”ဒေသအတွင်းရှိ နယ်မြေနှင့်လေပိုင်နက်တို့ကို စစ်ရေးအရ ကျူးကျော်မှုများ ရှိလာပါက ကိုင်တွယ်ဖြေရှင်းသွားမည်ဟု “ဝ”ပြည် သွေးစည်းညီညွတ်‌ရေးပါတီ (UWSP/UWSA)က ယနေ့ (နိုဝင်ဘာ ၁ ရက်)တွင် သတင်းထုတ်ပြန်လာသည်။ လက်ရှိဖြစ်ပွားနေသော ကိုးကန့်ဒေသရှိ လက်နက်ကိုင် ပဋိပက္ခများကို “ဝ”တပ်ဖွဲ့...

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စစ်မှန်မည် မဟုတ်ဟု KIA ပြော

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် စစ်မှန်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မဟုတ်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုလိုက်သည်။ လာမည့် အောက်တိုဘာလ ၁၅ ရက်တွင်ကျရောက်သည့် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်ရန် စစ်ကောင်စီ၏ ဖိတ်ကြားခဲ့သော်လည်း...