Tuesday, January 27, 2026

တောင်ကြီးတွင် “ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် သစ်ပင် ၆၀၀ ကျော် စိုက်

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ တွင် ဇွန် ၅ ရက်နေ့ကကျရောက်သည့် “ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့ ” ၌ သစ်ပင်ပေါင်း ၆၀၀ ကျော်ကို ဗုဒ္ဓ တက္ကသိုလ် တွင် စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။

Photo Credit to သစ်ပင်ချစ်သူများ-Taunggyi – “ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့ ” ၌ သစ်ပင်ပေါင်း ၆၀၀ ကျော်ကို ဗုဒ္ဓ တက္ကသိုလ် တွင် စိုက်ပျိုးခဲ့ကြသည့် သစ်ပင်ချစ်သူများ၏ပုံရိပ်

အဆိုပါ သစ်ပင် စိုက်ပျိုးသည် အဖွဲ့များမှာ သစ်ပင်ချစ်သူများ(တောင်ကြီး) အဖွဲ့ နှင့် အတူ FOF CSR (Innlay)၊ Our Lovely World အဖွဲ့ ၊ ကျွန်းတထောင် ဖောင်ဒေးရှင်း အဖွဲ့အပြင် အခြား အဖွဲ့ ၃ဖွဲ့ ပါ ပူးပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထို့ပြင် တောမီးမရှို့၊ အပင်မခုတ်သည့် နေရာများတွင်လည်း ဆက်လက် စိုက်ပျိုးသွားကြမည် ဟုသိရသည်။

လူတိုင်း တဦးစီ အနည်းဆုံး အပင် တပင်စီ စတင်စိုက်ကြပြီး၊ မိမိထိန်းနိုင်သည့်နေရာ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း ၊ စေတီ၊ စာသင်ကျောင်းစသည့် နေရာများတွင် တနိုင် တပိုင် စလိုက်ကြရန် သစ်ပင်ချစ်သူများ( တောင်ကြီး ) အဖွဲ့ ကပြောဆိုလိုက်သည်။

၂၀၁၉ ခုနစ် ဇွန် ၅ ရက်နေ့ ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် ကမ္ဘာ တဝန်း ရင်ဆိုင်နေရသည့် “ Air Pollution ” “ လေထု ညစ်ညမ်းမှု” သည် ပတ်ဝန်းကျင် ဆိုင်ရာ စိန်ခေါ်မှု တရပ်ဖြစ်နေသည်။

ယခုနှစ် “ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့” ဆောင်ပုဒ် အနေဖြင့် “ Clearing the Air, Combatting the Air Pollution” “သန့်စင်သော လေ ရှုရှိုက်ဖို့၊ လေထုညစ်ညမ်းမှု တိုက်ဖျက်စို့” ဖြစ်သည်။

သျှမ်းပြည်နယ် တွင်“ လေထု ညစ်ညမ်းမှု” မှာ တနှစ်ထက် တနှစ် ပိုမို များလာပြီး၊ တောတောင် ဖျက်ဆီးမှုလည်း ပိုမိုများလာနေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

တောင်ကြီး ဗိုလ်ချုပ်ပန်းခြံကို ဆိုင်ခန်းဆောက်လုပ်မည့်ကိစ္စ မြို့ခံများကန့်ကွက်

0
သျှမ်းပြည် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို စစ်ကော်မရှင် လက်အောက်ခံ စည်ပင်သာယာရေးဌာနနှင့် ကုမ္ပဏီတို့ ပူးပေါင်းကာ “ပန်းခြံစည်ကားသာယာလှပေစရန်” အမည်တပ်ပြီး ဆိုင်ခန်းဆောက်လုပ်ရောင်းစားရန် စီစဉ်နေကြောင်း မြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ တောင်ကြီးမြို့တွင် အများပြည်သူအပန်းဖြေရန် တစ်နေရာသာကျန်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို လူနေဆိုင်ခန်းတွဲများ ဆောက်လုပ်ရန် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်...

တောင်ကြီးမြို့ ပျောက်ဆုံး အထက်တန်းကျောင်းသား အလောင်း ပြန်တွေ့၊ ဒေသခံများ တုန်လှုပ်

0
သျှမ်းပြည် တောင်ကြီးမြို့တွင် နေအိမ်မှ ဆိုင်ကယ်ဖြင့် အပြင်သွားရာက ၆ ရက်ကြာ ပျောက်ဆုံးခဲ့သည့် အထက်တန်း ကျောင်းသား ရုပ်အလောင်းသာ ပြန်တွေ့၍ တုန်လှုပ်ရကြောင်း မြို့ခံများက ယနေ့ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောသည်။ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ၊ အထက (၄) တွင် Grade...
Taunggyi_Polling_Stations

တောင်ကြီးမြို့နယ်တွင် မဲပေးနည်းနှင့် မဲရုံမသိ၍ မဲပေးသူနည်းပါး

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နယ်အတွင်း ကျေးရွာဘက်တွင် မည်သို့ ရွေးချယ်မဲပေးရမည်ကို မသိခြင်း၊ မည်သည့် မဲရုံတွင် မဲပေးရမည်ကို မသိခြင်းတို့ကြောင့် ဆန္ဒမဲပေးသူ နည်းပါးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ တောင်ကြီး၊ ဟိုပုံး၊...

တောင်ကြီး မြို့ပေါ် စစ်ကော်မရှင်နှင့် PNO စစ်ဆေးရေးတင်းကြပ်၊ လူငယ်များပျောက်ဆုံးမှုရှိ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က လုံခြုံရေးအကြောင်းပြပြီး စစ်ဆေးမှုတင်းကြပ်နေပြီး၊ ယခုရက်ပိုင်း လူငယ်များလည်း ပျောက်ဆုံးမှုရှိလာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ တတိတယ ပတ်မှစပြီး တောင်ကြီးမြို့တွင် ည (၇)နာရီနောက်ပိုင်းတွင် စစ်ကော်မရှင်နှင့် ၎င်း၏လက်အောက်ခံ PNOတို့က ယူနီဖောင်းအပြည့်စုံ ဝတ်ပြီး ကား(၈)စီးခန့်ဖြင့်...