Wednesday, January 28, 2026

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် ကော်မတီ PPST ကိစ္စ လက်နက်ကိုင် ၁၀ဖွဲ့ ကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးမည်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် ကော်မတီ  PPST  ကိစ္စ ဖျက်သိမ်းရေး (သို့မဟုတ်) ဆက်လက်တည်ရှိရေးနှင့်ပတ်သတ်ပြီး ဇွန်လအတွင်း တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ကိုယ်စားလှယ်များ ချင်းမိုင်တွင်တွေ့ဆုံ ဆွေးနွေးသွားမည် ဟု သတင်းရရှိသည်။

Photo by NCA-S EAO – မေလ ၁၄ ရက်မှ ၁၈ ရက်အထိကျင်းပသော ၄ ကြိမ်မြောက် NCA-S EAO ထိပ်သီးအစည်းအဝေး

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်  NCA  လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ မှကိုယ်စားလှယ်များသည် ဇွန်လ ၅ ရက်မှ ၁၀ ရက်ထိ ချင်းမိုင်မြို့တွင်တွေ့ဆုံမည် ဟု သိရသည်။

အဆိုပါတွေ့ဆုံမှု တွင် အဓိက အချက် ၃ ချက်ဖြစ်သည့် NCA နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး  NRPC  နှင့် တွေ့ဆုံ ဆွေးနွေး ရေး ကိစ္စ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် ကော်မတီ  PPST  ကိစ္စ တို့ ဆွေးနွေးသွားမည် ဟု သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ  RCSS  ၏ အကြံပေးပုဂ္ဂိုလ် ဦးခွန်စိုင်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ ရဲ့ အလုပ်အမှုဆောင် အဖွဲ့တွေ တွေ့ကြမယ်။ တဖွဲ့ကို ကိုယ်စားလှယ်တယောက်စီ တက်ကြမယ်။” ဟု ဦးခွန်စိုင်းက ပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် ကော်မတီ (PPST) ကို ဖျက်သိမ်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ညှိနှိုင်းတိုင်ပင် ခြင်း အစည်းအဝေး   PPCM  အဖြစ် ပြောင်းလဲမလားဆိုတာကို ဆွေးနွေးမည် ဟု ဦးခွန်စိုင်းက ပြောသည်။

မေ ၁၄ ရက်နေ့ မှ ၁၈ ရက်နေ့ ကလည်း ချင်းမိုင်မြို့ ၌ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ၄ ကြိမ်မြောက် ထိပ်သီး ခေါင်းဆောင်များ ညီလာခံ ကျင်းပရာ ကရင်အမျိုးသား အစည်းအရုံး KNU က PPST မှ နှုတ်ထွက်စာတင်ခဲ့ကြောင်း သတင်းရရှိခဲ့သည်။

ထို့ကြောင့် ယခု NCA ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုတွင် “ PPST ကို ဖျက်သိမ်းပြီး PPCM ကို လုပ်မလားဆိုတာလည်းဆွေးနွေးမယ်” ဟု ဦးခွန်စိုင်း က ဆိုသည်။

မေလ အတွင်း ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ၄ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ ညီလာခံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြုံတွေ့ နေရသည့် တစ်ဆို့ မှု အဖြေနှင့် ဖက်ဒရယ်မူကို အခြေခံအရ ယူနိုင်ရေး အတွက် ဘုံသဘောတူညီမှု ရခဲ့ကြောင်းသိရသည်။

သို့သော် ၅ ရက်သာ ကျင်းပသည့် အစည်းအဝေး အခင်းအကျင်းတွင် PPST ဆက်လက်တည်ရှိခြင်း၊ ဖျက်သိမ်းခြင်းကို ဆက်လက်ဆွေးနွေးနေသည့် အနေအထားရှိသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ၄ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များညီလာခံ ဒုတိယ ပိုင်းကို ၂ လ အတွင်း ကျင်းပနိုင်ရန် ကြိုးစားသွားမည်ဟုလည်းဆိုပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

NCA (၁၀)နှစ်ပြည့်ပွဲ ကျင်းပနေစဉ် စစ်တပ်က သီပေါမြို့နယ်ကို လေကြောင်းဗုံးကြဲ ဖိအားပေးတိုက်နေ

0
စစ်ကော်မရှင်တပ်သည် နေပြည်တော်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပနေချိန် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသော သီပေါမြို့ကို စစ်ကော်မရှင်တပ်က...

တိုင်းရင်းသားများ ဖြစ်နိုင်တာကိုပဲ ပြောကြရန် NCA ၁၀ နှစ်ပြည့်ပွဲမှာ စစ်ခေါင်းဆောင်ပြော

0
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပနေသည်။ ယနေ့ (အောက်တိုဘာလ ၁၅ ရက်) တွင် ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်ရှိ MICC-1 တွင်...

သျှမ်းလူငယ်ဂိုဏ်း ကြောင့် လက်ပြတ်သွားသော မိန်းကလေးငယ် ခွဲစိတ်ကုသမှုအောင်မြင်

0
ချင်းမိုင်မြို့အတွင်း သျှမ်းလူငယ်ဂိုဏ်းတစ်ခုမှ ဓားဖြင့် တိုက်ခိုက် ခုတ်လိုက်မှုကြောင့် လက်ပြတ်သွားသည့် အသက် (၁၄)နှစ်အရွယ် မိန်းကလေး၏ လက်ပြန်ဆက်ကုသမှု အောင်မြင်စွာ ပြုလုပ်နိုင်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ် ၁၆ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့အတွင်း သျှမ်းလူငယ်ဂိုဏ်း ၏ တိုက်ခိုက်မှုကြောင့် ကျောင်းသား ၃ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး...

စစ်ကော်မရှင် NSPNC နှင့် အပစ်ရပ် ၇ ဖွဲ့တို့ NCA ၁၀ နှစ်ပြည့်ပွဲအတွက် နေပြည်တော်၌ ဆွေးနွေးနေ

0
NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေးအတွက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့နှင့် စစ်ကော်မရှင်၏ NSPNC တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၂ ရက်) နံနက်ပိုင်းမှ...