ကျိုင်းတုံ ရဲစခန်းမှ ပျောက်ဆုံးနေသည့် အိုက်စ် မူးယစ်ဆေးဝါးအမှု နှင့် ဆက်စပ်သည့် ရဲတပ်ကြပ်ကြီး မြင့်နိုင်ကို ရဟန်းဝတ်ဖြင့် ဖမ်းဆီးရမိ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားသည့် အဖြူရောင် ပုံဆောင်ခဲ အိုက်စ် တကီလို ဂရမ်ရှိ အထုပ်ပေါင်း ၆၄ ထုပ် ပျောက်ဆုံးမှု နှင့် ဆက်စပ်သည့် ရဲတပ်ကြပ်ကြီး မြင့်နိုင် ကို ဇွန် ၂ရက် တွင် ရဟန်းဝတ်ဖြင့် ဖမ်းဆီး ရခဲ့ကြောင်း သတင်းရရှိသည်။

Photo Credit to Kambawza Tai News – သက်ဆိုင်ရာများဖမ်းဆီးရမိသော ရဲတပ်ကြပ်ကြီးမြင့်နိုင်

ရဲတပ်ကြပ်ကြီးမြင့်နိုင် သည် ကျိုင်းတုံမြို့မ ရဲစခန်းတွင် သက်သေခံ အဖြစ် ထိန်းသိမ်း ထားသည့် အိုက်စ် မူးယစ်ဆေးဝါး ထားရှိသည့် စတိုခန်း သော့ကိုင်သူဖြစ်သဖြင့် အဓိက သံသယ ရှိသူ ဖြစ်ကြောင်း ကျိုင်းတုံ ခရိုင် ရဲတပ်ဖွဲ့ ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ရဲတပ်ကြပ်ကြီး မြင့်နိုင်ကို သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် ဘန်ပြင်ကျေးရွာ အုပ်စု နောင်လင်းရွာ ဘုန်းကြီးကျောင်းတွင် သင်္ကန်းဝတ်ဖြင့် ဇွန် ၂ရက်တွင် ဖမ်းဆီးရပြီး ယမန်နေ့ ဇွန် ၃ရက်တွင် မြန်မာ့လေကြောင်းလိုင်းဖြင့် ကျိုင်းတုံသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ကျိုင်းတုံ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ဆွေ က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ မနေ့က နေ့လည်ပိုင်းမှ ကျိုင်းတုံကို ရောက်တယ်။ လက်ရှိမှာတော့ ကျနော်တို့ ကျိုင်းတုံရဲစခန်းမှာ ထားထားပါတယ်။ စစ်ဆေးနေဆဲပါ” ဟု ဒုရဲမှူးကြီး မြင့်ဆွေ က ဆိုသည်။

ကျိုင်းတုံခရိုင် အတွင်းရှိ ရဲစခန်းများမှ ဖမ်းဆီးရမိခဲ့ပြီး ၊သက်ဆိုင်ရာ တရားရုံးများက အမှု ပြီးပြတ်ကာ သက်သေခံ ပစ္စည်းအဖြစ် ကျိုင်းတုံမြို့မရဲစခန်း၊ စတိုခန်းအတွင်း ထိန်းသိမ်းထားသည့် အဖြူရောင် ပုံဆောင်ခဲ အိုက်စ် ၁၀၃ ထုပ်အနက် ၆၄ ထုပ်ပါသော စက္ကူပုံးများသည် ရဲလုပ်ထုံး လုပ်နည်းနှင့် အညီ ပြုလုပ်ထားသော အမှတ်အသား မူလ ပုံစံများ ပျက်ယွင်းနေသည်ကို တွေ့ရှိရသည်။

ထိုတွေ့ရှိမှုကို စစ်ဆေးရာ ကျောက်ချဉ်ဖြင့် အစားထိုး လဲလှယ်ထားသည်ကို သိရှိရ သဖြင့် ရဲတပ်ကြပ်ကြီး မြင့်နိုင် အပါအဝင် တာဝန်ရှိသူ အဆင့်ဆင့်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ထိုနောက် သံသယရှိသူ ရဲတပ်ကြပ်ကြီး မြင့်နိုင်သည် မေ ၁၅ ရက်နေ့တွင် ခွင့်မဲ့ပျက်ကွက်ဖြင့် ထွက်ပြေး တိမ်းရှောင်ခဲ့သည်ဟု ဆိုပါသည်။

ထို့အပြင် ယင်းအမှုတွဲတွင် ပါဝင်သူ ရဲတပ်သား ဝေဖြိုး ကိုလည်း ပဲခူးမြို့တွင် ဖမ်းဆီးရမိခဲ့ပြီး ကျိုင်းတုံမြို့မ ရဲစခန်းသို့ လွှဲပြောင်းထားကြောင်း သိရသည်။

ရဲတပ်ကြပ်ကြီး မြင့်နိုင် နှင့် ဆက်စပ် သင်္ကာမကင်းသူဖြစ်သည့် ရဲတပ်သား ဝေဖြိုးကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ပုဒ်မ ၁၈(ဃ)/၂၂(ဃ)ဖြင့် အမှုဖွင့်ထားပြီး၊ စစ်ဆေးမှု ပြုလုပ်နေကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲပ မှ သိရသည်။

အိုက်စ် မူးယစ်ဆေးဝါး တကီလိုသည် ကာလ ဒေသ ပေါက်စျေးအရ ကျပ်သိန်း ၂၀၀ ဝန်းကျင် ရှိကြောင်း ၊ လက်ရှိပျောက်ဆုံးသွားသော အိုက်စ်ပုံဆောင်ခဲ မူးယစ်ဆေးဝါးများ၏ စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း တစ်သောင်းခန့်ရှိကြောင်း သိရသည်။
.

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...

ကျိုင်းတုံ ဆိုင်ကယ်သူခိုးသောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဆိုင်ကယ်များ ခိုးယူခံရခြင်း၊ လုယက်ခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစပြီး ကျိုင်းတုံမြို့သည် ပြည်သူများ အတွက် လုံခြုံမှုကင်းမဲ့နေသည့်အပြင် စစ်ကော်မရှင် လက်အောက်ခံတာဝန်ရှိသူများမှ ဆိုင်ကယ်သူခိုးများ၊ လုယက်သူများကို ဖမ်းဆီး အ‌ရေးယူးဆောက်ရွက်မှုကြောင်း လည်း ကျိုင်းတုံမြို့ ဒေသခံ...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...