တာချီလိတ်မြို့တွင်ကုန်စုံဆိုင် မီးလောင် အမျိုးသမီး တဦးသေ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် တွင် ကုန်စုံဆိုင် မီးလောင်မှု ဖြစ်ပွားကာ ဆိုင်ဝန်ထမ်း အမျိုးသမီး သေဆုံးကြောင်း သတင်းရရှိသည်။

Photo Credit to Ko Hla Moe- မီးလောင်မှုအား မီးသတ်နှင့်အရပ်သားများဝိုင်းဝန်းငြိမ်းသတ်ကြစဉ်

မေလ ၃၀ ရက်ည ရ နာရီက တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် ကချင်ရွာ၊ ရတနာလမ်းပေါ်ရှိ ကုန်စုံဆိုင် တဆိုင်တွင် ဆိုင်ဝန်ထမ်း တဦး က ရေသန့်ဗူးထဲ ဓါတ်ဆီထည့်ရာမှ မီးစတင်လောင်ကျွမ်းခဲ့သည်။

မီးလောင်ကျွမ်းနေစဉ် ပျောက်ဆုံးနေသည့် ဆိုင်ဝန်ထမ်း အမျိုးသမီး မစုမွန်ဦး (အသက် ၁၆ နှစ်)အား မေလ ၃၁ ရက်နေ့မနက်ပိုင်းက ကုန်စုံဆိုင်၏ ဒုတိယထပ်အခန်းတွင် မီးလောင်ကျွမ်းပြီး သေဆုံးနေသည်ကိုရှာဖွေ တွေ့ရှိရကြောင်း၊ လက်ရှိတွင် တာချီလိတ်မြို့ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင် ကာ စစ်ဆေးမှု ပြုလုပ်နေကြောင်း တာချီလိတ်မြို့ ဒေသခံ အမျိုးသား တဦး ပြောပြချက် အရ သိရသည်။


Photo Credit to Ko Hla Moe- မီးလောင်ကျွမ်းမှုကြောင့်သေဆုံးသွားသည့် မစုမွန်ဦး၏အလောင်းအား တာချီလိတ် လူမှုကူညီရေးအသင်းမှ ကူညီသယ်ထုတ်ပေးနေစဉ်

“ မနေ့က ည မီးလောင်တာ ည ရ နာရီ စလောင်တယ်။ ည ၉ နာရီလောက်မှ မီးငြိမ်းသွားတယ်။ ကုန်စုံဆိုင်ဆိုတော့ တော်တော်ပါသွားတယ်။ မီးလောင်ထဲ ပါသွားတဲ့အမျိုးသမီးကို မနေ့ကတောင် ပျောက်လို့လိုက်ရှာကြသေးတယ်။ မီးလောင်ထဲမှာ ရှိမယ်လို့မထင်မိဘူး” ဟု မီးလောင်မှုကို မြင်တွေ့ရသည့် တာချီလိတ်ဒေသခံ တဦး က ဆိုသည်။

ပလပ်စတစ်ဓာတ်ဆီပုံး အတွင်းမှ ဆီများအား ဗူးအတွင်း သို့ ပေါ့ဆစွာ လှဲလည်ထည့်သဖြင့် မီးစတင်လောင်ကျွမ်းပြီး၊ လူတဦး သေဆုံးမှု ဖြစ်ခဲ့သဖြင့် သက်ဆိုင်သူ ဒေါ်အေးအေးသင်း အသက် ၄၀ နှစ် အား တာချီလိတ် ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...

ထိုင်းနိုင်ငံ နွန်ထဘူရီကျောင်းပစ်ခတ်ခံရ ကျောင်းသားအပါအဝင် (၅)ဉီးသေဆုံး

0
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းသားအပါအဝင် ၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံမှ ဝန်ကြီးများနှင့်...

သံလွင်တံတား တာကော်ဂိတ်တွင် ခရီးသွားအမျိုးသမီးများကို သွားလာခွင့်ပိတ်ပင်ပြီး ငွေညှစ်တောင်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို သံလွင်မြစ်ကူး တာကော်တံတားရှိ စစ်တပ် စစ်ဆေးရေးဂိတ်၌ အကြောင်းမဲ့ တားဆီးခြင်း၊ မှတ်ပုံတင် သိမ်းဆည်းခြင်းနှင့် ငွေညှစ်တောင်းခံခြင်းများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။ ယမန်နေ့ (မေလ ၃ ရက်) တွင် ကာလိမြို့နှင့် မိုင်းပျဉ်းမြို့ကြား သံလွင်မြစ်ကူး...

တာချီလိတ်မြို့ အွန်လိုင်းလောင်းကစားရုံ စီးနင်းခံရ၊ နိုင်ငံခြားသား ၅၀ ဦးခန့် ဖမ်းဆီးရမိ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အွန်လိုင်း လောင်းကစားရုံတစ်ခု ဝင်ရောက်စီးနင်းခံရပြီး နိုင်ငံခြားသား ၅၀ ဦးခန့် နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သိရသည်။ ယမန်နေ့ (ဧပြီလ ၂ ရက်) နေ့လယ်ပိုင်းတွင် တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ (Regina)ဟိုတယ်ကို စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ တာဝန်ရှိသူများက...