Wednesday, January 28, 2026

တာချီလိတ်မြို့တွင်ကုန်စုံဆိုင် မီးလောင် အမျိုးသမီး တဦးသေ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် တွင် ကုန်စုံဆိုင် မီးလောင်မှု ဖြစ်ပွားကာ ဆိုင်ဝန်ထမ်း အမျိုးသမီး သေဆုံးကြောင်း သတင်းရရှိသည်။

Photo Credit to Ko Hla Moe- မီးလောင်မှုအား မီးသတ်နှင့်အရပ်သားများဝိုင်းဝန်းငြိမ်းသတ်ကြစဉ်

မေလ ၃၀ ရက်ည ရ နာရီက တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် ကချင်ရွာ၊ ရတနာလမ်းပေါ်ရှိ ကုန်စုံဆိုင် တဆိုင်တွင် ဆိုင်ဝန်ထမ်း တဦး က ရေသန့်ဗူးထဲ ဓါတ်ဆီထည့်ရာမှ မီးစတင်လောင်ကျွမ်းခဲ့သည်။

မီးလောင်ကျွမ်းနေစဉ် ပျောက်ဆုံးနေသည့် ဆိုင်ဝန်ထမ်း အမျိုးသမီး မစုမွန်ဦး (အသက် ၁၆ နှစ်)အား မေလ ၃၁ ရက်နေ့မနက်ပိုင်းက ကုန်စုံဆိုင်၏ ဒုတိယထပ်အခန်းတွင် မီးလောင်ကျွမ်းပြီး သေဆုံးနေသည်ကိုရှာဖွေ တွေ့ရှိရကြောင်း၊ လက်ရှိတွင် တာချီလိတ်မြို့ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင် ကာ စစ်ဆေးမှု ပြုလုပ်နေကြောင်း တာချီလိတ်မြို့ ဒေသခံ အမျိုးသား တဦး ပြောပြချက် အရ သိရသည်။


Photo Credit to Ko Hla Moe- မီးလောင်ကျွမ်းမှုကြောင့်သေဆုံးသွားသည့် မစုမွန်ဦး၏အလောင်းအား တာချီလိတ် လူမှုကူညီရေးအသင်းမှ ကူညီသယ်ထုတ်ပေးနေစဉ်

“ မနေ့က ည မီးလောင်တာ ည ရ နာရီ စလောင်တယ်။ ည ၉ နာရီလောက်မှ မီးငြိမ်းသွားတယ်။ ကုန်စုံဆိုင်ဆိုတော့ တော်တော်ပါသွားတယ်။ မီးလောင်ထဲ ပါသွားတဲ့အမျိုးသမီးကို မနေ့ကတောင် ပျောက်လို့လိုက်ရှာကြသေးတယ်။ မီးလောင်ထဲမှာ ရှိမယ်လို့မထင်မိဘူး” ဟု မီးလောင်မှုကို မြင်တွေ့ရသည့် တာချီလိတ်ဒေသခံ တဦး က ဆိုသည်။

ပလပ်စတစ်ဓာတ်ဆီပုံး အတွင်းမှ ဆီများအား ဗူးအတွင်း သို့ ပေါ့ဆစွာ လှဲလည်ထည့်သဖြင့် မီးစတင်လောင်ကျွမ်းပြီး၊ လူတဦး သေဆုံးမှု ဖြစ်ခဲ့သဖြင့် သက်ဆိုင်သူ ဒေါ်အေးအေးသင်း အသက် ၄၀ နှစ် အား တာချီလိတ် ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“၁၀၂၇ စစ်ဆင်ရေး”အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး

0
“အဲ့နေ့က ကျမတို့ ကျည်ထိပြီး သေပြီထင်ခဲ့တာ။ အိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံးကျတယ်၊ ပြီးတော့ မိုးကလည်းရွာ။ လက်နက်ကြီးသံကြား သမီးက တစ်ဖက်၊ ၇ လအရွယ် သားငယ်လေးက တစ်ဖက်နဲ့ အရဲစွန့်ပြီး ထွက်ပြေးရတာ”ဟု *နန်းလောဝ်ခမ်းတစ်ယောက် စစ်ဘေးရှောင်ခဲ့ရသည့် အကြောင်းအား ပြန်ပြောနေသည်။ *နန်းလောဝ်ခမ်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ထိုအဖြစ်အပျက်သည်...

ကျောက်မဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပြစ်ကျေးရွာတွင် အသက် (၄၀) နှစ်အရွယ်ရှိ နန်းဟွမ်သည် မုံညင်းစိုက်ပျိုးရန် နေအိမ်ခြံဝင်းထဲ...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

ပင်လောင်းမြို့ ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံး၊ နှစ်ဦး အပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ် သပြေကုန်းအုပ်စု ဧဒင်ကျေးရွာတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံးပြီး၊ နှစ်ဦးအပြင်းထန် ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( ဩဂုလတ် ၂၇) ရက် နံနက် ၂ နာရီ လူအိပ်ချိန်တွင် ရုတ်တရက် တောင်ပြိုပြီး တောင်ကျရေနှင့်အတူ ကျောက်တုံး၊...