Wednesday, January 28, 2026

ဒုသမ္မတ ဟောင်း Dr.စိုင်းမောက်ခမ်း၏ဇနီး ထိုင်းနိုင်ငံတွင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိ  

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ဟောင်းရှိ မဟာကျူလားလုံးကွန်းတက္ကသိုလ်မှ ဒုသမ္မတ(ဟောင်း) ဒေါက်တာစိုင်းမောက်ခမ်း ၏ဇနီး နန်းရွှေမှုံအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။


မေလ ၂၆ ရက် ၂၀၁၉ ခုနှစ်က အဆိုပါဘွဲ့ ပေးအပ်ခြင်းအခမ်းအနားကျင်းပခဲ့ရာတွင် မဟာကျူလားလုံးကွန်း တက္ကသိုလ်မှပေးသော အဝေးသင်တက္ကသိုလ်ကျောင်းသားများထောင်ချီ နှင့်အတူ နန်းရွှေမှုံအား ဆုချီးမြှင့်ခြင်းဖြစ်ကြောင်းသိရသည်။

“ဒကာမကြီး ဒေါ်နန်းရွှေမှုံ ကတော့ သာသနာရေး၊ ပညာရေး၊ လူမှုရေး၊ လက်တွေ့ နယ် ပယ်လုပ်ငန်းတွေကို အထူးဆောင်ရွက်ခဲ့တဲ့ လူပုဂ္ဂိုလ်တဦးအနေနဲ့တက္ကသိုလ်ကနေ ဆုပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဒီတက္ကသိုလ်ကနေပေးအပ်ချီးမြှင့်တဲ့ ဆု လက်ခံဖို့ သျှမ်းပြည်သား ၃ ဦး ဖိတ်ကြားခံရပါတယ်။ ဒေါ်နန်းရွှေမှုံ အပါအဝင် ဒေါ်နန်းမောက်လောဝ်ဆိုင်နဲ့ သာသနာပြုဆရာတော် စဝ်ခူးတင်းတိုင်း တို့ဖြစ်ပါတယ်။ အားလုံး ကတော့ သာသနာပြုလုပ်ငန်းနဲ့ပတ်သက်ပြီး ဂုဏ်ပြုတဲ့ဆုဖြစ်ပါတယ် ”- ဟု ကူညီဆောင်ရွက်ပေးသည့် သံဃာတော် ဦးနရိန္ဒ ကမိန့်တော်မူသည်။

ဒေါ်နန်းရွှေမှုံမှာ လူမှုရေးလုပ်ငန်းများဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း၊ စစ်ဘေး ရှောင် များအား ကူညီထောက်ပ့ံပေးခြင်း၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုမြင့်တင်ရေးတွင် ကူညီထောက်ပ့ံမှုများ ပေးခြင်း၊ မိဘမဲ့ဂေဟာအားထောက်ပ့ံပေးခြင်း၊ ပညာရေးတွင်လည်း ကူညီထောက်ပ့ံ မှုများပေးသည့်အပြင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင်လည်း စွမ်းစွမ်းတမံဆောင်ရွက်ခြင်းတို့ကြောင့် ဂုဏ်ပြုခြင်း ခံရခြင်းဖြစ် သည်ဟုလည်း သိရသည်။

ဒုသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်းကိုလည်း ၂၀၁၆ ခုနှစ်က အလားတူ ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့ကို မဟာကျူးလားလုံးကွန်းတက္ကသိုလ်ကပင် ချီးမြှင့်ခဲ့ပါသည်။

မဟာကျူလားလုံးကွန်းတက္ကသိုလ်တွင် ယခုနှစ်ဘွဲ့ဆွတ်ခူးရရှိသည့် သံဃာတော်များအား သျှမ်းပြည်သားသံဃာတော်များနှင့် တပည့်ဒကာများက ဂုဏ်ပြုနေကြစဉ်

ယခုနှစ် မဟာကျူလားလုံးကွန်းတက္ကသိုလ်တွင် ဘွဲ့ဆွတ်ခူးရရှိသူ ထောင်နှင့်ချီရှိပြီး (ထိုအနက် ပြည်တွင်း ပြည်ပ မှ) သျှမ်းလူမျိုး ဆရာတော် သံဃာတော်များနှင့် ကျောင်းသားလူငယ်များ စုစုပေါင်း ၄၄ ဦး Ph.D ၊ B.A ၊ M.A ဘွဲ့များဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

ဘွဲ့ဆွတ်ခူးရရှိသည့် သျှမ်းပြည်သား (သျှမ်းပြည်တွင်းနှင့်ထိုင်းနိုင်ငံမှ ) ကျောင်းသားများအား မဟာကျူးလားလုံးကွန်းတက္ကသိုလ်သို့ လာရောက် အားပေးသည့် မိဘဆွေမျိုး အပေါင်းအသင်းများစုစုပေါင်း ၆၀၀ ခန့်ရှိသည်ဟုသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး တက္ကသိုလ်အနီးရှိ ဆိုင်ခန်းများဖယ်ရှားခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တက္ကသိုလ်အနီးရှိ ဆိုင်ခန်းများကို စစ်ကောင်စီလက်အောက်ခံ လမ်းဉီးစီးဌာနက ဖယ်ရှားခိုင်းနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ -ဟမ်းဆီး -နောင်ယာဆိုင်းလမ်းအား ယာဉ်/လမ်း အန္တရာယ် ကင်းရှင်းစေနိုင်ရန်အတွက် လမ်းနယ်နိမိတ်အတွင်း ရေမြောင်းနှင့် လမ်းပုခုံးပေါ်ရှိ ဈေးဆိုင်များအားလုံးကို ဖယ်ရှားပေးရန်နှင့် ဖယ်ရှားခြင်းမရှိပါက လမ်းမကြီးဥပဒေနှင့်အညီ အရေးယူမည်ဟု လမ်းဦးစီးဌနမှ ဒီဇင်ဘာလ (၄)ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ “...

လားရှိုးတက္ကသိုလ်ရှိ အဝေးသင်စာမေးပွဲများ အားလုံး ရပ်ဆိုင်း။

0
သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့‌‌ရှိ လားရှိုးတက္ကသိုလ်တွင် ကျင်းပလျှက်ရှိသော ၂၀၂၃-ပညာသင်နှစ် အဝေးသင်တက္ကသိုလ် တတိယအသုတ် မြန်မာစာနှင့် သမိုင်း အထူးပြုသင်တန်းများ အားလုံး၏ စာမေးပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း လားရှိုးတက္ကသိုလ်၏ထုတ်ပြန်ချက်အရ သိရသည်။ နိုဝင်ဘာလ ၁၆ရက် ယနေ့မှ စတင်၍ ရွှေ့ဆိုင်းလိုက်ကြောင်း လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဌေးအောင် မှ...

တက္ကသိုလ် စာမေးပွဲများရပ်ဆိုင်း ဟု ပညာရေး ဝန်ကြီး ထုတ်ပြန်

0
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂ဦး တွေ့ရှိသည့်အတွက် ယနေ့ (မတ်၂၄) ရက်မှ စတင်ကာ စာမေးပွဲ များအားလုံး ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်လိုက်သည်။   ထိုထဲတွင် သျှမ်းပြည် အတွင်းရှိ တက္ကသိုလ်များလည်း မတ် ၂၄ မှ စတင်ပြီး စာမေးပွဲ အားလုံး ရပ်ဆိုင်းလိုက်သည့် ထဲပါဝင်ကြောင်း...

ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၅ ခု ကို ညီနောင် ၃ တပ် ပေါင်းတိုက်

0
သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ နှင့် ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ် (DSTA) အပါ အဝင် နေရာ ၅ ခုကို သြဂုတ် ၁၅ ရက် မနက် ၅ နာရီမှ စတင်ကာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက် ရေးတပ် မတော်...

ကျိုင်းတုံတက္ကသိုလ်တွင် ဥပဒေအထူးပြုဘာသာရပ်ပြန်ထားပေးရန် ကျိုင်းတုံအမတ်တောင်းဆို

0
ကျိုင်းတုံတက္ကသိုလ်တွင် မူလကဖွင့်ထားသော ဥပဒေပညာအထူးပြုဘာသာရပ် Law department ကို ၂၀၁၇ ခုနှစ်ကပိတ်ထားခဲ့ရာ ပြန်လည်ဖွင့်လှစ်ပေးပါရန် ကျိုင်းတုံမြို့နယ်မဲ ဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ်မှ ကြယ်ပွင့် ပြမေးမြန်းခဲ့သည်ဟု သိရသည်။ ၂၀၁၈ ခု စက်တင်ဘာ ၂၄ ရက်နေ့ တောင်ကြီးမြို့တွင်ကျင်းပသော ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်း...