ကုန်းကျော်သျှမ်းစစ်ဘေးရှောင်စခန်းသို့ အမေရိကန်ကောင်စစ်ဝန်ရုံး ကိုယ်စားလှယ်သွားရောက်လည်ပတ်

ထိုင်း-မြန်မာနယ်စပ်ရှိ ကုန်းကျော်သျှမ်းစစ်ဘေးရှောင်စခန်းအား အမေရိကန်ကောင်စစ်ဝန်ရုံးက သွားရောက်ကြည့်ရှုလေ့လာရာတွင် ရိက္ခာဖြတ်တောက်ခံရမှုများနှင့်ပတ်သက်ပြီး စခန်းတာဝန်ခံ က ရှင်းလင်းပြောပြခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့မနက်ပိုင်းက အမေရိကန်ကောင်စစ်ဝန်ရုံးကကိုယ်စားလှယ် Consul General Jennifer A. Harhigh ဦးဆောင်သည့် ၃ ဦးပါအဖွဲ့က ချင်းမိုင်ခရိုင် ၀ိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စု လတ်တိုင်ရွာရှိ လူဦးရေ ၄၀၀ ခန့်ရှိ ကုန်းကျော် သျှမ်းစစ်ဘေးစခန်းသို့သွားရောက်ကာ ကျန်းမာရေး ပညာရေး နှင့်နေထိုင်စားသောက်မှုအခြေအနေများကိုမေးမြန်းခဲ့ကြောင်း သျှမ်းစစ်ဘေး ရှောင်စခန်းများ ကော်မတီ ဥက္ကဌ ဆရာစိုင်းလျန်းက ပြောသည်။

ကျနော်တို့ကို TBC ကနေ ရိက္ခာဖြတ်တောက်လိုက်တာကြောင့် အခက်အခဲဖြစ်နေတဲ့ အကြောင်း တွေကိုရှင်းပြခဲ့တယ်။ တကယ်လို့ အမေရိကန်နိုင်ငံအစိုးရကနေ စစ်ဘေးရှောင်တွေကို ကူညီ ထောက်ပံ့ပေးမယ့်အစီအစဉ်ရှိမယ်ဆိုရင် TBC ကနေတဆင့်မထောက်ပ့ံဘဲနဲ့ သျှမ်းစစ်ဘေး ရှောင်ကူညီစောင့်ရှောက်ရေး ကော်မတီကို တိုက်ရိုက်ထောက်ပ့ံပေးပါလို့ တိုက်တွန်းပေးဖို့ ကျနော်တို့ ပြောပြခဲ့တယ်။ သူတို့အဖွဲ့ကလည်း မှတ်တမ်းရယူသွားပါတယ်။ – ဟု ဆရာ စိုင်းလျန်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ထိုင်း-မြန်မာနယ်စပ်နေ သျှမ်းစစ်ဘေးရှောင်စခန်း ၆ ခုအား ရိက္ခာကူညီထောက်ပ့ံမှုပေးသည့် TBC အဖွဲ့က ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာလကစပြီး ရိက္ခာဖြတ်တောက်မှုကြောင့် စစ်ရေးမတည်ငြိမ်သေးသဖြင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် သျှမ်းပြည်လူထု ၆၂၀၀ ကျော်မှာ အခက်အခဲတွေ့နေရပါသည်။ လက်ရှိတွင် စခန်းကော်မတီများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရိက္ခာအလှူခံကာ စစ်ဘေးရှောင်များအား ထောက်ပ့ံပေးနေကြောင်းသိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟဲန်မြို့နယ် ပိန်းလုံကျေးရွာအုပ်စုရှိ ကုန်းကျော် ဒုက္ခသည်စခန်းသည် ထိုင်း နိုင်ငံအတွင်း တည်ရှိသည့် တစ်ခုတည်းသော သျှမ်းဒုက္ခသည်စခန်းဖြစ်သော်လည်း UNHCR မှ ဒုက္ခသည် စခန်းအဖြစ် အသိအမှတ်ပြုခြင်း မရှိခဲ့ပေ။ အဆိုပါ စခန်းမှ တဆင့် တတိယ နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သည့်အခွင့်အရေးမရသည့်အပြင် ထိုင်းအစိုးရကလည်း ဒုက္ခသည်စခန်းအဖြစ် အသိအမှတ်ပြုထားခြင်းမရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းသူများနှင့် ရာဇဝတ်မှုများကို စောင့်ကြည့်ရန် “ဒရုန်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်း

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စစ်ဆေးရေးဂိတ်များကို တိမ်းရှောင်သူများနှင့် ပိုမိုရှုပ်ထွေးလာသော ခေတ်သစ်ရာဇဝတ်မှုများကို ဝေဟင်မှ တဆင့် စောင့်ကြည့်နိုင်ရန် လူမဲ့လေယာဉ် (Unmanned Aerial Vehicles-UAV) များ အသုံးပြုသည့် "ဒရုန်းကင်းလှည့်အဖွဲ့" (Drone Patrol) စစ်ဆင်ရေးကို စတင်အသုံးပြုပြီ ဖြစ်ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၁၅...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

တရုတ်သမ္မတနှင့် အာဏာသိမ်းသမ္မတ ပေကျင်းမြို့ တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

မိုင်းပျဉ်းတွင် မူးယစ်ဆေး ကျပ်သိန်း ၃ထောင်နီးပါး ဖမ်းဆီးရမိ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့တွင် ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ငွေကျပ် သိန်း ၃ထောင်နီးပါး တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားများကို အမျိုးသား ၃ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် သတင်းအရ မိုင်းပျဉ်းမြို့ အောက်ဈေးတန်းရပ်ကွက်တွင် စိုင်းဦးဟောင် မောင်းနှင်ပြီး စိုင်းခမ်းလှနှင့် ဝီးဝါလတို့...