သျှမ်းပြည်နယ်အစိုးရ ညွှန်ကြားမှုဖြင့် ဘဝသံသရာတံတားတွင်နားနေစခန်းများ တည်ဆောက်မည်

တောင်ကြီးမြို့နယ် တောင်လေးလုံး အတက်လမ်း၊ ဟဲဟိုးမြို့အနီးရှိ ဘဝသံသရာ တံတား တွင် လူထုများနားနေစခန်းနှင့် ယာဉ်ရပ်နားစခန်းများတည်ဆောက်ရန် သျှမ်းပြည်နယ်အစိုးရ၏ ညွှန်ကြားမှုဖြင့် ဆောင်ရွက်သွားမည်ဟု သျှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူးဦးအေးကို ထံမှသိရသည် ။

ဘဝသံသရာရထားလမ်း

“အပန်းဖြေစခန်းကြီးတစ်ခုရယ်လို့တည်ဆောက်ဖို့မရည်ရွယ်ပါဘူး၊ဘဝသံသရာတံတားကို လာရောက် လည်ပတ်ကြတဲ့ ပြည်သူတွေ စနစ်တစ်ကျ ဖြစ်အောင် ရှုရပ်လေးတွေ ၊ အဆောင်လေးတွေ ၊ဇရပ်လိုဟာလေးတွေ ၊ စင်္ကြန်လိုဟာ လေးတွေ ၊အတက်အဆင်း လှေကားတွေ ၊ အပေါ့အပါး သွားလို့ရမယ့် အိမ်သာတွေ ၊ ကားပါကင် လုပ်မယ် အဲ့လောက်ပဲ လုပ်မှာပါ အပန်းဖြေစခန်း ကြီးတစ်ခုအနေနဲ့ တော့ဆောင်ရွက်သွားဖို့ ရည်ရွယ် ထားခြင်းလဲ မရှိပါဘူး ” ဟု ဦးအေးကိုရှင်းပြသည် ။

Photo by TGI Youth- ဘဝသံသရာ တံတား (ရထားလမ်း) သို့လာရောက်ကြည့်ရှုလည်ပတ်သူများ တနေ့တခြားများပြားလာ

အဆိုပါ နေရာတွင် နားနေစခန်းများတည်ဆောင်နိုင်ရန် အတွက် အများပြည် သူများ ပါ၀င်ယှဉ်ပြိုင်နိုင်သည့် ဒီဇိုင်းရွေးချယ်မှုများအား ရှမ်းပြည်နယ် အင်ဂျင်နီယာအသင်းနှင့် စည်ပင်သာယာရေးဌာနမှ ကော်မတီဖွဲ့ တို့ပူး ပေါင်း ကာစီစဉ်ဆောင်ရွက်လျှက်ရှိပြီး စတင်တည်ဆောက်မည့် ရက်ကို သတ်မှတ်ထားခြင်း မရှိသေး ကြောင်းဆက်လက်သိရသည် ။
ဘဝသံသရာတံတားအား ပြည်တွင်းပြည်ပ ခရီးသွားများက အထူးစိတ်ဝင်စားကာ အများအပြား လာရောက် လည်ပတ်ကြသည်။ ဘဝသံသရာ တံတားကို ၁၉၂၇ ခုနှစ်ကစတင်တည်ဆောက်ခဲ့ပြီး ယခု သက်တမ်းနှစ် ၉၀ နီးပါးရှိပြီဖြစ်သည်။ တံတားအမြင့် ၆၂ ပေရှိကာတံတား အရှည် ပေ ၂၀၀ ရှိကြောင်း သိရသည် ။

အဆိုပါ တံတားပေါ်မှ နေ့စဉ် အကွာအဝေး ၉၈ မိုင်ရှိသည့် သာစည် – ရပ်စောက်သို့ အစုံ -အဆန်ခရီး ရထားပုံမှန် ပြေးဆွဲလျက် ရှိကာ ကုန်ရထား၊ ဆီသုံးတွဲရထား ၊ ရထားသံလမ်း အောက်ခံ ကွန်ကရစ် ဇလီဖားတုံး သယ်ဆောင်ခြင်း အတွက် အဆိုပါတံတားအား အသုံးပြုကြရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...