စစ်ချီတေး လွှမ်းမိုး တဲ့ လွိုင်တိုင်းလျန်း

စစ်ချီတေး နဲ့ အတူ ပြောင်လက်နေတဲ့ စစ်ဝတ်စုံ တွေနဲ့ ချီတက်လာတဲ့ သျှမ်းစစ်သားတွေ ရဲ့ ဘယ်ညာ ခြေနင်း သံတွေကလည်း ခပ်ပြင်းပြင်း ကြားနေရပါတယ်။

ရာချီတဲ့ စစ်ရေး ပြနေတဲ့ သျှမ်းစစ်သားရဲ့ ထိပ်ဆုံး မှာတော့ သူတို့ အလေးအမြတ်ထားတဲ့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီး ယွက်ဆစ် ရဲ့ ဓာတ်ပုံ မှန်ဘောင် ၃ ခု ကို ကိုင်ထားကြပါတယ်။

သူတို့က ဘယ်ညာ ချီတက်ရင်း ဘေးတဖက် တချက်စီ မှာ ရှိနေတဲ့ တူရိယာ တီးမှုတ်တဲ့ ရဲဘော်တွေ က စစ်ချီ တေးသံ ကို ပိုပြည့်စုံအောင် ပါရမီ ဖြည့်နေပါတယ်။

သူတို့ကတော့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် ( RCSS/SSA) ရဲ့ ရဲဘော်တွေပါပဲ။

သူတို့ ဌာနချုပ် ဖြစ်တဲ့ လွိုင်တိုင်းလျန်း မှာ ဖေဖော်ဝါရီ ရ ရက်နေ့ အတွက် စစ်ရေး ပြနေကြတာပေါ့။

ထိုနေ့မှာ တော့ စစ်သည် အင်အားမှာ ၇၀၀ ကျော် ရှိပြီး၊ စစ်သည် အမျိုးသမီး မှာ ၂၀၀ ခန့်ရှိပြီး တချို့ စစ်သည်မှာ ငယ်ရွယ်သေးတာကို တွေ့မြင်ရပါတယ်။

“ ငယ်တဲ့စစ်သည်တွေ က အခုမှ စစ်သင်တန်း သားတွေပဲ ရှိသေးတယ်”လို့ နီးစပ်သူတွေက ပြောပြပါတယ်။

လွိုင်တိုင်းလျန်း တောင်ပေါ် ကျင်းပတဲ့ သျှမ်း အမျိုးသားနေ့ မှာတော့ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးသဘောတူညီ စာချုပ် (NCA) စာချုပ်ချုပ်ဆိုတဲ့ အဖွဲ့တွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်၊ နိုင်ငံရေး အသိုင်း အဝန်းတွေ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ က အစ လာရောက် ဂုဏ်ပြု ကြတာကို တွေ့မြင်ရပါတယ်။

သျှမ်း အမျိုးသားနေ့ ကို ဖေဖော်ဝါရီ ၆ ရက်နေ့ ည နေ မှ စတင်ကာ လွိုင်တိုင်းလျန်းတို့ လာရောက်တဲ့ အထူး ဧည့်သည်တွေကို ဗိုလ်ချုပ်ကြီး ယွက်ဆစ် က ညနေမိတ်ဆုံစားပွဲ နဲ့အတူ နာမည်ကျော် သျှမ်း အဆိုတော်တွေ ရဲ့ ဖြေဖျော်မှု နဲ့ ဧည့်ခံပါတယ်။

“ ကျနော်တို့ ရဲ သျှမ်းလူမျိုးတွေ လွိုင်တိုင်းလျန်း ပွဲမှာ လာ အား ပေးဖို့အတွက် ထိုင်းနိုင်ငံဘက်ကအာဏာပိုင်တွေ ကို ခွင့်တောင်းရပါတယ်။ ကျနော် သိသလောက်ကတော့ ပွဲလာပရိသတ်က ကားအစီးရေ ၅၀၀၊ လူအင်အား ၁၅၀၀ ကျော် ရှိပါတယ်” လို့ RCSS/SSA ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောပါတယ်။

RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်း ဟာ ထိုင်း မြန်မာ နယ်စပ် မှာ တည်ရှိပါတယ်။

လွိုင်တိုင်းလျန်းတောင်သွားတဲ့လမ်းတလျှောက်ဟာ တောင်တန်းတွေ သစ်ပင်သစ်တောတွေထူထပ်စွာရှိပါတယ်။ တောင် စတက်ချိန်မှာတော့ ဆိုင်ကယ်တွေကားတွေအသွားများတာကြောင့် ဖုံမှုန့်များ တလိမ်းလိမ်းထ တာကို မြင်တွေ့ရပါတယ်။

လွိုင်တိုင်းလျန်းဌာနချုပ် အဝင်မုခ်ဝ မှာတော့ စစ်ဆေးရေး ဂိတ်တခုထားရှိပြီး လမ်းဘေးတဘက်တချက်ကစလို့ ပွဲခင်းအထဲအထိ ဝါ ၊ စိမ်း ၊ နီ အလယ်လဝန်းပါ သျှမ်းအလံ စိုက်ထူ ထားပါတယ်။

လွိုင်တိုင်းလျန်းမှာ ဖေဖော်ဝါရီ ရ ရက်နေ့ သျှမ်း အမျိုးသားနေ့ ကို စည်းကားသိုက် မြိုက်စွာကျင်းပမှာဖြစ်တယ်လို့ ကြားကြရတာကြောင့် ဒေသအသီးသီး အနယ်နယ် အရပ်ရပ်က သျှမ်းပြည်သူလူထုဟာ ဖေဖော်ဝါရီ ၄ ရက်နေ့ က စပြီး တဖွဲဖွဲရောက်လာကြပါတယ်။

သျှမ်းအမျိုးသားနေ့ အထိမ်းအမှတ် ဖြစ်တဲ့အလျောက် ပွဲစျေးတန်းတွေမှာ သျှမ်းဝတ်စုံတွေကိုယ်စီ နဲ့ သွားလာလည်ပတ်စျေးဝယ်နေကြသလို စစ်သားတွေကတော့ စစ်ဝတ်စုံတွေနဲ့ ပွဲအတွက်စီစဉ်လှုပ်ရှားသွားလာနေတာကို တွေ့မြင်ရပါတယ်။

လွိုင်တိုင်းလျန်း ရဲ့ စျေးတန်း ထဲမှာတော့ ရိုးရာ အဝတ်အစားတွေ၊ ရိုးရာ အစားအစာတွေ၊ ထိုင်း တံဆိပ်စုံ ဘီယာ ၊ လွိုင်တိုင်းလျန်း က ထုတ်တဲ့ မိုင်ဆုန် ဘီယာ နဲ့ ဆေးရေစိမ် အရက်တွေ အစုံအလင်ရောင်းချနေတာ တွေ့ရပါတယ် ။

လာရောက်တဲ့ ဧည့်သည်တွေလေ့လာကြည့်ရှုဖို့အတွက် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ပြခန်းနဲ့ သျှမ်း လက်နက်ကိုင် တော်လှန်ရေး သမိုင်းခန်းမ ကိုပါ ဖွင့်လှစ်ပြသထားပါတယ်။

လွိုင်တိုင်းလျန်း က သျှမ်းအမျိုးသားတွေဂုဏ်ယူရတဲ့ သျှမ်းတပ်မတော်ဌာနချုပ်ဖြစ်လို့ စိတ်ဝင်တစား လာရောက်လေ့လာကြတာရှိသလို၊ တချို့ကလည်း ကိုယ့်သား၊သမီး စစ်သင်တန်းလာ တက်လို့ ပွဲကာလမှာ သားသမီးဆီလာရင်း ပွဲဝင်ဖို့ လာကြတာလို့ ပွဲလာပရိသတ်တွေကပြောဆိုပါတယ်။

ပွဲကာလမှာ လွိုင်တိုင်းလျန်းဌာနချုပ်မှာတည်းခိုစရာ နေရာ ပြည့်လျှံမှုကတော့ နှစ်စဉ်ကြုံတွေ့နေရတဲ့အတွက် တချို့ က ကိုယ်ပိုင်ရွက်ဖျင်တဲတွေ ယူလာပြီး လာရောက် လည်ပတ်တာကို တွေ့ရပါတယ်။

“ ကျနော် ကတော့ လွိုင်တိုင်းလျန်း ကို မရောက်ဖူးတာရော၊ ကျနော် သား ဆီ လာလည်တာရောပါပဲ။ ကိုယ့်လူမျိုးရဲ့စစ်တပ်က ဘယ်လို ရှိလဲ ဆိုတာ သိချင်တယ်။ နောက် ကိုယ့် လူမျိုး တွေ ဆုံကြတဲ့သဘောပါ”လို့ မူဆယ်မြို့မှ လာရောက် တဲ့ စိုင်းအောင် ကပြောပါတယ်။

လွိုင်တိုင်းလျန်း က ထိုင်းနိုင်ငံ နယ်စပ် ဖြစ်တဲ့ အလျောက် ထိုင်းဘတ်ငွေ၊ ထိုင်း ဖုန်း ကိုသာ သုံးစွဲကြပါတယ်။

“ အရင်က တောင်ပေါ်မှာ ရေခက်ခဲတယ်။ ဖုန်းတိုင်တွေ မရှိဘူး။အခုတော့ ထိုင်း က ဖုန်းတိုင်တွေ လာလုပ်ပေးတယ်။ အင်တာနက်လည်း ရတယ်။ နောက် ရေပိုက်တွေလည်း သွယ််လိုက်ပြီ။ ဒီတောင်ပေါ်က တိုးတက်လာတယ်” လို့လည်း လွိုင်တိုင်းလျန်း တွင်နေထိုင်တဲ့ အမျိုးသား တဦး က ပြောပါတယ်။

လက်ရှိမှာ တော့ လွိုင်တိုင်းလျန်း မှာ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က သျှမ်း ကလေး တွေ အတွက် တက္ကသိုလ် ဆောက်နိုင်ဖို့ လုပ်နေကြောင်း လည်း သူ က ဆက်လက်ပြောပါတယ်။

RCSS/SSA ဟာ ၂၀၁၅ ခုနစ်တွင် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲ သဘောတူညီ စာချုပ် ( NCA) ချုပ်ဆိုခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ အချိန်ထိ မြန်မာ့ တပ်မတော် နဲ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေသလို သျှမ်း စစ်သားတွေကိုလည်း ဖမ်းဆီးမှုတွေ ရှိနေဆဲပါ။

“ တိုက်ပွဲဖြစ်တာကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်တိုင်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ လက်မှတ်ထိုးရုံနဲ့ ပြီးပြတ်နိုင်တယ်ဆိုတာ မရှိပါဘူး။ အကောင်းဆုံးနဲ့ အဖြစ်နိုင်ဆုံး ကလည်း NCA နည်းလမ်းပဲရှိပါတယ်။ တိုုက်ပွဲ ကိစ္စကလည်း ကျနော်တို့ ညှိနှိုင်းရမှာပါ” လို့ RCSS မှ အတွင်းရေးမှူး-၃ ဗိုလ်မှူးကြီး စိုင်းငင်း ကပြောပါတယ်။

ဒါ့အပြင် သျှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင် ကျင်းပသည့် အမျိုးသားအဆင့် သျှမ်းလူထု တွေ့ဆုံပွဲများကို တပ်မတော် က ၂၀၁၇ ဖေဖော်ဝါရီ လကုန် ပိုင်းတွင် ဟန့်တားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

RCSS အနေနဲ့ သျှမ်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကို လင်းခေးမြို့မှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ကျင်းပနိုင်ကြောင်း ၊တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) က ဆုံးဖြတ်ခဲ့ပါတယ်။

သို့သော်လည်းဘဲ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို မပြုလုပ်နိုင်တဲ့ အတွက် ယခု ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေး မှာ တင်ပြဆွေးနွေးနိုင်မှာ မဟုတ်ကြောင်းလည်း သိရပါတယ်။

၂၁ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ နဲ့ ပတ်သတ်ပြီး RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က “၂၁ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ဆက် ကျင်းပသွားနိုင်အောင် ကျနော် တို့ အနေနဲ့ ဆက်လက်ပြီး ကြိုးပမ်းသွားမယ်” လို့ ဆိုပါတယ်။

၁၉၄၇ ခုနစ် ဖေဖော်ဝါရီ ရ ရက်နေ့ က သျှမ်းတိုင်းရင်းသားတွေ အနေနဲ့တခြားသော တောင်တန်းဒေသ တိုင်းရင်းသားတွေ ဖြစ်တဲ့ ချင်း၊ကချင် တို့နဲ့ အတူ ပြည်နယ်၊ပြည်မ အတူတကွ လွတ်လပ်ရေး ရယူမယ်လို့ ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့တဲ့ နေ့ရက်တရက်ပါ။

ပင်လုံစာချုပ်ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တာလည်း နှစ်ပေါင်း(၇၀) ရှိပါပြီး၊ သိုသော်လည်း တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး နှစ်ပေါင်း(၇၀) နီးပါး ပြည်တွင်းစစ် ဖြစ်ပွားမှုကြောင့် လွတ်လပ်ရေးရဲ့ အသီးအပွင့်တွေ ကို ပြည့်ဝစွာ ရရှိခံစား နိုင်ခြင်းမရှိသေးပေ။

ဒါ့အပြင် သျှမ်း စော်ဘွားတွေ နဲ့ ပြည်သူလူထုတွေ ကြားသွေးစည်းညီညွတ်မှု ရခဲ့သလို ထိုနေ့မှာပဲ သျှမ်း အမျိုးသား သီချင်းနဲ့ သျှမ်း အမျိုးသားအလံ ကို သတ်မှတ်နိုင်ခဲ့တဲ့ နေ့ရက်လည်းဖြစ်ပါတယ်။

ဒါ့ကြောင့် ပင်လုံစာချုပ် နဲ့ ပြည်ထောင်စု နေ့ ဖြစ်ပွားလာဖို့ ပေါ်ပေါက်လာဖို့ အတွက် သျှမ်း အမျိုးသား နေ့ ကလည်း အရေးကြီးတဲ့သမိုင်း ဝင်ရက်တရက်လို့ ဆိုနိုင်ကြောင်း သိရပါတယ်။

သျှမ်း အမျိုးသားနေ့ ဟာ မြန်မာတပြည်လုံး ရဲ့ နေ့ထူး နေ့မြတ် ဖြစ်ပြီး၊ ပြန်တမ်းဝင် ပြုလုပ်တဲ့နေ့တနေ့ ဖြစ်တဲ့အလျောက် တရားဝင် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးရန် သင့်တော်တဲ့ အချက်လည်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားပါတယ်။

“လွိုင်တိုင်းလျန်းကို ငွေကုန် ကျခံ ပြီး သျှမ်း အမျိုးသားနေ့ ပျော်ပွဲလာတာထက် ဒီကိုလာတာ ဘာရသွားလဲ။ နောက် ကိုယ့်လူမျိုးတွေ အတွက် ဘယ်လို အကျိုး တွေ ထမ်းရွက်သွားမလဲ ဆိုတာ စဉ်းစားသင့်ပါတယ်” လို့ လွိုင်တိုင်းလျန်း သို့လာရောက်တဲ့ အမျိုးသား ဧည့်သည် တဦးက ပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

ဂျပန်နိုင်ငံတွင် ပြင်းအား ၇.၁ ငလျင်လှုပ်ခတ်၊ စျေးဝယ်စင်တာ ပေါက်ကွဲ သေဆုံးမှုရှိ

0
ဂျပန်နိုင်ငံတောင်ပိုင်း၊ ကူမာမိုတိုခရိုင် (Kumamoto Prefecture) တွင် ယမန်နေ့ (ဇူလိုင် ၂၈ ရက်) က ပြင်းအား ၇.၁ ရှိ ပြင်းထန်သော ငလျင် လှုပ်ခတ်ခဲ့ရာ လူသေဆုံးမှုရှိပြီး၊ သောင်းနှင့်ချီသော နေအိမ်များ လျှပ်စစ်မီး ပြတ်တောက်ကာ လမ်းပန်းဆက်သွယ်ရေးနှင့် စက်ရုံများ လည်ပတ်မှုများ...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...