ထိုင်း-မြန်မာကူးသန်းရောင်းဝယ်ရေးတိုးမြှင့်ရေးအတွက် မယ့်ဟောင့်ဆောင်ခရိုင်အတွင်းရှိ ဂိတ်ကြီး ၄ ခုအား တရားဝင်ဖွင့်ပေးရန်အာဏာပိုင်များအား ဒေသခံတောင်းဆို

ထိုင်း-မြန်မာ ၂ နိုင်ငံ စီးပွါးရေး၊ ကူးသန်းရောင်းဝယ်ရေး တိုးမြှင့်ရေးအတွက်ရည်ရွယ်ကာ နယ်စပ်ဂိတ်ပေါက်များ တရားဝင်ပြန်လည်ဖွင့်လှစ်ပေးဖို့ ဒေသခံများက သက်ဆိုင်ရာအာဏာပိုင်များအား တောင်းဆိုလိုက်ကြောင်းသိရသည်။

နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်ပါက နယ်စပ်ဂိတ်တည်ရှိရာမြို့နယ်များအပြင် နိုင်ငံတော်အဆင့်အထိ စီးပွါးရေးပြန်လည်ဦးမော့လာစေမည်ဖြစ်သကဲ့သို့ တဖက်တွင်လည်း တရားမဝင် မှောင်ခိုပစ္စည်များ တင်သွင်းသယ်ဆောင်မှုများအား ကာကွယ်နိုင်ရန်လည်းအထူးကာကွယ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဒေသအာဏာပိုင်များကပြောဆိုသည်ဟု ထိုင်းနိုင်ငံ TNN သတင်းဌာနကထုတ်ပြန်ကြေငြာသည်။

ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင်ခရိုင် ခွန်ယုံးမြို့နယ် ဟွေ့ဖင့်ရွာနှင့် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်ဟိုမိန်းမြို့နယ် နားမွန်းရွာကြား နယ်ခြားဂိတ်မှ ၂ နိုင်ငံကြား အသုံးအဆောင်၊ အစားအသောက် ကုန်စည်ပစ္စည်းများ နေ့စဉ် သယ်ဆောင် ကူးသန်းလျှက်ရှိသည်။
အဆိုပါလမ်းမှ သျှမ်းပြည်မြို့တော် တောင်ကြီးသို့လည်းကောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း မန်းတလေးမြို့သို့လည်းကောင်းတိုက်ရိုက် သွားနိုင်သည်ဖြစ်ရာ အဆိုပါနယ်စပ်ဂိတ်အား ထာဝရဖွင့်လှစ်နိုင်ရေးအတွက် ဒေသခံများက သက်ဆိုင်ရာ အာဏာပိုင်များထံတောင်းဆိုထားသည်ဟုလည်းသိရသည်။

“အခုအများ သုံးနေတဲ့ မယ့်ဟောင့်ဆောင်မြို့နယ်ထဲကဘဲ ဟွေ့တွန့်နွန့်ရွာက ဂိတ်လိုပေါ့။ ဒါမယ့် ဟွေ့တွန့်နွန့်ကနေသွားရင်နေပြည်တော်ကိုရောက်မယ်။ မန်းတလေးအထိရောက်မယ်။ ဒါပေမယ့် လမ်းကြမ်းတယ်။ သွားရခက်တယ်။ ဒီဟွေ့ဖင့်ဂိတ်ရဲ့တဖက်ခြမ်းမှာ ဟိုမိန်းမြို့နယ်ခွဲ နားမွန်းရွာရှိတယ်။ တောင်ကြီးနဲ့ ကီလိုမီတာ ၃၀၀ လောက်ဘဲဝေးတယ်။ နေ့ချင်းပေါက်တောင်ကြီးကိုရောက်နိုင်တယ်။ လမ်းလည်းပိုကောင်းတယ်။အဲတာကြောင့် ဟွေ့ဖင့်ဂိတ်ကို တရားဝင်ဖွင့်ပေးစေချင်တယ်”- ဟု မယ့်ဟောင့်ဆောင် ဒေသခံ ကုန်သည် နန်းဆုဒါရတ်ကပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအာဏာပိုင်များသည် အဆိုပါနားမွန်းရွာဖက်ခြမ်းမှကုန်သည်များအား မယ့်ဟောင့်ဆောင်မြို့တွင်းအထိ၀င်ရောက် ပစ္စည်းဝယ်ယူခွင့်မပေးခဲ့ပေ။ ထို့အတွက် ကူးသန်းရောင်းဝယ်ရေး၊ ခရီးသွားလုပ်ငန်းများတိုးမြှင့်နိုင်ရေးအတွက် ထိုသို့ပိတ်ပင်ထားမှုမှပြန်လည်ဖွင့်လှစ်ပေးရန် ကုန်သည်များက တောင်းဆိုနေကြခြင်းဖြစ်သည်။

“အခုက ဟိုဘက်ကမ်းကလူကို မယ့်ဟောင့်ဆောင်မြို့နယ် နားပါစပ်ရွာအထိဘဲပေးဝင်တော့ ကန့်သတ်မှုတွေတအားများ နေသေးတယ်။ တချို့ဆိုရင် ဆေးရုံသွားချင်တယ်။ တချို့ဆိုရင် ပစ္စည်းသွားဝယ်ချင်တယ်။ တကယ်လို့ မြို့တွင်းမြို့နယ်အထိ ပေးဝင်ရင်တော့ ဟိုဘက်ဒီဘက်ကုန်သည်တွေ အတွက် အဆင်ပြေစေသလို ကားသမားတွေလည်း ၀င်ငွေတိုးစေမယ်လေ။” – ဟု မယ့်ဟောင့်ဆောင်ခရိုင်သား ကုန်သည် စိုင်းခွန်းဆန်က ပြောသည်။

မယ့်ဟောင့်ဆောင်ခရိုင်အတွင်း မြန်မာနိုင်ငံနယ်စပ်ဂိတ်ကြီး ၄ ခုရှိရာ ဂိတ်၏ တဖက်တချက် ကျေးလက်ကြား ကုန်စည်ပစ္စည်းများ ကူးသန်းရောင်းဝယ်မှုဖြင့် စီးပွါးရေးလုပ်ငန်းလုပ်နေသကဲ့သို့ ဥပဒေနှင့်မလွတ်ကင်းသည့် နွား၊ သစ်၊ တွင်းထွက်ကျောက်သံ မူးယစ်အစရှိ မှောင်ခိုလုပ်ငန်းများအပြင် ၂ နိုင်ငံ နိုင်ငံသားကတ်အတု များကိုင်ဆောင်သုံးစွဲမှုလည်း ရှိသဖြင့် လုံခြုံရေးများအထူးကြပ်မတ်ချထားကြောင်း မယ့်ဟောင့်ဆောင် ခရိုင်အုပ်ချုပ်ရေးမှူး ကပြောသည်။

မယ့်ဟောင့်ဆောင်ခရိုင်အတွင်းရှိ နယ်ခြားဂိတ် ၄ ခုမှာ မြန်မာနိုင်ငံဘက်ခြမ်း နားမွန်းရွာနှင့်ကပ်လျက် ဟွေ့ဖင့်ဂိတ်၊ ကယားပြည်နယ်လွယ်ကော်နှင့်ကပ်လျက် နမ့်ဖိန်းဒင်ဂိတ်၊ ကယားပြည်နယ် ဖားဆောင်းမြို့နယ်နှင့်ကပ်လျက် ဟွေ့တွန်းနွန့်ဂိတ်နှင့် မယ့်ဟောင့်ဆောင်လေဆိပ် စားသောက်ကုန်ဂိတ်တို့ဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဆီယံနှင့် UN ကြား တရားဝင်မှုရရှိရေး အာဏာသိမ်း သမ္မတ၏ ကစားကွက်

0
ယခု ဇူလိုင်လအတွင်း မြန်မာစစ်အစိုးရနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသော သံတမန်ရေးရာ လှုပ်ရှားမှုများသည် ယခင်က ၎င်းတို့ကိုယ်တိုင် ကျင့်သုံးနေခဲ့သော ကာကွယ်ရေးကို ဦးတည်သည်ဆိုသည့် အထီးကျန်မူဝါဒများမှ လက်ရှိတွင် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှု ရရှိနိုင်ရေးအတွက် စွန့်စားရသော်လည်း ပို၍ ရန်လိုသော ထိုးစစ်ဆင်မှုပုံစံအဖြစ်သို့ သိသိသာသာ ကူးပြောင်းလာနေသည်ကို မြင်နေရသည်။ ဗိုလ်ချုပ်မှူးကြီးအဖြစ်မှ...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

အာဏာသိမ်းသမ္မတ လာအိုခရီးစဉ်အပြီး မြန်မာ-လာအိုနယ်စပ်ဂိတ် ပြန်ဖွင့်

0
စစ်အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် ၃ ရက်ကြာသွားပြီးနောက် မြန်မာ-လာအိုနယ်စပ် ရေကြောင်းဖြတ်သန်းမှုကို (ဇူလိုင် ၁၆ ရက်)တွင် တရားဝင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ စစ်အာဏာသိမ်း သမ္မတ...

တာချီလိတ်နယ်စပ် ပတ်စပိုစ့် ရှိသော်လည်း ဘတ်ထောင်ချီပေးမှ ဖြတ်သန်းခွင့်ရနေ

0
စစ်မှုထမ်းဥပဒေကြောင့် တာချီလိတ်မှတစ်ဆင့် ပြည်ပထွက်ခွာသူ များပြားလာပြီး တရားဝင် ပတ်စပိုစ့်ရှိသူများပင် စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထိုင်းငွေ ဘတ်ထောင်ချီ တောင်းခံမှုများရှိနေကြောင်း သတင်းရရှိသည်။ လက်ရှိ မြေပြင်ပေါက်ဈေးအရ အလည်အပတ် ပတ်စပိုစ့် (PV) ကိုင်ဆောင်သူများသည် တရားဝင်ဟု ဆိုသော်လည်း နယ်စပ်ဖြတ်ကျော်ရန် တံတားဖြတ်ခအဖြစ် ထိုင်းဘတ်ငွေ ၃,၀၀၀ ခန့်...

သတင်းထောက်ဖိနှိပ်မှုအဆိုးဆုံး တရုတ်နိုင်ငံမှ ထိုင်းရောက် ဂျာနယ်လစ်တစ်ဦးကို ပြန်လွှဲပေးရန် ဖိအားပေး

0
တရုတ်အစိုးရနှင့် ပတ်သက်သည့်သတင်းများကို စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့် တရုတ်သတင်းထောက်တစ်ဦးအား ပြည်နှင်ဒဏ်ပေးပြီး ချက်ချင်းလွှဲပြောင်းပေးရန် တရုတ်အစိုးရက ထိုင်းနိုင်ငံကို ဖိအားပေးတောင်းဆိုလာကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။ တရုတ်ကွန်မြူနစ်ပါတီ အရာရှိကြီးများနှင့် ဒေသန္တရအစိုးရ တာဝန်ရှိသူများ ပါဝင်ပတ်သက်နေသည့် အကြီးစားခြစားမှုနှင့် ငွေကြေးလိမ်လည်မှု ကွန်ရက်ကို ဖော်ထုတ်ခဲ့သူ ဂျာနယ်လစ် ပိုင်ကျောက်တုန်း (Bai Zhaodong) အား...