မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ NCA လက်မှတ်ရေးထိုး

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ယနေ့ မွန်းလွဲပိုင်းက မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ၂ ဖွဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးခဲ့ကြ ပါသည်။

နေပြည်တော်ရှိ MICC 2 ခန်းမတွင် လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပရာ နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးထင်ကျော်၊ ဒုတိယသမ္မတများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများ၊ သက်သေအဖြစ်နိုင်ငံတကာကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

NCA စာချုပ်အား မွန်ပြည်သစ်ပါတီမှ နိုင်အောင်မင်း၊ နိုင်လယီကောင်း၊ နိုင်အောင်မငေးတို့က လက်မှတ်ရေးထိုးခဲ့ကြပြီး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးက ဆြာဆော်လမွန်၊ဆြာခင်မောင်လှ၊ နာဗစ်ပွန်တို့က လက်မှတ်ရေးထိုးကြသည်။ ငြိမ်းချမ်းရေးကော်မရှင်ဘက်ကမူ ဒေါက်တာတင်မျိုးဝင်း၊ ဦးသိန်းဇော် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးတို့ကလက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် NRPC ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်တို့မှအဖွင့်စကားများပြောကြားခဲ့ကြသည်။ ထိုနောက်ပိုင်း ဒေါက်တာတင်မျိုးဝင်းနှင့်NMSP မှနိုင်အောင်မင်းတို့ က NCA စာချုပ်ပါ အချက်အလက်တချို့ကို ဖတ်ကြားပြီးနောက် NCA လက်မှတ်ရေးထိုးခဲ့ကြသည်။

NCA သည် ငြိမ်းချမ်းရေးဖြစ်စဉ်၏အစ ၊ နိုင်ငံရေးဆွေးနွေးပွဲ အစ၊ လက်နက်ကိုင်ပဋိပက္ခ လျှော့ချခြင်း အစ၊ တွေ့ဆုံဆွေးနွေးမှုတွေက တစ်ဆင့် နိုင်ငံရေးပြဿနာတွေကို ညှိနှိုင်းတိုင်ပင်အဖြေရှာမည့့်် နိုင်ငံရေးဖြစ်စဉ် အစဖြစ်ကြောင်း၊ မြန်မာပြည်၏ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခသည် လွတ်လပ်ရေးနှင့် ဖွားဖက်တော် ဖြစ်ကြောင်း၊ ယနေ့တိုင် နှစ်ပေါင်း ခုနှစ်ဆယ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သံသယများ ၊ မုန်းတီးမှုများ ၊ လက်နက်ကိုင်ပဋိပက္ခများ၏ဆိုးကျိုးအနေဖြင့် ဒေသတွင်း နောက်ကျ ကျန်ရစ်နေရ ကြောင်း၊ ပြည်သူများလည်း အကြောက်တရားနှင့်နေ့စဉ်ရှင်သန်နေထိုင်ကြရ ပြီး ယနေ့ (၂၁)ရာစုခေတ်သစ်အထိ တိုင်းရင်းသားကလေး သူငယ်များ၏ အနာဂတ်များအမှောင်ဖုံးနေရတုန်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ပြောဆိုသည်။

လက်မှတ်ရေးထိုးရခြင်းနှင့်ပတ်သက်ပြီး NMSP ၏ဗဟိုကော်မတီဝင် နိုင်ဆွေသိန်း က- တကယ်တော့ကျနော်တို့က ၁၉၉၅ ခုနှစ်ကတည်းက စစ်အစိုးရနဲ့အပစ်ရပ်လက်မှတ်ရေးထိုးပြီးပါပြီ။ အခုကျနော်တို့ထပ်မံလက်မှတ်ရေးထိုးခဲ့ရတာကလည်း နိုင်ငံရေးဆွေးနွေးပွဲဝင်ဖို့အတွက် အစိုးရက ကမ်းလှမ်းလာလို့ လက်မှတ်ရေးထိုးရတာဖြစ်ပါတယ်- ဟု RCSS ဌာနချုပ်လွယ်တိုင်းလျန်းတွင်ကျင်းပသော သျှမ်းပြည်အမျိုးသားနေ့က သတင်းစာရှင်းလင်းပွဲ တွင်ပြောဆိုသည်။

လားဟူဒီမိုကရက်တစ်အစည်းအရုံး ကလည်း နိုင်ငံရေးပြသနာများအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းနိုင်အောင် NCA လက်မှတ်ရေးထိုးရခြင်းဖြစ်ကြောင်း ပြောဆိုသည်။

UNFC အဖွဲ့ဝင်ဖြစ်သည့် NMSP နှင့် LDU တို့သည် NCA လက်မှတ်ရေးထိုးရန်အတွက် မိမိတို့အဖွဲ့အစည်း၏ အစည်းအဝေးမှ ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်ကြောင်း ၊ UNFC အစည်းအဝေးမှ ဆုံးဖြတ်ချက်မဟုတ်ကြောင်း ၊ သို့အတွက် UNFC အား ခွင့်ပန်အကြောင်းကြားပြီးဖြစ်ကြောင်း ပြောဆိုသည်။

ထို့အတွက်လက်ရှိ UNFC တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ရခိုင်အမျိုးသားကောင်စီ ANC တို့သာကျန်ရှိနေခဲ့ပါသည်။

လက်မှတ်ရေးထိုးသည့်အခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က – ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား NCA စာချုပ် လက်မှတ်ရေးထိုးရေးတွင် ဆက်လက်ပူးပေါင်းပါ၀င်ဖို့ လက်ကမ်းကြိုဆိုကြောင်းပြောဆိုသည်။

၂၀၁၅ ခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့က NCA စာချုပ် ပထမအကြိမ်လက်မှတ်ရေးထိုးပွဲတွင် လက်မှတ်ရေးထိုးပြီးခဲ့သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (KNU/ KNLA-PC/ DKBA/ RCSS/ ABSDF/ ALP/CNF/PNLO) ၈ ဖွဲ့ ရှိပြီး ယနေ့ ၂၀၁၈ ဖေဖော်ဝါရီလ ၁၃ ရက်တွင်ထပ်မံရေးထိုးသည့် မွန် NMSP နှင့်လားဟူ LDU တို့အပါအဝင်လက်ရှိတွင် NCA လက်မှတ်ရေးထိုးပြီးသည့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့ရှိပြီဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အယုဒ္ဓယတွင် ချစ်သူမိန်းကလေးထံ ကျောင်းရန်ပုံငွေ ဘတ် ၉၂ သန်းကျော်လွှဲပေးသည့် ကျောင်းထိုင်ဘုန်းကြီးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် ဘုန်းကြီးကျောင်းတစ်ခုတွင် သက်တော် ၆၆ နှစ်အရွယ််ရှိ ကျောင်းထိုင်ဆရာတော်ဖြစ်သူမှ ဘုန်းကြီးကျောင်း ရန်ပုံငွေ ဘတ် ၉၂ သန်းကျော် (မြန်မာကျပ် ၁၂ ဘီလီယံ နီးပါး) အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (စက်တင်ဘာ ၁၀ ရက်) မနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ...

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ထိုင်း မူလတန်းကျောင်းတခုတွင် ရဲအရာရှိမှ သေနတ်ဖြင့်ဝင်ပစ်၊ အမျိုးသမီးတဉီးသေဆုံး

0
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် စည်ပင်သာရေးဌာန၏ ကလေးထိန်းကျောင်းတခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဉီးသေဆုံးကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ၊ နောင်ပလာလိုင် (Nong Pla Lai) ကလေးထိန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဉီး သေဆုံးခဲ့ပြီး...