လင်းခေးမြို့ ပြည်ထောင်စုနေ့အခမ်းအနား ၄ မြို့နယ်မှ ဧည့်သည်တော် ၅၀၀ ကျော်တက်ရောက်

သျှမ်းပြည်တောင်ပိုင်းလင်းခေးခရိုင် လင်းခေးမြို့တွင် ရ၁ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ် အခမ်းအနားကို ခရိုင်အုပ်ချုပ်ရေးမှူးက ဦးဆောင်ကျင်းပရာ ဖိတ်ကြားထားသော ၄ မြို့နယ်မှအထူး ဧည့်သည်တော် ၅၀၀ ကျော်တက်ရောက်ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကကျင်းပသော ရ၁ ပြည်ထောင်စုနေ့အခမ်းအနားကို လင်းခေးမြို့ နွယ်ဝတီခန်းမ တွင် ပြုလုပ်ကျင်းပ ရာ မောက်မယ် မိုင်းပန် မိုးနဲ လင်းခေး ၄ မြို့နယ် မှအထူးဧည့်သည်တော်များ တက်ရောက် ခဲ့သည်။

“ပွဲကတော့ မနေ့ညကတည်း လုပ်တာပါ။ ပျော်ပွဲရွှင်ပွဲပေါ့။ ဒီနေ့မနက်တော့ နွယ်ဝတီခမ်းမ မှာ ပြည်ထောင်စု နေ့အခမ်းအနားပြုလုပ်တယ်။ သမ္မတကြီးပေးပို့လာတဲ့သဝဏ်လွှာဖတ်ကြားတယ်။ ထူးချွန်တဲ့ကလေးသူငယ် တွေကိုဆုချီးမြှင့်တယ်။ ညနေကျတော့ ညစာစားပွဲရှိတယ်။ မောက်မယ် မိုင်းပန် မိုးနဲ လင်းခေး ၄ မြို့နယ် ကအထူးဧည့်သည်တော်တွေနဲ့ပေါ့။ အကအလှတွေပြိုင်ကြမယ်။ အဆိုတော် ဘိုဖြူကနေ လာပြီးဖျော်ဖြေပေး မယ်”- ဟု မြို့နယ် သျှမ်းစာပေယဉ်ကျေးမှုမှ နန်းယိင်းဟတ်ကပြောသည်။

ပြည်ထောင်စုနေ့အခမ်းအနားမနက်ပိုင်းတွင် တက္ကသိုလ်ဝင်တန်းတွင်ဘာသာစုံဂုဏ်ထူးရှင် ကျောင်းသားလေး ၂ ဦးအား ပညာသင်စရိတ်ထောက်ပ့ံပေးအပ်မှုလည်းပြုလုပ်ခဲ့ကြောင်းသိရသည်။

“ မနှစ်က ၁၀ တန်းမှာဘာသာစုံဂုဏ်ထူးထွက်တဲ့ လင်းခေးဒေသခံ ကလေး ၂ ယောက် စိုင်းကွန်းခမ်းနဲ့စိုင်းလောဝ်ဝမ်းခေးတို့ကို ပညာသင်စရိတ် ၁ လ ၄ သောင်း နဲ့ ဧပြီလအထိ ၅ လ။ စုစုပေါင်း ၂ သိန်းကျပ်ကို ပြည်နယ်ကနေ ထောက်ပ့ံငွေပေးအပ်တယ်။ မိဘတွေက ကိုယ်စား တက်ရောက်လက်ခံတယ် ။ နောက်ပြီးတော့ စာစီစာကုံးပြိုင်ပွဲမှာ ဆုရရှိသူတွေကိုဆုချီးမြှင့်တယ် ။ အဲဒီအခမ်းအနားပြီးရင် အထွေထွေ အုပ်ချုပ်ရေးရုံးလမ်း ကတ္တရာခင်း ကျေးလက် လမ်းတခုဖွင့်ပွဲလုပ်တယ်။ ပြီးတော့ ရွာမကြီးအရှေ့ရပ်ကွက်က ရပ်ကွက်ရုံးဖွင့်ပွဲလုပ်တယ်။ ဒီနှစ်ပြည်ထောင်စုနေ့ရဲ့ထူးခြားတဲ့ အစီအစဉ်လေးပေါ့နော် ”- ဟု နန်းယိင်းဟတ် ကဆက်လက်ပြောပြသည်။

၁၉၄၇ ခုနှစ်က သျှမ်းစော်ဘွားများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဗမာ့ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းတို့ စုပေါင်းကာ ပင်လုံစာချုပ်လက်မှတ်ရေးထိုးသည့်နေ့အားအစွဲပြုကာ ပြည်ထောင်စု နေ့အဖြစ်သတ်မှတ်ခဲ့ကြပြီး အထိမ်းအမှတ်ပွဲကျင်းပလာခဲ့သည်မှာယနေ့တိုင် ရ၁ နှစ်ပြည့်ပြီဖြစ်ပါသည်။

Photo by Ying Hark

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းသူများနှင့် ရာဇဝတ်မှုများကို စောင့်ကြည့်ရန် “ဒရုန်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်း

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စစ်ဆေးရေးဂိတ်များကို တိမ်းရှောင်သူများနှင့် ပိုမိုရှုပ်ထွေးလာသော ခေတ်သစ်ရာဇဝတ်မှုများကို ဝေဟင်မှ တဆင့် စောင့်ကြည့်နိုင်ရန် လူမဲ့လေယာဉ် (Unmanned Aerial Vehicles-UAV) များ အသုံးပြုသည့် "ဒရုန်းကင်းလှည့်အဖွဲ့" (Drone Patrol) စစ်ဆင်ရေးကို စတင်အသုံးပြုပြီ ဖြစ်ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၁၅...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

တရုတ်သမ္မတနှင့် အာဏာသိမ်းသမ္မတ ပေကျင်းမြို့ တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

မိုင်းပျဉ်းတွင် မူးယစ်ဆေး ကျပ်သိန်း ၃ထောင်နီးပါး ဖမ်းဆီးရမိ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့တွင် ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ငွေကျပ် သိန်း ၃ထောင်နီးပါး တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားများကို အမျိုးသား ၃ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် သတင်းအရ မိုင်းပျဉ်းမြို့ အောက်ဈေးတန်းရပ်ကွက်တွင် စိုင်းဦးဟောင် မောင်းနှင်ပြီး စိုင်းခမ်းလှနှင့် ဝီးဝါလတို့...