သိန္နီရောက် ကွတ်ခိုင်ဘက်မှစစ်ဘေးရှောင် ၁၇၀ ကျော် အစားအသောက်လိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှ သိန္နီမြို့သို့ရောက် ရှိနေသော စစ်ဘေးရှောင်လူထု ၁၇၀ ကျော်ရှိပြီဖြစ်ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့က လားရှိုးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်လျန်းခမ်း၊ တန့်ယန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းခမ်းမြတ်နှင့် သိန္နီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထားရီတို့က စစ်ဘေးရှောင်လူထုနှင့်သွားရောက်တွေ့ဆုံ ရာတွင် ဟင်းသီးဟင်းရွက်နှင့်စားသောက်ဖွယ်ရာများလိုအပ်နေကြောင်းသိရသည်။

“ဒီသိန္နီဘက်ကိုရောက်လာတာက ၁၇၄ ယောက်ရှိတယ်။ တာ့ခိုင်ရွာကလူတွေဘဲ ကွတ်ခိုင်မြို့နယ် ၀မ့်ခေါက်ကွဲရွာထဲကိုရောက်နေတာက အိမ်ထောင်စု ၁၃ စု၊ လူဦးရေ ၅၀ ကျော်ရောက်နေတယ်လို့ကြားတယ်။ သိန္နီကိုရောက်နေတဲ့ ၁၇၀ ကျော်က အခုလောလောဆယ် ဆန် ဆီဆား နဲ့အခြောက်အခြမ်းတွေတော့ရှိတယ်။ ဟင်းသီးဟင်းရွက်တွေတော့မရှိဘူး။ အဲတာကြောင့် ဒီဒေသမှာနေတဲ့လူထုကိုကျမတို့က တောင်းဆိုချင်တယ်။ စေတနာရှင်တွေ လာပြီးတော့ ဟင်းသီးဟင်းရွက်တွေ ပေးကမ်းကြပါဦးလို့။”- ဟု နန်းခင်ထားရီက ပြောသည်။

အဆိုပါစစ်ဘေးရှောင်များသည် ဖေဖော်ဝါရီလ ၅ ရက်နေ့က အစိုးရတပ်နှင့် တအာင်းတပ်မတော်တို့ကြားဖြစ်ပွါးသောတိုက်ပွဲကြောင့် ကွတ်ခိုင်မြို့နယ် ၀မ့်ဆိုင်းခေါင်ရွာ ၀မ့်တာ့ခိုင်ရွာ မှ သိန္နီမြို့နယ် ကောင်းအိုင်အုပ်စု ကောင်းအိုင်ရွာမဘုန်းကြီးကျောင်းသို့တိမ်းရှောင်ခိုလှုံကာ နေကြသူများဖြစ်ကြောင်းသိရသည်။

ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် တအာင်းတပ်ဖွဲ့ကြား၊ တအာင်းတပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA ကြား တိုက်ပွဲများ ငြိမ်နေသည်ဟုဆိုသော်လည်း ၂ ဦး ၂ ဘက်ကြားတင်းမာနေသည့်အနေအထားရှိနေသေးတာကြောင့် စစ်ဘေးရှောင်များနေရပ်မပြန်ရဲသေးဟုသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ထိုင်းမြေပေါ် မြန်မာမိခင်များ ၁၃၁,၀၀၀ ကျော် မွေးဖွားခဲ့ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

0
ထိုင်းနိုင်ငံအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့အထိ ကာလအတွင်း မြန်မာနိုင်ငံသူ မိခင်များမှ မွေးဖွားခဲ့သည့် ကလေး အရေအတွက် စုစုပေါင်း ၁၃၁,၈၆၀ ဦးအထိ ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဒေတာစင်တာ၏ ထုတ်ပြန်သည့် အချက်အလက်များအရ...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...