RCSS/SSA ဌာနချုပ်လွယ်တိုင်းလျန်းတွင်ကျင်းပသော ရ၁ ကြိမ်မြောက် သျှမ်းပြည်အမျိုသားနေ့ အခမ်းအနား အပစ်ရပ်၊ မရပ် တိုင်းရင်းသားခေါင်းဆောင်များတက်ရောက်

၇၁ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားကို သျှမ်းပြည်တွင်း အနယ်နယ်အရပ်ရပ်အပြင် RCSS/SSA ဌာနချုပ်လွယ်တိုင်းလျန်းတွင်လည်း အကြီးအကျယ်ပြုလုပ်ရာ NCA အပစ်ရပ်လက်မှတ်ရေးထိုး၊ မရေးထိုးရသေးသည့် တိုင်းရင်းသားကိုယ်စားလှယ်များ တက်ရောက်ကြောင်းသိရသည်။

၂၀၁၈ ဖေဖော်ဝါရီလ ရ ရက်က RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်း တွင်ကျင်းပသော သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားသို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ရ ဖွဲ့ခေါင်းဆောင် UWSA ၀ တပ်ဖွဲ့၏ကိုယ်စားလှယ်အပါအဝင် ပအို၀်း PNO ၊ PNLA ၊ ကရင် KNU ၊ ကရင်နီ KNPP လားဟူ LDU ၊ မွန် NMSP ၊ ကရင် DKBA ၊ ကျောင်းသားတပ်မတော် ABSDF တို့မှကိုယ်စားလှယ်များ အပစ်ရပ်လက်မှတ်မရေးထိုးရသေးသည့် UNFC မှခေါင်းဆောင်များ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားသို့ UN ကိုယ်စားလှယ်များ အပြင် မြန်မာနိုင်ငံမှ သံရုံးကိုယ်စားလှယ် ၂၀ ကျော်ကလည်း တက်ရောက်အားပေးကြကြောင်း အခမ်းအနားတက်ရောက်သည့် ကျောက်မဲဒေသခံ စိုင်းဦးကပြောသည်။

“စစ်ရေးပြစစ်သည်တွေအပါအဝင် ပွဲတက်တဲ့ပရိသတ် ၃၀၀၀ နီးပါးရှိတယ်လို့သိရပါတယ်။ မြို့နယ်အသီးသီးက ယဉ်ကျေးမှုအကအဖွဲ့တွေ၊ နာမည်ကြီးအဆိုတော်တွေ လည်း လာပြီးဖျော်ဖြေကြတယ်။ ဒီနှစ်တော်တော်စည်တယ်လို့ပြောရပါမယ် ”- ဟု ၄င်းကပြောသည်။

၇၁ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားအတွက် နိုင်ငံတော်သမ္မတကြီးဦးထင်ကျော် ၊ သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တို့မှ သဝဏ်လွှာများ ပေးပို့ခဲ့ကြပါသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ခွန်ထွန်းဦးမှလည်း ရ၁ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ သဝဏ်လွှာ ပေးပို့ခဲ့ သည်။ သျှမ်းပြည်မြောက်ပိုင်း မူစယ်၊ နမ့်ခမ်း၊ လားရှိုး၊ သိန္နီ ၊ သျှမ်းပြည်တောင်ပိုင်း တောင်ကြီး ၊လင်းခေး၊လွယ်လင်၊ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းဆတ် တို့တွင်လည်း သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားကျင်းပခဲ့သည်။

၁၉၄၇ ခု ဖေဖော်ဝါရီ ၁၁ နေ့က သျှမ်းပြည်ကောင်စီဥက္ကဌ SSC စဝ်ခွန်ပန်းစိန် က သျှမ်းပြည်ဆိုင်ရာ ဆုံးဖြတ်ချက် ၃ ရပ်အတည်ပြုကြောင်း ထုတ်ပြန်ကြေငြာရာတွင် (၁) – ဖေဖော်ဝါရီလ ရ ရက် ကို သျှမ်းပြည်အမျိုးသားနေ့ အဖြစ်၊ (၂) – ၀ါ-စိမ်း-နီ နှင့် အလယ်လဝန်ပါ အလံကို သျှမ်းပြည်အမျိုးသားအလံနှင့် (၃) – ခေးတိုင်းခေးရာဇာ သီချင်းကို အမျိုးသားသီချင်းအဖြစ် သတ်မှတ်ခဲ့ရာမှာ ယနေ့တိုင် ဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းသူများနှင့် ရာဇဝတ်မှုများကို စောင့်ကြည့်ရန် “ဒရုန်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်း

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စစ်ဆေးရေးဂိတ်များကို တိမ်းရှောင်သူများနှင့် ပိုမိုရှုပ်ထွေးလာသော ခေတ်သစ်ရာဇဝတ်မှုများကို ဝေဟင်မှ တဆင့် စောင့်ကြည့်နိုင်ရန် လူမဲ့လေယာဉ် (Unmanned Aerial Vehicles-UAV) များ အသုံးပြုသည့် "ဒရုန်းကင်းလှည့်အဖွဲ့" (Drone Patrol) စစ်ဆင်ရေးကို စတင်အသုံးပြုပြီ ဖြစ်ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၁၅...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

တရုတ်သမ္မတနှင့် အာဏာသိမ်းသမ္မတ ပေကျင်းမြို့ တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

မိုင်းပျဉ်းတွင် မူးယစ်ဆေး ကျပ်သိန်း ၃ထောင်နီးပါး ဖမ်းဆီးရမိ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့တွင် ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ငွေကျပ် သိန်း ၃ထောင်နီးပါး တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားများကို အမျိုးသား ၃ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် သတင်းအရ မိုင်းပျဉ်းမြို့ အောက်ဈေးတန်းရပ်ကွက်တွင် စိုင်းဦးဟောင် မောင်းနှင်ပြီး စိုင်းခမ်းလှနှင့် ဝီးဝါလတို့...