မိုင်းကိုင်ကျောက်မီးသွေးတူးဖော်ဖို့ ကုမ္မဏီတွေ့ဆုံညှိနှိုင်းမှုအား သျှမ်းပြည်နယ်လွှတ်တော်၏ စီစစ်ရေးကော်မတီမှပယ်ချ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ကျောက်မီးသွေးတူးဖော်ရေး စီမံကိန်းအား သျှမ်းပြည်နယ် လွှတ်တော်၏ စိစစ်ရေးကော်မတီ အဖွဲ့ ၄ ဖွဲ့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်မီးသွေး တူးဖော်မည့် ဟိန်းမေတ္တာ ကုမ္ပဏီ ပိုင်ရှင် က ကော်မတီအဖွဲ့အား တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၅ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌ ဟိန်းမေတ္တာ ကုမ္ပဏီပိုင်ရှင် နှင့်အတူ ကုမ္ပဏီ CEO တို့က မိုင်းကိုင်မြို့ရှိ ကျောက်မီးသွေး တူးဖော်မည့်ကိစ္စ ကွင်းဆင်းလေ့လာသည့် ကော်မတီ များအားတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

“ကုမ္မဏီက ‘ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ကြားနေပြီးတော့ ညှိနှိုင်းပေးဖို့ ’ ဆိုပြီး စကားလာပြောတယ်၊ ကျနော်တို့သည် လွှတ်တော်က တာဝန်ပေးလို့ ကွင်းဆင်းစစ်ဆေးတာ။ ပြည်သူတွေ လက်မခံတဲ့ ကိစ္စ ၊ အမှန် အတိုင်း ၊ အရှိ ကို အရှိတိုင်း၊ အမြင်ကို အမြင်တိုင်း လွှတ်တော်ကို တင်မယ် ။ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူတွေကို ဖြောင့်ဖျပြီး ပြောပေးပါ ဆိုပြီး ကုမ္မဏီကနေပြောလာတာတွေက ကျနော်တို့ လုပ်လို့မရဘူး” ဟု မိုင်းရှုးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) သျှမ်းပြည်နယ်လွှတ်တော်မှာ သဘာဝသယံဇာတ နှင့် လျှပ်စစ်ရေးရာကော်မတီ အတွင်းရေးမှူး စိုင်းလင်းမြတ် ကပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးပတ်က သျှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ မှ တစ်ဆင့် သျှမ်းပြည်နယ် စိစစ်ရေး ကော်မတီ မှ တိုင်ကြားစာ စိစစ်ရေးကော်မတီ၊ တရားဥပဒေစိုးမိုးရေး ကော်မတီ ၊ သဘာဝသယံဇာတ နှင့် လျှပ်စစ်ရေးရာ ကော်မတီ နှင့် မြေယာစိစစ်ရေးကော်မတီ ကော်မတီ ၄ ခု တို့ မိုင်းကိုင်မြို့နယ် ကျောက်မီးသွေးတူးဖော်မည့် နေရာကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

“ကျနော်အမြင်ဆိုရင် ကုမ္ပဏီ ဘက်က တူးချင်တယ် ၊ တူးခွင့်ရအောင်လည်း သူတို့ဘက် ကြိုးစားနေမယ်လို့ မြင်တယ်၊ ကျနော်ကတော့ ပွင့်ပွင့်လင်းလင်းပြောလိုက်တယ်၊ သဘာဝပတ်ဝန်းကျင် ဒီထင်းရှုးတောကတော့ ကုန်မှာပဲ ။ စဉ်းစားကြပေါ့ လုပ်သင့် မလုပ် ၊ လုပ်ကွက်ကလည်း ၄၉.၅ ဧက ဆွဲထားတာက ၄ ကွက်တွဲ ဧက ၂၀၀ နီးပါးလောက်ဖြစ်သွားတယ် အကြီးကြီးဖြစ်သွားတယ်” ဟု သျှမ်းပြည်နယ်လွှတ်တော် သဘာဝသယံဇာတ နှင့် လျှပ်စစ်ရေးရာကော်မတီ အတွင်းရေးမှူး စိုင်းလင်းမြတ် ကပြောသည်။

မိုင်းကိုင်မြို့နယ်ရှိ ကျောက်မီးသွေးတူးဖော်ရေး ကိစ္စ နှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးပြီး တွေ့ရှိချက်များ၊ အကြံပြုချက်များကို သျှမ်းပြည်နယ်လွှတ်တော်ဥက္ကဌမှ တစ်ဆင့် အစီရင်တင်ထားပြီး ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း နယ်မြေဧက ၁၀၀၀ ကျော်၌ ကျောက်မီးသွေးတူးဖော် ရန် ပြည့်အောင်ဟိန်းနှင့် ဟိန်းမေတ္တာ ကုမ္မဏီ ၂ ခုက နေပြည်တော်အစိုးရ ထံ ၂၀၁၄ ခုနှစ်ကခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်း ကုမ္မဏီက ဒေသခံလူထုအား ပြောဆိုသည်ဟု သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မူကြမ်းကို ကျော်လွန်၍ – စစ်မှန်သောညီညွတ်ရေးကို သင်ယူရမည့် ဗမာခေါင်းဆောင်ပိုင်း

0
မကြာသေးမီက အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် စစ်ကိုင်း၊ မကွေး အပါအဝင် တိုင်းဒေသကြီး အကောင်အထည် ဖော်ရေး ကောင်စီများက “ဘုံနိုင်ငံရေး သဘောတူညီချက်” (CPA) ကို ထုတ်ပြန်ကြေညာခဲ့ခြင်း သည်...

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...