သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှစစ်ဘေးရှောင် ၁၀၀ ကျော်နေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွါးမှုကြောင့် သန္နီမြို့သို့ထွက်ပြေးတိမ်ရှောင်လာသည့်စစ်ဘေးရှောင်ဒုက္ခသည် ၁၀၀ ကျော်မှာ ယနေ့တိုင်နေရပ်မပြန်နိုင်သေးကြောင်းသိရသည်။

သိန္နီမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် ၁ နန်းခင်ထားရီက- “၅ ရက်နေ့ကတည်းကစပြီးတဖွဲဖွဲရောက်လာပါတယ် သိန္နီကို။ အခုဆိုရင် ၁၆၀ ၀န်းကျင်ရှိပါပြီ။ မွေးကင်းစ ကလေး ၂ ယောက်ရှိပါတယ်။ ကျန်တာကတော့ အမျိုးသား ရ၀ ကျော်နဲ့ အမျိုးသမီး ၈၀ ကျော်ပေါ့။ အခုသူတို့ကို သိန္နီမြို့ ကောင်းအိုင်အုပ်စုက ဘုန်းကြီးကျောင်းမှာ တည်းဖို့နေရာချထားပေးတယ်။ စားဝတ်နေရေးအတွက်အခက်အခဲဖြစ်နေပါတယ်။ နေရပ်မပြန်နိုင်ကြသေးပါဘူး”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ဖေဖော်ဝါရီလဆန်းကတည်းက ကွတ်ခိုင်မြို့နယ် ကွတ်ခိုင်နှင့်သိန္နီကြား ၀မ့်ဆိုင်းခေါင်ရွာနှင့် ၀မ့်တာ့ခိုင်ရွာအနီးတွင် အစိုးရတပ်နှင့်တအာင်းတပ်တို့ကြားတိုက်ပွဲများဖြစ်ပွါးမှုကြောင့်  ဒေသခံရွာသား ၁၆၀ ခန့် သိန္နီမြို့သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြခြင်းဖြစ်သည်။

ကျေးလက်ရွာသားများမှာ သျှမ်း၊ ကချင် ရွာသားများဖြစ်ကြောင်းသိရသည်။

အဆိုပါစစ်ဘေးရှောင် ၁၆၀ ခန့်အား သိန္နီမြို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ဆန်အိတ် ၁၀ အိတ် သွားရောက်ထောက်ပ့ံပေးထားပြီး လက်ရှိတွင်မူ  စားသောက်နေထိုင်ရေးအတွက် အခက်အခဲရှိနေကြောင်း ဆိုပါသည်။

အလားတူ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ နမ္မတူ၊ကျောက်မဲ၊နမ့်ဆန် တို့တွင်လည်း တအာင်းတပ်ဖွဲ့သည် အစိုးရတပ်နှင့်လည်းကောင်း သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်လည်းကောင်းတိုက်ပွဲများဖြစ်ပွါးလျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဂျန္နဝါရီလကမူ နှစ်ဦးနှစ်ဘက်ကြားပစ်ခတ်တိုက်ခိုက်မှုရပ်စဲနိုင်ရေးအတွက် RCSS/SSA နှင့်  TNLA တို့ကြား ပဏာမဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ထိုင်းမြေပေါ် မြန်မာမိခင်များ ၁၃၁,၀၀၀ ကျော် မွေးဖွားခဲ့ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

0
ထိုင်းနိုင်ငံအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့အထိ ကာလအတွင်း မြန်မာနိုင်ငံသူ မိခင်များမှ မွေးဖွားခဲ့သည့် ကလေး အရေအတွက် စုစုပေါင်း ၁၃၁,၈၆၀ ဦးအထိ ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဒေတာစင်တာ၏ ထုတ်ပြန်သည့် အချက်အလက်များအရ...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...