သျှမ်းပြည်အမျိုးသားနေ့နောက်ခံသမိုင်း

၁၈၈၅ – ဗမာပြည် ဗြိတိသျှကိုလိုနီအဖြစ်ကျရောက်။

၁၈၈၇ – သျှမ်းပြည် ဗြိတိသျှ အစောင့်ရှောက်ခံတိုင်းပြည်ဖြစ်လာ။

၁၉၂၂ – စော်ဘွားနယ် ၃၃ နယ် (နောင် ၃၄ နယ်) ပါ၀င်သော ဖက်ဒရယ်ပြည်ထောင်စု သျှမ်းပြည် FSS- ( သျှမ်း ၂၁ ၊ ဓနု ၃၊ ပအို၀်း ၂၊ ပလောင် ၁၊ “၀” – ၁၊ ကိုးကန့် ၁၊ ကယန်း ၁ နယ်) အဖြစ် ( ၁ ၊၁၀၊ ၁၉၂၂ ) ၌ ဖွဲ့စည်း။ အင်္ဂလိပ်ကော်မရှင်နာ ဥက္ကဌ လုပ်။

၁၉၃၀ – ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေးအတွက် သဘောတူစုပေါင်းတောင်းဆိုကြသည့် တောင်ကြီးညီလာခံကျင်းပပြီးသည်နှင့် စက်တင်ဘာ ၃ ကို အမျိုးသားနေ့အဖြစ်သတ်မှတ်၊

၁၉၄၅ – သြဂတ်စ် ၁၅ – ဒုတိယကမ္ဘာစစ်ပြီးဆုံး။

– အောက်တိုဘာ ၁၇ – မွန်နှင့်ရခိုင်အပါအဝင် ဗမာပြည်ကို လွတ်လပ်ရေးပေးရန် အင်္ဂလိပ်အစိုးရကြေငြာ၊ ကျန်တောင်တန်းနယ်စပ်ဒေသများအပေါ် သီးခြားဆက်လက်အုပ်ချုပ်သွားရန်။

၁၉၄၆ – ဂျန္နဝါရီ ၃၀- မိုင်းကိုင်(မိန်းကိန်) ကွန်ဖရင့်စ်တွင် (နောင်သျှမ်းပြည်ကောင်စီဖြစ်လာမည့်) သျှမ်းပြည်စော်ဘွားများကောင်စီဖွဲ့စည်း။ နမ့်ဆန်-တောင်ပိုင် (ပလောင်) စော်ဘွားကြီး ခွန်ပန်းစိန် ဥက္ကဌအဖြစ် တာဝန်ယူ။

-မတ်ချ် ၂၆-၃၀ – ပထမပင်လုံညီလာခံ သျှမ်းပြည်ကောင်စီတွင် လူထုကိုယ်စားလှယ်များပါ၀င်လာရေးဆွေးနွေး။

– သြဂတ်စ် ၂၀ – သျှမ်းပြည်လူငယ်များ သျှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် (နောင်သျှမ်းပြည်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) တောင်ကြီးတွင်ထူထောင်။

– ရပခ၏ အခြေခံမူ ၃ ရပ်မှာ-

(၁) လွတ်လပ်သောတိုင်းပြည်အဖြစ် သျှမ်းပြည်ရပ်တည်နိုင်
(၂) ဗမာပြည်နှင့်ပူးပေါင်းပြီး တပြိုင်တည်းလွတ်လပ်ရေးယူသင့်
(၃) ခွဲထွက်ပိုင်ခွင့်ရှိပါက ဗမာပြည်နှင့် ပြည်ထောင်စုအဖြစ်ထူထောင်သင့်။

၁၉၄၇ – ဂျန္နဝါရီ ၂၇ – ၄င်းတို့၏ ဆန္ဒအပေါ် မူတည်ပြီး တောင်တန်းဒေသများ အပါအဝင် တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် အောင်ဆန်းအက်တလီစာချုပ်ချုပ်ဆို။

-ဖေဖော်ဝါရီ ၃ ရက် – ဒုတ်ယပင်လုံညီလာခံစတင်။ ၁၅၊ ၂၊ ၁၉၄၇ နေ့တောင်ကြီးတွင်ကျင်းပမည့် သျှမ်းပြည်ကောင်စီ SSC ညီလာခံတွင် လူထုနှင့် စော်ဘွားကိုယ်စားလှယ် ရ ဦးစီ တန်းတူညီမျှစွာ ပါ၀င်ရန်ကိစ္စ ဗမာပြည်ဘုရင်ခံထံ ကြေးနန်းစာပို့။

ဖေဖော်ဝါရီ ၆ ရက်- သျှမ်း-ကချင် ကိုယ်စားလှယ်အစည်းအဝေးတွင် အောက်ပါအချက်များ သဘောတူဆုံးဖြတ်-

(၁) – ကချင်ပြည်ရရှိရေးသဘောတူ

(၂) – ဗမာပြည်နှင့်တန်းတူရေး
(၃) – မိမိပြည်တွင်းရေးကိစ္စကို ကိုယ်တိုင်တာဝန်ယူ။ တပြည်လုံးနှင့်ဆိုင်သည့်အခြားကိစ္စများအတွက်ပူးပေါင်းတာဝန်ယူ။
(၄) အောင်ဆန်း-အက်တလီစာချုပ်ကိုလက်မခံ။
(၅) ခွဲထွက်ခွင့်ရရှိရေး။

ဖေဖော်ဝါရီ ရ – ကချင် ၊ချင်း ၊သျှမ်းကိုယ်စားလှယ်အစည်းအဝေးတွင် သျှမ်း-ကချင် သဘောတးဆုံးဖြတ်ချက်အာလုံးလက်ခံအတည်ပြု။

– သျှမ်းပြည်ကောင်စီ၏ တင်ပြချက်၊ တောင်းဆိုချက် များကိုလက်မခံ ပယ်ချကြောင်း အင်္ဂလိပ်ကော်မရှင်နာက ကြေးနန်းအကြောင်းပြန်။

– သျှမ်းပြည်ကောင်စီ၏ လူထုနှင့်စော်ဘွားကိုယ်စားလှယ် ရ ဦးစီ ပါ၀င်မှု ဆုံးဖြတ်ချက်ကိုအတည်ပြုကြောင်း၊ အင်္ဂလိပ်၏ကြေးနန်းစာကိုဆန့်ကျင်ကြောင်း ကော်မရှင်နာနှင့်ဘုရင်ခံတို့ထံကြေးနန်းပြန်ရိုက်။

ဖေဖော်ဝါရီ ၈- ဗမာအစိုးရကိုယ်စား ဗိုလ်ချုပ်အောင်ဆန်းပင်လုံရောက်။

ဖေဖော်ဝါရီ ၉- ပင်လုံညီလာခံ ဆက်လက်ကျင်းပ ။

ဖေဖော်ဝါရီ ၁၁- သျှမ်းပြည်ဆိုင်ရာဆုံးဖြတ်ချက် ၃ ရပ်အတည်ပြုကြောင်း သျှမ်းပြည်ကောင်စီဥက္ကဌ SSC စဝ်ခွန်ပန်းစိန် ထုတ်ပြန်ကြေငြာ။

(၁) – ဖေဖော်ဝါရီလ ရ ရက် အမျိုးသားနေ့
(၂) – ၀ါ-စိမ်း-နီ အမျိုးသားအလံ
(၃) – အမျိုးသားသီချင်း

ဖေဖော်ဝါရီ ၁၂ – အချက် ၉ ချက်ပါပင်လုံသဘောတူညီချက် (သျှမ်းပြည်ကိုယ်စားလှယ် ၁၄ ဦး၊ ကချင်တောင်တန်းဒေသ ကိုယ်စားလှယ် ၆ ဦး၊ချင်းတောင်တန်းကိုယ်စားလှယ် ၃ ဦးနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့) လက်မှတ်ထိုး။

ပင်လုံစာချုပ် ၉ ချက်၏ အကျဉ်းချုပ်အနှစ်သာရမှာ ပြည်နယ်တိုင်း (အတွင်းရေး ၀င်မစွက်စတမ်း) အပြည့်အဝ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်၊ ဒီမိုကရေစီနှင့်တန်းတူရေး၊ ကိုယ်ပိုင်ဘဏ္ဍာရေး စီမံခန့်ခွဲပိုင်ခွင့်များ အခရာကျ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...