တောင်ကြီးမြို့တွင် သျှမ်းဒေသခံများ နစ်နာမှုအကြောင်းဆွေးနွေး

နိုင်ငံတော် ဖွံံ့ဖြိုးရေးစီမံကိန်း နောက်ကွယ်မှ အမေ့လျော့့ခံ ဘဝများခေါင်းစဉ်ဖြင့် ဒေသခံတောင်သူများ ၊ သျှမ်းပြည်နယ် လွှတ်တော်ရေးရာ ကော်မတီ များအား မြန်မာလူထုမဟာမိတ်အဖွဲ့ က တွေ့ဆုံဆွေးနွေးခဲ့ကြ သည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ Taunggyi City Hotel ၌ နိုင်ငံတော်ဖွံ့ဖြိုးရေးစီမံကိန်း နောက်ကွယ်မှ အမေ့လျော့ခံ ဘဝများ တွေ့ဆုံဆွေးနွေးရာတွင် သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင်းရှိ အထက်ရဲရွာ ရေအားလျှပ်စစ်တာဝါတိုင် စီမံကိန်း နှင့် မန္တလေး-မူဆယ် အာဆီယံ ကားလမ်းမကြီး မှ ဂုတ်တွင်းတံတားချဉ်းကပ်လမ်းများ စီမံကိန်းကြောင့် ဒေသခံတောင်သူများ နစ်နာဆုံးရှုံးမှုများ ကို ဆွေးနွေးခဲ့သည်။

“အဓိက ဆုံးရှုံး နစ်နာတဲ့ပိုင်းက ၂ ပိုင်းရှိပါတယ်။ ပထမအပိုင်းကတော့ အထက်ရဲရွာ ရေအားလျှပ်စစ် တာဝါတိုင် နဲ့ ပတ်သက်လို့ အထက်ရဲရွာ ရေအားလျှပ်စစ် စက်ရုံပြီးတော့မှ ရွှေစာရံ ဓာတ်အားခွဲရုံထိကို တာဝါတိုင်ပေါင်း ၂၇၀ ရှိတယ်လို့ သိရပါတယ်။ အဲ့ထဲမှာ နောင်ချိုမြို့နယ်အပိုင်းမှာ ကျေးရွာ ၁၄ ရွာကို လေ့လာပိုင်းဖြတ်တဲ့ချိန် တာဝါတိုင် ပေါင်း ၃၈ တိုင် ရှိတာကို ကျနော်တို့ တွေ့ရပါတယ်။ တာဝါတိုင် တစ်တိုင်စိုက်ထူမယ်ဆိုလို့ရှိရင် ၀.၃၃ ဧက ဆုံးရှုံးပါတယ်။ ဒုတိယပိုင်းက မန္တလေး – မူဆယ် အာဆီယံ အဆင့်မှီ လမ်းက ၄၅၃ ကီလိုမီတာရှိတယ်၊ အဲ့ဒီလမ်းပိုင်းပေါ်မှာ ဂုတ်တွင်းတံတားချဉ်းကပ်လမ်း စီမံကိန်း ပထမဆုံး တည်ဆောက်ဖို့တွက် ပါဝင်ပါတယ်။ အဲ့ဒီမှာ ဆုံးရှုံးသွားတဲ့တောင်သူက ၂၂၄ ယောက်ရှိတယ်၊ မြေဧက ၄၃၄ ဆုံးရှုံးတယ်၊ လျော်ကြေး နစ်နာကြေးတွေ ဒီနေ့ ဒီချိန်ထိ မရှိဘူး” ဟု မြန်မာလူထုမဟာမိတ်အဖွဲ့ (သျှမ်းပြည် ) ကိုမိုး ကပြောသည်။

ဖေဖော်ဝါရီ ၆ ရက်က သျှမ်းပြည်နယ် လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဌများ ၊ အတွင်းရေးမှူးများ နှင့် နောင်ချိုဒေသခံ တောင်သူလယ်သမားများ တက်ရောက်ဆွေးနွေးခဲ့သည်။

“ဒါဟာ နိုင်ငံတော်အဆင့် စီမံကိန်းဖြစ်တယ်၊ ဒါမယ့် နို်င်ငံတော်အဆင့် စီမံကိန်းလို့ ပြောပေမယ့် ဒီစီမံကိန်းကို ပြည်ထောင်စု အစိုးရကပဲ စီမံခန့်ခွဲနေသလား ၊ ဘယ်ဝန်ကြီးဌာနက စီမံခန့်ခွဲနေတာလဲ ကုမ္ပဏီကပဲ စီမံခန့်ခွဲနေတာလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူး၊ ဒီစီမံကိန်းဟာ နိုင်ငံတော်အစိုးရမှ ပွင့်ပွင့်လင်းလင်းမြင်သာစွာမချပြနိုင်တဲ့ ကိစ္စပါပဲ” ဟု ကိုမိုးကပြောသည်။

၂၀၁၅ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထပ်ကနေ ၄င်း စီမံကိန်း စတင်လုပ်ဆောင်ခဲ့ပြီး တောင်သူတွေရဲ့ ခွင့်ပြုချက် သဘောတူညီမှုများ ညှိနှိုင်းတိုင်ပင်မှုများ မရှိပဲ တာဝါတိုင်စိုက်ထူသည့် ကုမ္ပဏီမှ စက်ယန္တရားများနှင့် တူးဖော်ခဲ့ပြီး ၂၀၁၆ ခုနှစ် အရပ်သားအစိုးရ တက်လာသည့်ချိန်တွင် ၄င်းဖြစ်စဉ်အားလုံး ပွင့်လင်းမြင်သာမှုရှိပြီး သျှမ်းပြည်နယ်အစိုးရကို တင်ပြခဲ့သည်။ သို့ပေမယ့် ယနေ့ထိ တာဝါတိုင်နှင့် ပတ်သက်ပြီး ဆုံးရှုံး နစ်နာမှုများ လျော်ကြေးများ မရသည့်အပြင် လာရောက်ဖြေရှင်းပေးခြင်းမရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

စရိတ်ကြီးမားမှုကြောင့် G-Z များ အိမ်မွေးတိရိစ္ဆာန်များ မွေးရန် ပိုရွေးချယ်လာ

0
ထိုင်းနိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်း အလျင်အမြန်ကျဆင်းလာနေပြီး နေထိုင်စရိတ်ကြီးမြင့်လာမှုများကြောင့် မိသားစုဘဝထူထောင်ခြင်းအပါအဝင် ဘဝ၏အရေးကြီးသော ဆုံးဖြတ်ချက်များကိုပါ ရပ်ဆိုင်းလာနေကြကြောင်း ဘန်ကောက်ပို့စ်သတင်းတွင်ဖော်ပြသည်။ ယမန်နှစ်က မွေးဖွားသူဦးရေ ခန့်မှန်းခြေ ၄၁၆,၅၀၀ ဦးသာ ရှိခဲ့သော်လည်း သေဆုံးသူဦးရေမှာ ၅၅၉,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ရာ ထိုင်းနိုင်ငံ၏ စုစုပေါင်းလူဦးရေသည် သိသာစွာ နည်းလာစေပြီး လူဦးရေဆိုင်ရာအကျပ်အတည်းများဖြစ်ပေါ်လာနေလျက်ရှိသည်။ Deloitte ၏...