သမိုင်းဝင်ပင်လုံတွင် NLD လူငယ်များ ၇၁ ကြိမ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား ဦးဆောင်ကျင်းပမည်ဟူသည့် အပေါ် အိမ်ရှင်လူငယ်များအား အသိပေးအကြောင်းကြားခြင်းမရှိသေးဟုဆို

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ပြည်ထောင်စုသန္ဓေတည်ရာ ပင်လုံမြို့ရှိ ပင်လုံကျောက်တိုင်တွင် NLD လူငယ် ၇ သောင်းက ၇၁ ကြိမ်မြောက်ပြည်ထောင်စုနေ့ ဦးဆောင်ကျင်းပမည်ဟူသည့် သတင်းများ ထွက်ပေါ်နေသည့် အပေါ် ဒေသခံများအား တရားဝင်အကြောင်းကြားခြင်းမရှိသေးကြောင်း ပင်လုံဒေသခံများကပြောသည်။

ဂျန္နဝါရီလ ၃၁ ရက်နေ့က နေပြည်တော်ရှိ ဒုတိယအကြိမ် ညီလာညီလာခံကျင်းပရေး ဗဟိုကော်မရှင်၊ ဗဟိုလုပ်ငန်း ကော်မတီ (CWC) နှင့် ပြည်နယ်/တိုင်း ကော်မရှင် ဒုတိအကြိမ် တွေ့ဆုံပွဲအပြီး လူငယ် ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဦး က- ရ၁ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ လူငယ် ရ သောင်းကျော်က ကြီးမှူးပြီး ပင်လုံမြို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောသည်ဟု ဧရာဝတီသတင်းဌာနတွင်ဖော်ပြထားသည်။

“ပြည်ထောင်စုနေ့ကို NLD ပါတီလူငယ်တွေကနေ ဦးဆောင်ကျင်းပသွားမယ်ဆိုတဲ့သတင်းတွေ ထွက်နေပေမယ့် ခုထိပြင်ဆင်တာမတွေ့ရသေးသလို ဒီက ရပ်မိရပ်ဖတွေကိုလည်း အကြောင်းမကြားသေးဘူး။ လာလည်းမဖိတ်သေးဘူး။ ဒေသခံတွေအနေနဲ့ မသိရသေးဘူး။ ပါတီကနေဦးဆောင်ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားလား၊ အစိုးရကနေဦးဆောင်ကျင်းပမယ့် ရ၁ ကြိမ်မြောက်ပြည် ထောင်စုနေ့အခမ်းအနားလားဆိုတာလူထုကို ရှင်းရှင်းလင်းလင်း အကြောင်းကြားအသိပေး သင့်တယ်လို့မြင်ပါတယ်။” – ဟုပင်လုံမြို့ခံ လူငယ်ခေါင်းဆောင်စိုင်းဆု က သျှမ်းသံတော်ဆင့်အားပြောပြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက သျှမ်းအမျိုးသားအဆင့် ND ကျင်းပရေးအတွက် ကျင်းပရေးကော်မတီဝင် လူငယ်များက ပင်လုံမြို့တွင်ဒေသခံလူထုနှင့်တွေ့ဆုံစဉ် အစိုးရတပ်မတော်၏ တားမြစ်ကန့်သတ်ခြင်း ခံခဲ့ရသည်။

“အခု NLD လူငယ်ကနေဦးဆောင်ပြီး လုပ်မယ်ဆိုတော့ထူးခြားချက်တခုဖြစ်တယ်။ ကျနော်တို့ သျှမ်း ND အတွက်လုပ်တုန်းက အတားခံရတာဟာ တပ်မတော်ကို အစိုးရကမလွန်ဆန်နိုင်လို့ အဲလိုဖြစ်သွားတာ လည်းဖြစ်နိုင်ပါတယ်။ အခု ပြည်ထောင်စုနေ့အခမ်းအနားလုပ်မယ်ဆိုတာက ပြည်ထောင်စုသား အားလုံးနဲ့ဆိုင်တာမို့ ဒီသမိုင်းဝင်အမှတ်အသားဖြစ်တဲ့နေရာကတော့ ဘယ်သူမဆိုလာပြီးလုပ်နိုင်တယ်။ ဒါပေမယ့် ပါတီရဲ့နာမည်ကိုသုံးပြီးတော့ ပါတီအနေနဲ့ဘဲလုပ်သွားရင်တော့မကောင်းဘူး။ အစိုးရကနေ ဦးဆောင်ပြီးတော့ အစိုးရရဲ့နာမည်နဲ့ဘဲလုပ်သွားသင့်တယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကလည်း ကြ့ံခိုင်ရေးပါတီအမည်မသုံးခဲ့ဘူး။ သျှမ်းပြည်နယ်အစိုးရနာမည်နဲ့ဘဲ သုံးသွားပါတယ်။ ”- ဟု စိုင်းဆုက ဆက်လက်ပြောပြသည်။

ပင်လုံကျောက်တိုင်တွင် ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားနှင့်ပတ်သက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးအတွက် အိမ်ရှင်ဖြစ်သော ဒေသခံလူငယ်များ ကြိုတင်အသိပေးအကြောင်းကြားသင့်ကြောင်း ယခင်က သျှမ်းလူငယ်အဖွဲ့အားဦးဆောင်ခဲ့ဖူးသည့် လားရှိုးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက ဤကဲ့သို့ပြောပါသည်။

“တောင်တန်း-ပြည်မ ပူးပေါင်းရေးကျောက်တိုင်မှာ ပြည်ထောင်စုလုံးဆိုင်ရာတိုုင်းရင်းသားလူငယ်များ ညီလာခံက အစောဆုံးကျင်းပ သွားခဲ့ဖူးပါတယ်။ ပြည်နယ်အစိုးရက ဆိုင်းငံ့ထားပါလို့တောင် တိုင်းရင်းသားလူငယ်ညီလာခံကို ဟန့်တားခဲ့ပေမယ့် မကြောက်မရွံ့ တိုင်းရင်းသားလူငယ်ခေါင်းဆောင်များက ရဲဝ့ံစွာ ရင်ဆိုင်ပြီး ညီလာခံကို အောင်မြင်စွာကျင်းပ ဖြတ်သန်းလာခဲ့ပြီမို့ အခုတော့ လူတွေလည်း သိလာကြပြီး ကျောက်တိုင်မှာဘာပွဲပဲလုပ်လုပ် လွယ်ကူသွားတဲ့သဘောပေါ့ဗျာ။ ဒါပေမယ့် ပင်လုံကျောက်တိုင်မှာ ဘာပွဲပဲ ကျင်းပပါစေ ပင်လုံဒေသခံတိုင်းရင်းသားလူငယ်များကိုတော့ အသိပေးဖိတ်ကြားရင် ကောင်းမယ်လို့တော့မြင်ပါတယ်။ ပူးပေါင်းပါဝင်နိုင်ခြင်းကတော့ သူတို့အင်အား နည်းများပေါ်မူတည်တာပေါ့။ ယဉ်ကျေးမှုအရ အိမ်ရှင်ဖြစ်တဲ့ တိုင်းရင်းသားလူငယ်များကို အသိအမှတ်ပြုတဲ့ သဘောပေါ့ဗျာ။”

ယမန်နှစ်က ကျင်းပသော ပြည်ထောင်စုနေ့အခမ်းအနားတွင်မူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ကာ လူငယ်များနှင့်ငြိမ်းချမ်းရေးစကားဝိုင်းပြုလုပ်ခဲ့သည်။

ယခုနှစ်တွင်မူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်မည်မတက်ရောက်မည်ကို မသိရသေးဟုလည်း ဆိုပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်သို့ မြန်မာဘက်လူနာတင်ယာဉ်နှင့် အငှားယာဉ်များ ဝင်ရောက်ခွင့် ကန့်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်နယ်စပ်ဂိတ်တွင် ထိုင်းအာဏာပိုင်များ၏ ယာဉ်စည်းကမ်းနှင့် လုပ်ငန်းခွင် ဝင်ရောက်မှုဆိုင်ရာ စစ်ဆေးမှုများ တင်းကျပ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဘက်မှ အရေးပေါ် လူနာတင်ယာဉ်များနှင့် အငှားယာဉ်များ အခက်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် မယ်ဆိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဌာနတို့ ပူးပေါင်းပြီး စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

လားရှိုး-မန္တလေး ကုန်သွယ်ရေး အရေးပါးသည့် သီပေါတံတား ခရီးသည်ဖြတ်သန်းခွင့်ပြု

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသည့် သီပေါတံတားကို ခရီးသည်များကို ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ လားရှိုး-မန္တလေး ကုန်သွယ်ရေးအတွက် အရေးပါသည့် သီပေါတံတားကို (၈)လကြာ ပိတ်ဆိုင်းထားရမှာ ယမန်နေ့ (ဇူလိုင် ၂၁)ရက် မှ စပြီး ခရီးသည်များကို ပြန်လည် ဖြတ်သန်းခွင့်ပြုလုပ်ကြောင်း သီပေါမြို့တွင်နေထိုင်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...