တောင်ကြီးမြို့တွင် လုယက်မှုများဖြစ်ပွါး ကိုယ်ဝန်သည် အမျိုးသမီးအား လုယက်သည့်တရားခံမဖမ်းမိသေး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ကိုယ်ဝန်သည်အမျိုးသမီးထံမှ ပိုက်ဆံအိပ်လုယက်မှုဖြစ်ပွါးခဲ့သူအား ဖမ်းဆီးမိခြင်းမရှိသေးကြောင်းသိရသည်။

ဆိုးခိုးလုယက်မှုများဆက်တိုက်ဖြစ်ပွါးလာနေသော သျှမ်းပြည်မြို့တော် တောင်ကြီးတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့မနက်ပိုင်းက ရေအေးကွင်းရပ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း အနီး၊ထိုင်ဝမ်မုန့်တိုက်လမ်းကြားတွင် ကိုယ်ဝန်သည် အမျိုးသမီးတဦး အားဆိုင်ကယ်သမား ၂ ဦးက ပိုက်ဆံအိတ် လုယက် မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကာယကံရှင် ကိုယ်ဝန်သည်အမျိုးသမီး မနော်နာစောက – “ဆိုင်ကယ်ပေါ်ကနေလုသွားတာတော့ လူငယ် ၂ ယောက်ပေါ့ ဘဏ်စာအုပ် ၊ လက်ကိုင်ဖုန်း ၊မှတ်ပုံတင် ၊၀န်ထမ်းကဒ် ၊ အိမ်သော့ တွေပါသွားတယ် ၊ ကျမကလဲ ကိုယ်ဝန်ရင့်မာ ကြီးနဲ့ဆိုတော့ ရုတ်တရက်ဆိုအရမ်း လန့် သွားတယ် ” ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

လုယက်သူများမှာ အသက် (၂၀)၀န်းကျင်ခန့်ရှိအမျိုးသား နှစ်ဦးဖြစ်ကြောင်း ၄င်းကပြောသည်။

” မနက်ခင်းပိုင်း (၁၀) နာရီမှာကို ဒါမျိုးလုပ်ရဲကြတယ်ဆိုတော့ ဒုစရိုက် လုပ်ငန်းကို လွယ်လွယ် နဲ့ လုပ်လို့ ရမှန်းသိလို့ လုပ်နေကြတာလို့ပဲမြင်တယ် ၊ တောင်ကြီးမြို့ပေါ်မှာ ရဲအင်အားလုံခြုံရေးအားနည်းတယ် လူတွေက အလုပ်ရှုပ်မှာစိုးလို့သာ အမှုမဖွင့်တာပဲ ရှိမယ် လုယက်မှုကတော့ မကြာခဏဖြစ်နေပါတယ် ” ဟု တောင်ကြီးမြို့ ကန်ရှေ့ရပ်နေသူ ကိုထွန်း ကပြောသည် ။

ယင်းလုယက်မှုတွင် တရားခံများအား မဖမ်းဆီးမိသေးကြောင်း၊ ကာယကံရှင် မနော်နာစောကလည်း အမှတ် (၂) ရဲစခန်းတွင် ဆက်လက်အမှုဖွင့် သွားမည်ဖြစ်ကြောင်း သိရှိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...