နမ့်ခမ်းမြို့နယ်မြေစာရင်းရုံးမှ ထုတ်ပေးသည့် ပုံစံ ၁၀၅ မှားယွင်းနေကြောင်း ဒေသခံများ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာပေးပို့

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ပြည်ထောင်စုလမ်းမကြီး တိုးချဲ့ရေးဧရိယာအတွင်းပါ သည်ဟုဆိုကာ လမ်းမ ကြီးဘေးနေအိမ်များ ပုံစံ ၁၀၅ အား မူလမြေဧရိယာထက် လျော့သည့် အတိုင်းအတာထုတ်ပေးသည့်အပေါ် ဒေသခံများက သျှမ်းပြည်နယ်ဝန်ကြီးရုံးထံ စာပေးပို့ခဲ့သည်။

ဂျန္နဝါရီလ ၂၉ ရက်နေ့က ဒေသခံများ တောင်ကြီးမြို့ရှိ သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ အဆိုပါတိုင်ကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နမ့်ခမ်းမြို့ ပြည်ထောင်စုလမ်းမဘေး နှင့် နမ့်ခမ်း – မိုင်းဝီး လမ်းမ ဘေးရှိ နေအိမ်ဆောက်နေသူများအား လမ်းစီမံကိန်းနယ်မြေအတွင်း နေအိမ်များဟုဆိုကာ မြေစာရင်းရုံးမှ မြေပုံစံ ၁၀၅ ထုတ်ပေးရာ နဂိုမူလ ဧရိယာ မဟုတ်ဘဲ လျော့နေခြင်းဖြစ်ကြောင်း ဒေသခံ ဦးစိုင်းပီး ကဆိုသည်။

“အိမ်အဟောင်းဖျက်ပြီး အိမ်သစ်ဆောက်မိန့်ရဖို့ မြေပုံစံ ၁၀၅ သွားလျှောက်ပါတယ်။ မြေစာရင်း ရုံးက ချပေးတော့ မူလဘိုးဘွားပိုင်မြေဧရိယာ ထက် လျော့နေတယ်။ မေးကြည့်တော့ လမ်းတိုးချဲ့ရေးစီမံကိန်းမှာပါတာကြောင့် အနည်းဆုံး ၃၅ ပေ နောက်ဆုတ် ပေးရမယ်လို့ပြောတယ်။ အိမ်ရှင်ဘက်က သဘောမတူရင် ပုံစံ ၁၀၅ မပေးဘူးလို့ပြောတယ်” ဟု ၄င်းကဆိုသည်။

အိမ်ဆောက်မည့်သူများမှာ နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးမှူးထံ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ သော်လည်း အစိုးရစီမံကိန်းဟုသာပြောဆိုကြောင်း နမ့်ခမ်း – မိုင်းဝီး ကားလမ်းဘေးတွင် နေထိုင်သော နန်းအေ ဆိုင် ကဆိုသည်။

“နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်ဆီကိုလည်း လူထုကိုယ်စားလှယ် ကော်မတီ ၁၂ ဦးအဖွဲ့က သွားတွေ့တော့ ဒီစီမံကိန်းက အစိုးရစီမံကိန်းဘဲ လို့ဘဲပြောတယ်။ သူကိုယ်တိုင် လည်း လူထုကိုကွင်းဆင်းရှင်းပြတာမရှိခဲ့ဘူး။ ဒီစီမံကိန်းကြီးက ဘယ်တော့ စ မလဲမသိရ ဘူး။ လူထုဆီကိုတရားဝင် ရှင်းလင်းတာ ဘာမှမရှိတော့ ပွင့်ပွင့်လင်းလင်းမသိရဘူး။ ဒီတော့ ဒေသခံ လူထု က အလိုလိုနေရင်းကျူးကျော်နေထိုင်သူ လိုလိုဖြစ်သွားတယ်။ လူထုလုံခြုံမှုကင်းမဲ့နေတယ် ” ဟု ၄င်းက သျှမ်းသံတော် ဆင့်အားပြောသည်။

လမ်းဦးစီးဌာနမှ ထုတ်ပြန်သော လမ်းနယ်နမိတ်သတ်မှတ်ချက်များမှာ အမြန်လမ်းကြီး အကျယ် ၄၀၀ ပေ ၊ အထူးသတ်မှတ်လမ်းများ ၃၀၀ ပေ ၊ နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး ၂၃၀ ပေ၊ ပြည်ထောင်စုလမ်းမကြီး -တိုင်းပြည်နယ် – ခရိုင်/မြို့နယ် ဆက်သွယ်လမ်းမကြီး ၁၅၀ ပေ၊ မြို့နယ်ကျေးရွာ ဆက်သွယ် သည့်လမ်း ၁၀၀ ပေ တို့ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရှိရသည်။

နန်းသီရိ (မူစယ်)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...

ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများကို အာဏာသိမ်းသမ္မတ ဖိတ်ခေါ်

0
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် စီးပွားရေး အကြီးအကျယ် ကျဆင်းနေချိန်တွင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဗီယက်နမ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်သည်။ ယမန်နေ့ စက်တင်ဘာလ ၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Melia Hotel တွင်...

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...