CSSU နှစ်ပတ်လည်အစည်းအဝေးကျင်းပပြီးစီး အလှည့်ကျဥက္ကဌတာဝန်အား ကျားဖြူပါတီသို့ ပေးအပ်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်အတွင်းရှိ RCSS/SSA ဌာနချုပ်လွယ်တိုင်းလျန်းတွင် သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU နှစ်ပတ်လည်အစည်းအဝေးကျင်းပရာ အလှည့်ကျဥက္ကဌအဖြစ် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP (ကျားဖြူပါတီ) အား ပေးအပ်လိုက်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နှင့် ၂ ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေးတွင် ဥက္ကဌတာဝန် လွဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်ပြီး အချက် ၃ ချက်ပါ ကြေငြာချက်တစောင်ကိုပါ ထုတ်ပြန်လိုက်သည်။

ကြေငြာချက်တွင် CSSU ၏ ၂၀၁၈ ဥက္ကဌ အဖြစ် SNDP ကျားဖြူပါတီအားလွဲပြောင်းပေးလိုက်ကြောင်း ၊ ရှေ့ဆက်ငြိမ်းချမ်းရေးရရှိရေးအတွက် CSSU အဖွဲ့ဝင်များ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါရှိပါသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့က လက်ရှိဥက္ကဌတာဝန်ယူထားသည့် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ဥက္ကဌအလှည့်ကျတာဝန်ကျ ကျားဖြူပါတီအား လွဲပြောင်းပေးရာတွင် ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းကိုယ်စား အစည်းအဝေးတက်ရောက်လာသည့် ကျားဖြူပါတီ အတွင်းရေးမှူး စိုင်းဘိုးအောင်က လက်ခံတာဝန်ယူထားကြောင်းသိရသည်။

၄င်းနှင့်ပတ်သက်ပြီး စိုင်းဘိုးအောင်က – တကယ်တော့ CSSU ရဲ့ ဥက္ကဌ ရာထူးက ပါတီ သို့မဟုတ် အဖွဲ့အစည်းထူထောင်သူကလာပြီးလက်ခံရပါမယ်။ ဒါပေမယ့်ကျနော်တို့ဥက္ကဌက ကျန်းမာရေးအခြေအနေ ကြောင့် အစည်းအဝေးမလာနိုင်လို့ ကျနော် စိုင်းဘိုးအောင်ကနေ ကိုယ်စားလာပြီးလက်ခံပေးတာပါဘဲ။ ကျနော်ကနေ ဥက္ကဌကြီးဆီကိုပြန်သွားအပ်ပေးပါမယ်။ ဥက္ကဌကြီးကနေ တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ် ။ အရင်က အဖွဲ့အစည်းရဲ့လက်တွဲဆောင်ရွက်ချက်တွေဟာ အားနည်းတာတွေဘာတွေရှိရင်ရှိမယ်။ ရှေ့ဆက်မှာတော့ ဒီထက်ပိုကောင်းလာအောင် ကြိုးစားဆောင်ရွက်သွားပါမယ်။ – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အစည်းအဝေးသို့ CSSU အဖွဲ့ဝင်အဖွဲ့များ တက်ရောက်ခဲ့ပြီး အစည်းအဝေးပထမရက်တွင် CSSU ၏ လုပ်ငန်းဆောင်တာများကိုပြန်လည်သုံးသပ်ခြင်း၊ ငွေစရင်းရှင်းတမ်းပြုလုပ်ခြင်း၊ လုပ်ငန်းဆောင် တာများအတွင်း အားနည်းချက်များကိုသုံးသပ်ခြင်းနှင့် ကော်မတီ၏ရည်ရွယ်ချက်တချို့ ကိုပြန်လည်ပြင်ဆင်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

CSSU အဖွဲ့ဝင် SSJAC ကိုယ်စားလှယ် ( SNLD ပါတီအတွင်းရေးမှူး) စိုင်းလိတ်က – CSSU ဥက္ကဌတာဝန်ကို ကျားဖြူပါတီကို ပေးအပ်တဲ့အပေါ် SSJAC အနေနဲ့ ဘာမှကန့်ကွက်စရာမရှိပါဘူး။ အဖွဲ့အစည်းရဲ့ မူအတိုင်း ပါဘဲ။ ၂၀၁၈ ခုနှစ်ဖြတ်သန်းမှုမှာ ဘယ်လိုအခက်အခဲတွေကြားကဘဲဖြတ်သန်းခဲ့ရပါစေ ရှေ့ဆက်ခရီးမှာလည်း ကျနော်တို့အတွင်းရေးမှူးများအဖွဲ့ကနေတတ်နိုင်သမျှ ကူညီထမ်းရွက်သွားပါမယ်- ဟု ပြောဆိုခဲ့သည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU တွင် သျှမ်းတိုင်းရင်းသားများဒီမိုကရေကရက်တစ်ပါတီ SNDP ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA ၊ သျှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ SSJAC (သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ သျှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ) ၊ သျှမ်းလူမှုအခြေပြုအဖွဲ့အစည်း Shan CBOs တို့ဖြင့်စုပေါင်းဖွဲ့စည်း ထားသည်။ ထိုနောက်ပိုင်း သျှမ်းပြည်အရှေ့ပိုင်း ဒီမိုကရက်တစ်ဖွံ့ဖြိုးတိုးတက်ရေးပါတီ ESSDDP၊ သျှမ်းပြည်မျိုးဆက်သစ်များအဖွဲ့ NGSS ၊ သျှမ်းလူငယ်အဖွဲ့ TYO ၊ ထိုင်းနိုင်ငံရှိ သျှမ်းအမျိုးသားများအဖွဲ့ TNAT တို့ပါ၀င်ပူးပေါင်းလာခဲ့သည်။

၂၀၁၃ ခုနှစ် နှောင်းပိုင်းက စတင်ဖွဲ့စည်းလာသည့် CSSU ၏ ရည်ရွယ်ချက်မှာ သျှမ်းပြည်တွင်းလူထု ၏ အခွင့်အရေးများကိုကာကွယ်ရန်ဖြစ်ပြီး၊ သျှမ်းပြည် သူလူထု မိမိကံကြမ္မာ မိမိဖန်တီးနိုင်ရန်၊ နိုင်ငံရေးဆွေးနွေးရေးအတွက် နိုင်ငံရေးမူဘောင်စုပေါင်းပြင် ဆင်ရန်အတွက် စသည်တို့ဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...