Wednesday, January 28, 2026

CSSU နှစ်ပတ်လည်အစည်းအဝေးကျင်းပပြီးစီး အလှည့်ကျဥက္ကဌတာဝန်အား ကျားဖြူပါတီသို့ ပေးအပ်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်အတွင်းရှိ RCSS/SSA ဌာနချုပ်လွယ်တိုင်းလျန်းတွင် သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU နှစ်ပတ်လည်အစည်းအဝေးကျင်းပရာ အလှည့်ကျဥက္ကဌအဖြစ် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP (ကျားဖြူပါတီ) အား ပေးအပ်လိုက်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နှင့် ၂ ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေးတွင် ဥက္ကဌတာဝန် လွဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်ပြီး အချက် ၃ ချက်ပါ ကြေငြာချက်တစောင်ကိုပါ ထုတ်ပြန်လိုက်သည်။

ကြေငြာချက်တွင် CSSU ၏ ၂၀၁၈ ဥက္ကဌ အဖြစ် SNDP ကျားဖြူပါတီအားလွဲပြောင်းပေးလိုက်ကြောင်း ၊ ရှေ့ဆက်ငြိမ်းချမ်းရေးရရှိရေးအတွက် CSSU အဖွဲ့ဝင်များ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါရှိပါသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့က လက်ရှိဥက္ကဌတာဝန်ယူထားသည့် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ဥက္ကဌအလှည့်ကျတာဝန်ကျ ကျားဖြူပါတီအား လွဲပြောင်းပေးရာတွင် ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းကိုယ်စား အစည်းအဝေးတက်ရောက်လာသည့် ကျားဖြူပါတီ အတွင်းရေးမှူး စိုင်းဘိုးအောင်က လက်ခံတာဝန်ယူထားကြောင်းသိရသည်။

၄င်းနှင့်ပတ်သက်ပြီး စိုင်းဘိုးအောင်က – တကယ်တော့ CSSU ရဲ့ ဥက္ကဌ ရာထူးက ပါတီ သို့မဟုတ် အဖွဲ့အစည်းထူထောင်သူကလာပြီးလက်ခံရပါမယ်။ ဒါပေမယ့်ကျနော်တို့ဥက္ကဌက ကျန်းမာရေးအခြေအနေ ကြောင့် အစည်းအဝေးမလာနိုင်လို့ ကျနော် စိုင်းဘိုးအောင်ကနေ ကိုယ်စားလာပြီးလက်ခံပေးတာပါဘဲ။ ကျနော်ကနေ ဥက္ကဌကြီးဆီကိုပြန်သွားအပ်ပေးပါမယ်။ ဥက္ကဌကြီးကနေ တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ် ။ အရင်က အဖွဲ့အစည်းရဲ့လက်တွဲဆောင်ရွက်ချက်တွေဟာ အားနည်းတာတွေဘာတွေရှိရင်ရှိမယ်။ ရှေ့ဆက်မှာတော့ ဒီထက်ပိုကောင်းလာအောင် ကြိုးစားဆောင်ရွက်သွားပါမယ်။ – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အစည်းအဝေးသို့ CSSU အဖွဲ့ဝင်အဖွဲ့များ တက်ရောက်ခဲ့ပြီး အစည်းအဝေးပထမရက်တွင် CSSU ၏ လုပ်ငန်းဆောင်တာများကိုပြန်လည်သုံးသပ်ခြင်း၊ ငွေစရင်းရှင်းတမ်းပြုလုပ်ခြင်း၊ လုပ်ငန်းဆောင် တာများအတွင်း အားနည်းချက်များကိုသုံးသပ်ခြင်းနှင့် ကော်မတီ၏ရည်ရွယ်ချက်တချို့ ကိုပြန်လည်ပြင်ဆင်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

CSSU အဖွဲ့ဝင် SSJAC ကိုယ်စားလှယ် ( SNLD ပါတီအတွင်းရေးမှူး) စိုင်းလိတ်က – CSSU ဥက္ကဌတာဝန်ကို ကျားဖြူပါတီကို ပေးအပ်တဲ့အပေါ် SSJAC အနေနဲ့ ဘာမှကန့်ကွက်စရာမရှိပါဘူး။ အဖွဲ့အစည်းရဲ့ မူအတိုင်း ပါဘဲ။ ၂၀၁၈ ခုနှစ်ဖြတ်သန်းမှုမှာ ဘယ်လိုအခက်အခဲတွေကြားကဘဲဖြတ်သန်းခဲ့ရပါစေ ရှေ့ဆက်ခရီးမှာလည်း ကျနော်တို့အတွင်းရေးမှူးများအဖွဲ့ကနေတတ်နိုင်သမျှ ကူညီထမ်းရွက်သွားပါမယ်- ဟု ပြောဆိုခဲ့သည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU တွင် သျှမ်းတိုင်းရင်းသားများဒီမိုကရေကရက်တစ်ပါတီ SNDP ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA ၊ သျှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ SSJAC (သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ သျှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ) ၊ သျှမ်းလူမှုအခြေပြုအဖွဲ့အစည်း Shan CBOs တို့ဖြင့်စုပေါင်းဖွဲ့စည်း ထားသည်။ ထိုနောက်ပိုင်း သျှမ်းပြည်အရှေ့ပိုင်း ဒီမိုကရက်တစ်ဖွံ့ဖြိုးတိုးတက်ရေးပါတီ ESSDDP၊ သျှမ်းပြည်မျိုးဆက်သစ်များအဖွဲ့ NGSS ၊ သျှမ်းလူငယ်အဖွဲ့ TYO ၊ ထိုင်းနိုင်ငံရှိ သျှမ်းအမျိုးသားများအဖွဲ့ TNAT တို့ပါ၀င်ပူးပေါင်းလာခဲ့သည်။

၂၀၁၃ ခုနှစ် နှောင်းပိုင်းက စတင်ဖွဲ့စည်းလာသည့် CSSU ၏ ရည်ရွယ်ချက်မှာ သျှမ်းပြည်တွင်းလူထု ၏ အခွင့်အရေးများကိုကာကွယ်ရန်ဖြစ်ပြီး၊ သျှမ်းပြည် သူလူထု မိမိကံကြမ္မာ မိမိဖန်တီးနိုင်ရန်၊ နိုင်ငံရေးဆွေးနွေးရေးအတွက် နိုင်ငံရေးမူဘောင်စုပေါင်းပြင် ဆင်ရန်အတွက် စသည်တို့ဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးတွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါး လုပ်ကြံသတ်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါးကို အမည်မသိ လူတစ်စုက သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက် ၆ နာရီခွဲအချိန်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌...

ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ထိုင်းနိုင်ငံအတွင်း မြန်မာ NGO များကို ဖြိုခွင်းမည်ဟု Thai Pakdee ပါတီ ပြော

0
ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲအနိုင်ရပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်ပေးနေသော မြန်မာ NGO များကို နှိမ်နှင်းပြီး အလုပ်သမားသမဂ္ဂများဖွဲ့စည်းရန်ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Thai Pakdee ပါတီ မှ မဲဆွယ်နေကြောင်း ထိုင်းသတင်းဌာန Khaosod တွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၇) ရက် ညပိုင်းက Thai Pakdee ပါတီ...

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...