လယ်ယာမြေလုပ်ပိုင်ခွင့်လုံခြုံမှုအတွက် တောင်သူလယ် သမားများဆွေးနွေး

လယ်ယာမြေလုပ်ပိုင်ခွင့်လုံခြုံမှုအတွက် တောင်သူလယ် သမားများဆွေးနွေးပွဲ ကိုတောင်ကြီးမြို့ ၊ စိန့်ဂျိုးဇက်အောက်မေ့ဘွယ်ဓမ္မရုံ တွင် ကျင်းပခဲ့သည် ။

ဂျန္နဝါရီလ ၃၁ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး သျှမ်းပြည်နယ်ရှိလယ်သမားများ၏ မြေလုပ်ပိုင်ခွင့်လုံခြုံမှု အားနည်းနေ ခြင်းကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့် လုံခြုံမှုအတွက် တောင်သူလယ် သမားများဆွေးနွေး ပွဲကျင်းပ ရခြင်းဖြစ်သည်ဟု အဆိုပါပွဲအား စီစဉ်ကျင်း ပသူ လောကအလင်းအဖွဲ့၏ စီမံကိန်းမန်နေဂျာ ထွန်းမျိုးမောင် ကပြောသည် ။

” ၂၀၁၇ မြေသိမ်းဥပဒေမူကြမ်း ကမြေလုပ်ပိုင်ခွင့်လုံခြုံမှုကိုခြိမ်းခြောက်မှု တစ်ခု ဖြစ်နေသလား ၊ လယ်သမားတွေရဲ့ မြေလုပ်ပိုင်ခွင့်လုံခြုံမှုကိုဘယ် လောက်အထိ အကာအကွယ်ပေးထားလဲ ၊ ဘယ်လိုမျိုးခြိမ်းခြောက်မှု မျိုး ရှိနေသလဲဆိုတာကို သျှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ လယ်သမားတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနိုင်ဖို့အတွက် ရည်ရွယ်ပါတယ် ” ဟု၄င်းကပြောသည် ။

ဆွေးနွေးပွဲသို့တက်ရောက်လာသူ လင်းခေးမြို့နယ် ၊ ၀မ်လုံ ရပ်ကွက်သား စိုင်းနေ ဆိုသူက ” ဒီမှာ ရှိတဲ့ စစ်တပ်တွေတိုင်းက မြေတွေသိမ်း ထားတာ တောင်ခြေအထိရှိပြီ ၊ ပြည်သူတွေ အတွက်ကတော့ ဒီမှာလုပ်ကိုင် စားသောက်လို့မရတော့ရင် ထိုင်းနိုင်ငံ ဘက်ပဲအလုပ်သွားလုပ် ရတာပေါ့ လင်းခေးက ၊ ခရိုင်အဆင့်ရှိတယ် ဆိုပေမဲ့ တောခရိုင် ပေါ့ ဥပဒေနဲ့အလှမ်း ဝေးတယ် ” ဟုပြောသည် ။

အဆိုပါဆွေးနွေးပွဲသို့ တောင်ကြီးခရိုင် ၊ လွယ်လင်ခရိုင် ၊လင်းခေးခရိုင် မှတောင်သူလယ်သမားပေါင်း ကိုးဆယ်ကျော်တက်ရောက်ခဲ့ပြီး လယ်ယာ မြေလုပ်ပိုင်ခွင့်လုံခြုံမှုအကြောင်းများဆွေးနွေးခဲ့ကြသည်ဟု သိရသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မူကြမ်းကို ကျော်လွန်၍ – စစ်မှန်သောညီညွတ်ရေးကို သင်ယူရမည့် ဗမာခေါင်းဆောင်ပိုင်း

0
မကြာသေးမီက အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် စစ်ကိုင်း၊ မကွေး အပါအဝင် တိုင်းဒေသကြီး အကောင်အထည် ဖော်ရေး ကောင်စီများက “ဘုံနိုင်ငံရေး သဘောတူညီချက်” (CPA) ကို ထုတ်ပြန်ကြေညာခဲ့ခြင်း သည်...

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...