Friday, April 19, 2024

မူစယ် ၁၀၅ မိုင်အနီး မူးယစ်ဆေးသုံးသူများအား ဒေသတွင်းလူထုနှင့်အာဏာပိုင်များရှင်းလင်းဖမ်းဆီး

Must read

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ၁၀၅ မိုင်ရှိမိုင်းယုရွာဘက်တွင် မူးယစ်ဆေးဝါးသုံးစွဲသူလူငယ်များအား ဒေသတွင်းအာဏာပိုင်များရှင်းလင်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂျန္နဝါရီလ ၂၆ ရက်နေ့ညနေပိုင်းက ဒေသခံလူထုတောင်းဆိုမှုကြောင့် ဒေသတွင်းအာဏာပိုင်များ ရဲများ ပူးပေါင်းကာ မူးယစ်ဆေးဝါးသုံးစွဲသူလူငယ်များအား ရှာဖွေဖမ်းဆီးရာ ၂၇ ဦးဖမ်းဆီးရမိကြောင်း လားရှိုးရောက်မူစယ်ဒေသခံကပြောသည်။

ကျား ၂၅ ယောက်နဲ့ မ ၂ ယောက်ဖမ်းမိတယ်။ မိုင်းယုအနောက်ဘက်က တာဝါတိုင်နားမှာနေတဲ့သူတွေပေါ့။ အဲ့မှာကားသမားတွေလည်းလာနားလေ့ရှိတယ်။ အောက်ပြည်အောက်ရွာကနေလာပြီးတော့ အလုပ်လာလုပ်တဲ့သူတွေများတယ်။ လောင်းကစားဝိုင်းလား မူးယစ်ဆေးလား ပေါမှပေါဘဲ – ဟု အသက် ၄၀ ပတ်ဝန်းကျင်အရွယ် စိုင်းအိုက်နုကပြောသည်။

အဆိုပါဖမ်းဆီးမှုတွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်မှုနှင့်ပတ်သက်နေသူများအပြင် ဘိန်းဖြူ ယာဘနှင့် ဆေးထိုးအပ်များလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ဒီဘက်မှတော့ ယာဘကတော့ မှိုလိုပေါတယ်။ ရောင်းဝယ်မှုလည်းပေါ်တင်ပါဘဲ ။ကြောက်စရာတောင်ကောင်းတယ်- ဟု မူစယ်မြို့ခံ နန်းအေခမ်း ကပြောသည်။

အဆိုပါ အဖမ်းခံရသူများအား မူစယ်မြို့ရဲစခန်းသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article