မူစယ် ၁၀၅ မိုင်အနီး မူးယစ်ဆေးသုံးသူများအား ဒေသတွင်းလူထုနှင့်အာဏာပိုင်များရှင်းလင်းဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ၁၀၅ မိုင်ရှိမိုင်းယုရွာဘက်တွင် မူးယစ်ဆေးဝါးသုံးစွဲသူလူငယ်များအား ဒေသတွင်းအာဏာပိုင်များရှင်းလင်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂျန္နဝါရီလ ၂၆ ရက်နေ့ညနေပိုင်းက ဒေသခံလူထုတောင်းဆိုမှုကြောင့် ဒေသတွင်းအာဏာပိုင်များ ရဲများ ပူးပေါင်းကာ မူးယစ်ဆေးဝါးသုံးစွဲသူလူငယ်များအား ရှာဖွေဖမ်းဆီးရာ ၂၇ ဦးဖမ်းဆီးရမိကြောင်း လားရှိုးရောက်မူစယ်ဒေသခံကပြောသည်။

ကျား ၂၅ ယောက်နဲ့ မ ၂ ယောက်ဖမ်းမိတယ်။ မိုင်းယုအနောက်ဘက်က တာဝါတိုင်နားမှာနေတဲ့သူတွေပေါ့။ အဲ့မှာကားသမားတွေလည်းလာနားလေ့ရှိတယ်။ အောက်ပြည်အောက်ရွာကနေလာပြီးတော့ အလုပ်လာလုပ်တဲ့သူတွေများတယ်။ လောင်းကစားဝိုင်းလား မူးယစ်ဆေးလား ပေါမှပေါဘဲ – ဟု အသက် ၄၀ ပတ်ဝန်းကျင်အရွယ် စိုင်းအိုက်နုကပြောသည်။

အဆိုပါဖမ်းဆီးမှုတွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်မှုနှင့်ပတ်သက်နေသူများအပြင် ဘိန်းဖြူ ယာဘနှင့် ဆေးထိုးအပ်များလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ဒီဘက်မှတော့ ယာဘကတော့ မှိုလိုပေါတယ်။ ရောင်းဝယ်မှုလည်းပေါ်တင်ပါဘဲ ။ကြောက်စရာတောင်ကောင်းတယ်- ဟု မူစယ်မြို့ခံ နန်းအေခမ်း ကပြောသည်။

အဆိုပါ အဖမ်းခံရသူများအား မူစယ်မြို့ရဲစခန်းသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

ထိုင်းဟိုတယ်တခုတွင် တရုတ်လောင်းကစားနှင့် လိင်ဝန်ဆောင်မှုပေးသည့်အုပ်စုဖမ်းမိ မြန်မာနိုင်ငံသား ၃ ဦးပါဝင် 

0
ထိုင်းနိုင်ငံ၊ နွန်သဘူရီ (Nonthaburi) ခရိုင်ရှိ အဆင့်မြင့် ဟိုတယ်တခုတွင်း တရုတ်ဂိုဏ်းတခုက  ငှားရမ်းပြီး တရားမဝင် လောင်းကစားဝိုင်း၊ မူးယစ်ဆေးပါတီနှင့် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပေးနေကြောင်း သတင်းရသဖြင့် ထိုင်းနိုင်ငံဗဟိုစုံစမ်းရေးဗျူရို (CIB) က ဝင်ရောက်စီးနင်းခဲ့သည်။​ အဆိုပါ ထဲတွင် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း သိရသည်။ နွန်သဘူရီခရိုင်၊ ဘာင်ခေန်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

သီပေါဟော်နန်းကို ယဉ်ကျေးမှုအထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို အများပြည်သူ ဝင်ရောက်လေ့လာနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ် အထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်ထားကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နေ့လယ်ပိုင်းတွင် သီပေါဟော် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဗုဒ္ဓကောလိပ် တည်ဆောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို သီပေါဟော်နန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ သီပေါမြို့ပေါ်ရှိ သံဃာတော်များနှင့် ဖိတ်ကြားထားသူများ...