တနှစ် မှ တရက် ကျင်းပတဲ့ ကျိုင်းတုံ စော်ဘွားစျေးနေ့

စျေးဝယ်တဲ့သူတွေ၊ စော်ဘွားရဲ့ သင်္ချိုင်းဂူကို လာရောက် ဂါရဝ ပြုတဲ့သူတွေကတော့ နံနက်အစောပိုင်းစပြီး ပါလျှံမြို့ တံခါးနားမှာ စည်ကားနေပါတယ်။

“ တနှစ် မှ တရက် သာ” ကျင်းပတဲ့ စော်ဘွားစျေးနေ့ ဟာ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ သျှမ်းလူမျိုးတွေ အတွက် အထွဋ်အမြတ်ထားတဲ့ စျေးနေ့တရက်လည်း ဖြစ်ပါတယ်။

နှစ်တနှစ်ရဲ့ တရက်သာ စော်ဘွားစျေး ကို စျေးဟောင်းနေ့ (ကတ်ကောဝ်) လို့လည်း ခေါ်ဝေါ်ကြပါတယ်။

Photo by – Kham Kaio Mongnung- မတ်လ ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ကျိုင်းတုံမြို့ရဲ့ စော်ဘွားစျေး

ထိုစျေးနေ့ကို ကျိုင်းတုံမြို့ စတည်ထောင်တဲ့ စော်ဘွားကြီး “ စဝ်ကွမ်းကောက်အင်းထလျန်” လက်ထက် ကတည်းက တည်းရှိခဲ့ပါတယ်။

လွန်ခဲ့သည့် ၁၉၃၀ ခုနှစ်မှာ စော်ဘွားကြီး “ စဝ်ကွမ်းကောက်အင်းထလျန် ” က စျေးဟောင်းနေရာ တွင် စျေးရောင်းဖို့ အတွက် နေရာကျဉ်းသဖြင့် လက်ရှိ မြို့မ စျေးနေရာ ကို ပြောင်းရွှေ့ ရောင်းချစေခဲ့ပါတယ်။

ဒီနှစ် မတ်လ ၂၇ ရက်နေ့မှာကျရောက်တဲ့ စော်ဘွားစျေးနေ့ (သို့မဟုတ်) စျေးဟောင်း နေ့ ကို ယခင်နှစ်တွေကလည်း နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ဒီနှစ်ဆိုရင်နှစ်ပေါင်း ၈၀ ကျော်ခဲ့ပါပြီ။

Photo by – Kham Kaio Mongnung- မတ်လ ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ကျိုင်းတုံမြို့ရဲ့ စော်ဘွားစျေး

စျေးဟောင်းနေရာကို မေ့ပျောက်မှာ ရိုးရာဓလေ့ တွေ ပျောက်ကွယ်မှာ စိုးရိမ် လို့ တနှစ်တကြိမ် ပါလျှံတံခါး စျေးဟောင်းနေရာကို လာရောက် စျေးရောင်းရတာဖြစ်တယ်- လို့ ကျိုင်းတုံဒေသခံ ရပ်မိရပ်ဖ တဦးကပြောပါတယ်။

အဲဒီစျေးဟောင်းနေ့ (သို့မဟုတ်) စော်ဘွားစျေးနေ့ကို တပေါင်းလဆုတ်ရက်မှာသာ ကျင်းပရမှာဖြစ်ပြီး၊ “ စုံ” ရက်မဟုတ်ဘဲ “ မ” ရက် ရက်ကောင်း ကိုသာ ရွေးချယ် ရောင်းရပါတယ်။

စျေးဟောင်းနေ့ ရောက်လာပါက ကျိုင်းတုံမြို့နယ် တဝှမ်းတွင် ရောင်းနေတဲ့ စျေးတွင် အားလုံးပိတ်ရပြီး၊ ထိုနေရာသို့စျေးသယ်တွေ ဒေသခံ တွေ လာရောက်ကာ ရောင်းဝယ်မှု ပြုလုပ်ကြရပါတယ်။

စော်ဘွားကြီး “ စဝ်ကွမ်းကောက်အင်းထလျန် ” သက်ရှိထင်ရှား ရှိချိန်တွင် ထိုစျေးနေ့ရောက်လာသည့် အခါ စော်ဘွားကိုယ်တိိုင် စျေးခင်းကို ကြွရောက်လည်ပတ်ကြည့်ရှုပြီး ပြည်သူများ နေထိုင်မှု၊ ပြည်သူလူထုနဲ့ ထိတွေ့မှုတွေပြုလုပ်တယ်လို့သိရပါတယ်။

ဒါ့အပြင် အဲဒီစျေးနေ့ဟာ ပြည်ပ နိုင်ငံခြားသား ဧည့်သည်တွေဟာ ကူးသန်းရောင်းဝယ်ရေး၊ သံရေးတမန်ရေး၊ ကူးလူးဆက်ဆံရေးအတွက် စော်ဘွားကြီးကိုလာရောက်တွေ့ဆုံ ဆွေးနွေးဖို့ စုဝေးရောက်ရှိလာကြ တဲ့နေ့ရက်လည်းဖြစ်ပါတယ်။

စျေးဟောင်းနေ့မှာတော့ ကျိုင်းတုံဒေသခံတွေ က မိမိတို့ လယ်ယာ မှ ထွက်တဲ့ သီးနှံတွေ၊ မွေးထားတဲ့ တိရိစ္ဆာန်တွေ နဲ့ မိမိတို့ ကိုယ်တိုင် ပြုလုပ်တဲ့ လက်မှုတွေကို လာရောက်ခင်းကျင်း ရောင်းချကြတာကိုလည်း တွေ့မြင်ရပါတယ်။

“ ဒီစော်ဘွားစျေး ကို လာရတာ ကျနော်တို့ ကျန်းမားရေး အတွက်၊ စီးပွားရေး အတွက်နဲ့စားဝတ်နေရေး အတွက် ကောင်းတယ်လို့ယူဆကြတယ်။ ဓလေ့ ထုံးတမ်း တခု ပါပဲ” ဟု ကျိုင်းတုံ ဒေသခံ တဦးက ပြောပါတယ်။

စော်ဘွားစျေး လို့ခေါ်တဲ့ စျေးဟောင်းနေ့ မှာ ကုန်ပစ္စည်းတခုတည်း တည်ခင်း ရောင်းချကြတာ မဟုတ်ဘဲ သျှမ်းရိုးရာ ယဉ်ကျေးမှုတွေ၊ သျှမ်းရှေ့ရဲ့ အကဖြစ်တဲ့ လမုန်း အကတွေလည်း ဖျော်ဖြေ တင်ဆက် တာကို တွေ့မြင်နိုင်ပါတယ်။

မိမိ လူမျိုး၊ မိမိ ယဉ်ကျေးမှုနဲ့ မိမိတို့ မြို့ကို တည်ခဲ့တဲ့ စော်ဘွားကို မမေ့ဖို့အတွက် ကျိုင်းတုံလူငယ်တွေ လည်း စော်ဘွား ရဲ့ သင်္ချိုင်းကို လာရောက် ပူဇော်ဂါရဝပြု ကြပါတယ်။

တနှစ် မှ တရက်သာ ကျင်းပသည့် စော်ဘွားစျေးနေ့ (သို့မဟုတ်) စျေးဟောင်းနေ့ ဟာ ကျိုင်းတုံ ဒေသခံတွေ အတွက် တော့ ယနေ့တိုင် အထွက်အမြတ် နေ့ရက်လေး တရက် ရှိနေဆဲပါ။

ထိုစော်ဘွားစျေးနေ့မှသည် “သျှမ်းရှေ့ယဉ်ကျေးမှု ဓလေ့၊ ရိုးရာ ထုံးတမ်းတွေ သမိုင်းတွေ မပျောက်ကွယ်ဖို့ အတွက်လည်း လူငယ်တွေ ရဲ့ လက်ထဲမှာ ပါ ” လို့ ကျိုင်းတုံ ဒေသခံများက ပြောပါတယ်။

 

ဆောင်းပါးရှင် – ဆိုင်နွမ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...

ကျိုင်းတုံ ဆိုင်ကယ်သူခိုးသောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဆိုင်ကယ်များ ခိုးယူခံရခြင်း၊ လုယက်ခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစပြီး ကျိုင်းတုံမြို့သည် ပြည်သူများ အတွက် လုံခြုံမှုကင်းမဲ့နေသည့်အပြင် စစ်ကော်မရှင် လက်အောက်ခံတာဝန်ရှိသူများမှ ဆိုင်ကယ်သူခိုးများ၊ လုယက်သူများကို ဖမ်းဆီး အ‌ရေးယူးဆောက်ရွက်မှုကြောင်း လည်း ကျိုင်းတုံမြို့ ဒေသခံ...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...