သျှမ်းပြည်နယ်အတွင်းသတင်းသမားများအခက်အခဲ ဖြေရှင်းနိုင်ရေး မဏ္ဍိုင်(၄) ရပ်တွေ့ဆုံပွဲ တောင်ကြီးမြို့တွင် ပထမအကြိမ် ကျင်းပ

သျှမ်းပြည်နယ်အတွင်းသတင်းသမားများအခက်အခဲ ဖြေရှင်းနိုင်ရေး မဏ္ဍိုင်(၄) ရပ်တွေ့ဆုံပွဲကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ဦးဆောင်ကာ တောင်ကြီးမြို့တွင် ကျင်းပခဲ့သည်။

မဏ္ဍိုင် ၄ ရပ် တွေ့ဆုံပွဲကို ဂျန္နဝါရီလ ၂၉ ရက်နေ့က Royal Taunggyi Hotel တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး သျှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီး များ ၊ ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ပြည်နယ်တရားသူကြီးချုပ် တို့ တက် ရောက်ခဲ့သည် ။

ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ သတင်းမီဒီယာသမားများအနေဖြင့် သက်ဆိုင််ရာ အစိုးရ ၊ လွှတ်တော်၊ တရားသူကြီးတို့ထံ သတင်းများရယူရာတွင် အခက်အခဲများရှိနေရာ အခက်အခဲများဖြေရှင်းနိုင်ရေးအတွက် မျက်နှာချင်းဆိုင်တွေ့ဆုံ ဆွေးနွေးခြင်းအားဖြင့် အဖြေထွက်ပေါ်လာနိုင်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင် ဆရာမြင့်ကျော်က ရှင်းပြသည် ။

” သျှမ်းပြည်နယ်ကတော့ တခြားပြည်နယ်နဲ့တိုင်းတွေ ထက်ပိုပြီးတော့ အခက်အခဲတွေ စိန်ခေါ်မှုတွေရှိတာပေါ့ ၊ သျှမ်းပြည်နယ်အနေနဲ့ ပြောရမယ် ဆိုရင်တော့ နယ်မြေဒေသလဲကျယ်တယ် အုပ်ချုပ်ရေးအရလဲ အများကြီး ရှိတာပေါ့။ သျှမ်းမြောက်၊ သျှမ်းတောင်၊ သျှမ်းအရှေ့ ဆိုပြီး ပြည်နယ်အစိုးရနဲ့ ဆက်သွယ်တဲ့နေရာမှာ တော်တော့် ကို အလှမ်းဝေး နေရာတွေရှိတယ် ၊ ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ဟာတွေဘယ်လိုအဖြေ ရှာရ မလဲဆိုတာ ထွက်ပေါ်လာတယ်။ တွေ့တဲ့တစ်နေ့တည်းမှာတော့ အခက်အခဲ အားလုံး တော့ ပြေလည် သွားမယ်လို့တော့မမျှော်လင့်ဘူး ။ သို့ပေမဲ့ အခက်အခဲဆိုတာ ဘာတွေရှိလဲ ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ ဟာမျိုးတွေ တစ်ခါတစ်လေ မှာ မီဒီယာဘက်က အားနည်းချက်တွေလဲရှိနိုင်တယ်။ အစိုးရဌာနတွေဖက်က လွှတ်တော် ၊ တရားသူကြီးတွေဖက်က မီဒီယာနဲ့ပတ်သက် ဆက်ဆံတဲ့နေ ရာမှာ ဒီဖက်က လိုအပ်ချက်တွေ နားမလည်တာတွေလဲဖြစ်နိုင်တယ် ၊ တစ်ချို့ ကိစ္စကတော့ပြည်ထောင်စု အဆင့်မှာဖြေရှင်းရမယ့် အခက်အ ခဲတွေလဲရှိ တာပေါ့ ” ဟုဆရာမြင့်ကျော်က ဆက်လက်ပြောသည် ။

ယင်းဆွေးနွေးပွဲတွင် သျှမ်းပြည်နယ် အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊ ဥပဒေပြု ရေး တို့တွင်သတင်းသမားများမှ သတင်းအချက်အလက် ရယူရာ တွင် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲတစ်ချို့ ကိုတင်ပြဆွေးနွေးကြ သည် ။

သတင်းသမားများ တရားရုံးနှင့်ပတ်သက်သည့် သတင်းအ ချက်အလက်ရယူနိုင်ရန် အတွက်လည်း သတင်းပြန်ကြားရေး အရာရှိတစ်ဦးထားရှိ ပေးထားပြီး အများပြည်သူသိခွင့်ရှိသောသတင်းများကို သတင်းထောက် အသိအမှတ်ပြု ကဒ်ပါရှိမှသာ ထုတ်ပြန်ပေးသွား မည်ဖြစ်သည်ဟု သျှမ်းပြည် နယ်တရားသူ ကြီးချုပ် ဦးကြွယ်ကြွယ်က ပြောသည် ။

သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင် ကလည်း သျှမ်းပြည်နယ်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များနှင့်ပတ် သက်၍ မကြာမှီ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ပေးသွားမည် ဟုပြောကြား သွားခဲ့သည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

ထိုင်း တင်းနစ်ကစားသမားဟောင်း သေဆုံးမှုနှင့် ရွှေ့ပြောင်းမြန်မာတစ်ဦး၏ ဘဏ်အကောင့်သို့ သံယဖြစ်ဖွယ် ငွေလွဲထားမှု

0
ထိုင်းနိုင်ငံ၏ လက်ရွေးစင် တင်းနစ်ကစားသမားဟောင်း ဖြစ်သူ အသက် ၆၄ နှစ်အရွယ် မစ္စတာ နတ်သဝီး နေအိမ်အတွင်း သံသယဖြစ်ဖွယ် သေဆုံးခဲ့သည့် ဖြစ်စဉ်တွင် သေဆုံးသူ၏ iPad မှတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး၏ ဘဏ်အကောင့်ထဲသို့ ဘတ် ၃၀,၀၀၀ မသင်္ကာဖွယ် လွှဲပြောင်းထားသည်ကို စုံစမ်းတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

ထိုင်းဟိုတယ်တခုတွင် တရုတ်လောင်းကစားနှင့် လိင်ဝန်ဆောင်မှုပေးသည့်အုပ်စုဖမ်းမိ မြန်မာနိုင်ငံသား ၃ ဦးပါဝင် 

0
ထိုင်းနိုင်ငံ၊ နွန်သဘူရီ (Nonthaburi) ခရိုင်ရှိ အဆင့်မြင့် ဟိုတယ်တခုတွင်း တရုတ်ဂိုဏ်းတခုက  ငှားရမ်းပြီး တရားမဝင် လောင်းကစားဝိုင်း၊ မူးယစ်ဆေးပါတီနှင့် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပေးနေကြောင်း သတင်းရသဖြင့် ထိုင်းနိုင်ငံဗဟိုစုံစမ်းရေးဗျူရို (CIB) က ဝင်ရောက်စီးနင်းခဲ့သည်။​ အဆိုပါ ထဲတွင် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း သိရသည်။ နွန်သဘူရီခရိုင်၊ ဘာင်ခေန်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...