တအာင်း TNLA နှင့် သျှမ်းတပ်ဖွဲ့ RCSS/SSA တို့ ပထမအကြိမ် တရားဝင် ပဏာမတွေ့ဆုံမှုပြုလုပ်

ပလောင်ပြည်နယ်လွှတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် သျှမ်းပြည်ထူထောင်ရေးကောင်စီ RCSS/SSA ကိုယ်စားလှယ်တို့ တရားဝင်ပဏာမ တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်း တအာင်း သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်လိုက်သည်။

ဂျန္နဝါရီလ ၂၆ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်သည့် ကြေငြာချက်တွင်TNLA နှင့် RCSS တို့အကြား ဖြစ်ပွါးနေသော ပဋိပက္ခများအဖြေရှာနိုင်ရန် အစပြုဆွေးနွေးခြင်းဖြစ်ကြောင်း ပါရှိပါသည်။

ပထမအကြိမ် တရားဝင် ပဏာမတွေ့ဆုံပွဲကို ဂျန္နဝါရီလ ၂၂ ရက်နေ့က တရုတ်-မြန်မာ နယ်စပ်တ နေရာ၌ပြုလုပ်ရာ RCSS/SSA ဘက်က ဒု ဗိုလ်မှူးကြီးစိုင်းဦး ဦးဆောင်သည့် အဖွဲ့ဝင်ကိုယ်စားလှယ် ၅ ဦး၊ PSLF/TNLA ဘက်ကမူ တားအိုက်မောင်း၊ တားပန်လ၊ တကလူး ဦးဆောင်ပြီး အဖွဲ့ဝင် ၅ ဦး အစရှိကိုယ်စားလှယ်များ တွေ့ဆုံကြကြောင်း သိရသည်။

၂ ဘက်အပစ်အခတ်ရပ်စဲမှုပြုလုပ်နိုင်ရန်နှင့် ဖြစ်ပွါးနေသော ပဋိပက္ခများ အဖြေရှာနိုင်ရန်အတွက် အဆင့်မြင့်ခေါင်းဆောင်များအကြား ဆက်လက်တွေ့ဆုံဆွေးနွေးသွားရန်သဘောတူကြောင်း ကြေငြာချက်တွင်ပါရှိပါသည်။

တအာင်းတပ်ဖွဲ့ TNLA နှင့် သျှမ်းတပ်ဖွဲ့ RCSS/SSA တို့သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင် ဘာလကစပြီးတိုက်ပွဲများဖြစ်ပွါးလာခဲ့ရာ ၂ နှစ်ကျော်ကြာမှ ပထမဆုံးအကြိမ် တရားဝင်ပြန်လည်တွေ့ ဆုံဆွေးနွေးနိုင်ခြင်းဖြစ်သည်။

TNLA နှင့် RCSS တို့သည် တဘက်ကတွေ့ဆုံသော်လည်း ကျောက်မဲ မြို့နယ် နှင့် နမ့်ဆန်မြို့အတွင်းတွင် ဂျန္နဝါရီ တတိယ ပတ်အတွင်း တိုက်ပွဲပေါင်း ၃၈ ကြိမ်ဖြစ်ပွား ခဲ့သည်ဟု ဒေသအတွင်းတပ်မှူးများက ပြောသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် သျှမ်း လက်နက်ကိုင်တပ်ဖြစ်ပြီး PSLF/TNLA ပလောင်လက်နက်ကိုင်တပ်ကမူ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ မှာပါဝင်ပြီး NCA စာချုပ်လက်မှတ်ရေးထိုးရန် ငြင်းဆန်ထားကာ တခြားနည်းလမ်းဖြင့် နိုင်ငံရေးဆွေးနွေးရန် ကြိုးစားနေသည့်အဖွဲ့ဖြစ်ပါသည်။ အစိုးရ နှင့် တပ်မတော် ကလည်း PSLF/TNLA ကို NCA လက်မှတ်ရေးထိုးရန်လက်မခံသည့်အပြင် အကြမ်းဖက်အဖွဲ့သဖြစ်လဲ တပ်မှတ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ထိုင်းမြေပေါ် မြန်မာမိခင်များ ၁၃၁,၀၀၀ ကျော် မွေးဖွားခဲ့ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

0
ထိုင်းနိုင်ငံအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့အထိ ကာလအတွင်း မြန်မာနိုင်ငံသူ မိခင်များမှ မွေးဖွားခဲ့သည့် ကလေး အရေအတွက် စုစုပေါင်း ၁၃၁,၈၆၀ ဦးအထိ ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဒေတာစင်တာ၏ ထုတ်ပြန်သည့် အချက်အလက်များအရ...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...