RCSS/SSA ၏ ဆက်ကြေးကောက်အဖွဲ့ဟုဆိုကာ အစိုးရတပ်မတော်လိုက်လံပစ်ခတ် တဦးသေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ဆက်ကြေးကောက်အဖွဲ့ဟုဆိုကာ အစိုးရတပ်မှ ပစ်ခတ်မှုတွင် တဦး အသေဖမ်းဆီးရမိသည်ဟု အစိုးရတပ်မတော် သတင်းက ထုတ်ပြန်ထားသည်။

ဂျန္နဝါရီလ ၂၅ ရက်နေ့က ညနေပိုင်းက သီပေါမြို့နယ် ကျောက်မဲ-သီပေါအသွား ပြည်ထောင်စုကား လမ်း မဘေး ဘော်ကြိုကျေးရွာအရှေ့မြောက်ဘက်တမိုင်ခွဲခန့်အကွာတွင် လက်နက်ကိုင်လူ ၂ ဦး အား အစိုးရတပ်မတော်မှ ပစ်ခတ်တိုက်ခိုက်ရာ ၁ ဦးနေရာတွင်ပွဲချင်းပြီးသေဆုံးပြီး ၁ ဦးမှာထွက်ပြး လွှတ်မြောက်သွားကြောင်း နေပြည်တော်က သတင်းထုတ်ပြန်ထားသည်။

ဒေသခံများကမူ အဆိုပါအရပ်ဝတ် လက်နက်ကိုင် အဖွဲ့ ၅ ဦးရှိကြောင်း၊ စောင့်ဆိုင်းပိုက်ဆံကောက်သည့် ပုံစံမဟုတ်ဘဲ နွားကုန်ကူးအုပ်စုများနောက် ၄င်းတို့ လိုက်သွားနေစဉ် အစိုးရတပ်မတော် စစ်ကြောင်း နှစ်ခု က ၄င်းတို့အားလိုက်လံတိုက်ခိုက်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်းဒေသခံများကပြောသည်။

“တပ်ကစစ်အင်အားဖြည့်ပြီး လိုက်လံရှာဖွေနေတယ် သူတို့ကို။ ဘယ်အဖွဲ့လဲ ဆိုတာ ကျနော်တို့လဲ မသိဘူး။ တွေ့တဲ့သူတွေပြောတာကတော့ သူတို့ ၅ ယောက်ရှိတယ်။ တယောက်သေတယ်။ ၄ ယောက် လွတ်မြောက်သွားတယ်။ သေဆုံးသူရဲ့အလောင်းကိုလည်း နယ်စည်းမခြားပရဟိတသီပေါအဖွဲ့ကနေ ကျောက်မဲမြို့ကို ပို့လိုက်ပြီ ”- ဟု သီပေါမြို့ခံ စိုင်းအိုက်အောင် ကပြောသည်။

ပြည်ထောင်စုလမ်းမကြီးမှ လက်နက်ကိုင်လူ ၂ ဦးအား လိုက်လံပစ်ခတ်သည့်အစိုးရတပ်မတော်မှာ ကျောက်မဲအခြေစိုက် ၅၀၁ နှင့်သီပေါအခြေစိုက် ခလရ ၂၃ ပူးပေါင်းတပ်ဟု သိရပြီး သီပေါမြို့အနောက်ဘက် ၁ မိုင်ခန့်အကွာ တွန်တီးရွာအနီး မန့်ဟိုင်းအုပ်စု တွန်ခေါ့ရွာတွင်ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

အဆိုပါပစ်ခတ်မှုတွင် တွန်ခေါ့ရွာသားများ၏ နေအိမ်အားလည်း ကျည်ဆန်ထိမိပျက်စီးမှုရှိကြောင်း စိုင်းအိုက်အောင်က ပြောသည်။

သို့သော် RCSS/SSA အားသျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အသေးစိပ် အချက် အလက်မသိရသေးဟုသာပြောဆိုတုန့်ပြန်ခဲ့သည်။

ဒေသအတွင်း တာဝန်ရှိတပ်မှူးကတော့ – “ကျနော်တို့တွေက ဆက်ကြေးကောက်ခံရတဲ့အဆင့်မဟုတ်ဘူးဗျ။ ဒီဒေသဘက်မှာကျနော်တို့ရောက်ရှိတယ်လို့ သိတာနဲ့ လူထုက ထောက်ခံအားပေးပြီးသား၊ ဒီဘက်ပိုင်းမှာ ကျနော်တို့က အစိုးရတပ်ကော၊ TNLA တပ်ကော သတိထားရတယ်၊ ဦးသူပစ်တဲ့အဆင့်ဖြစ်နေပြီ ”- ဟု ပြောသည်။

အစိုးရတပ်မတော်နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA သည်တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးထားသော်လည်း နှစ်ဘက်လုံး အပြန်အလှန်အပြစ်ပုံချမှု၊ ပစ်ခတ်မှု တို့ကြောင့် ရွာသားများ ဖမ်းဆီးခံနေရမှုများလည်းရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ထိုင်းမြေပေါ် မြန်မာမိခင်များ ၁၃၁,၀၀၀ ကျော် မွေးဖွားခဲ့ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

0
ထိုင်းနိုင်ငံအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့အထိ ကာလအတွင်း မြန်မာနိုင်ငံသူ မိခင်များမှ မွေးဖွားခဲ့သည့် ကလေး အရေအတွက် စုစုပေါင်း ၁၃၁,၈၆၀ ဦးအထိ ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဒေတာစင်တာ၏ ထုတ်ပြန်သည့် အချက်အလက်များအရ...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...