Saturday, April 20, 2024

သျှမ်း/မြောက် မူစယ်တွင် RCSS/SSA စီးပွါးရေးရုံး နေရာပြောင်းရွှေ့

Must read

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် RCSS/SSA ၏စီးပွါးရေးရုံး နေရာသစ်ပြောင်းလဲဖွင့်လှစ်ကြောင်းသိရသည်။

ဂျန္နဝါရီလ ၂၅ ရက် မနက်ပိုင်း မူစယ်မြို့ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ စီးပွါးရေးရုံးအား (မိုင်းပန်ဆက်ဆံရေးရုံးမှ ပြောင်းလာသည့်) ဗိုလ်မှူးအောင်ကျန်မိန်း ဦးဆောင်ကာ မူစယ်မြို့ နံသာကုန်း စျေးရပ်ကွက်အတွင်းရှိ ယခင်ရုံးမှ နေရာသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည် ။

“ရုံးသစ်လည်း ဒီနံသာကုန်းစျေးရက်ကွက်ထဲမျာပါဘဲ။ သံဃာတော်တွေကိုဆွမ်းကပ်ပါတယ်။ မြို့တွင်း ဒေသတွင်းလူထုုကိုဖိတ်ကြားတယ် ။တက်ရောက်အားပေးတဲ့သူတော်တော်များပါတယ် ”- ဟု ဗိုလ်မှူးအောင်ကျန်မိန်းကပြောသည်။

RCSS/SSA က ၄င်း၏ ဆက်ဆံရေးရုံးတာဝန်ခံ ၄ ဦး မိုင်းပန် မိုင်းတုံ တာချီလိတ် မူစယ် ရုံးတာဝန်ခံများကို ယခုလအတွင်းနေရာအပြောင်းအရွှေ့ပြုလုပ်ခဲ့သည်။ ကျန်ရှိ ရုံး ၆ ခု တာဝန်ခံများကိုနေရာပြောင်း ရွှေ့ခြင်းမရှိပေ။

Leave a Comments

- Advertisement -spot_img

Latest article