ပြည်ထောင်စု တိုင်းရင်းသား ဒုတိယဝန်ကြီးရာထူးအတွက် အစိုးရကမ်းလှမ်းမှု SNLD ထပ်မံငြင်းဆို

ပြည်ထောင်စု အစိုးရ တိုင်းရင်းသားရေးရာဝန်ကြီးအား ဝိုင်းရံအလုပ်ကူနိုင်မည့် ဒုတိယဝန်ကြီး တိုးချဲ့ခန့်အပ်ရေးအတွက် သင့်လျော်သည့် ပုဂ္ဂိုလ်တဦးဦးမှ လက်ခံရယူရန် အစိုးရကမ်းလှမ်းလာမှုအား သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကငြင်းဆိုလိုက်သည်ဟုသိရသည်။

အဆိုပါရာထူးအတွက် သမ္မတရုံးဝန်ကြီးဌာန မှ အဆင့်မြင့်အရာရှိကြီးတဦးက သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ထံ ဖုန်းဖြင့်ဆက်သွယ်လာကြောင်း၊ ထိုရာထူးအတွက် မည်သို့ဆန္ဒရှိသည် ကိုမေးမြန်းလာသည်ဟု ပြောခွင့်ရ ပုဂ္ဂိုလ် က ဤကဲ့သို့ပြောသည်။

“ဒီကိစ္စ နဲ့ ပတ်သက်ပြီး တဦးတယောက်တည်းအနေနဲ့ ဆုံးဖြတ်လို့မရဘူး။ ဗဟိုကော်မတီအစည်း အဝေးခေါ်ယူပြီးဆုံးဖြတ်ရမဲ့ကိစ္စ။ ဒါပေမယ့် အရင်ကလဲ ဝန်ကြီးရာထူးအတွက်ကမ်းလှမ်း လာဖူးတယ်။အဲတာတောင် လက်မခံခဲ့ပါဘူး။ အခု ဒုဝန်ကြီး ရာထူးလဲ လက်ခံဖို့မဖြစ်နိုင်ဘူးထင်တယ် ဘဲ ပြန်ပြောလိုက်တယ်” – ဟု ပြောခွင့်ရ စိုင်းလိတ်က သျှမ်းသံတော်ဆင့်သို့ပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရရှိသည့် NLD ပါတီ မှ အစိုးရ စတင်ဖွဲ့စည်းစဉ်ကလည်း ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီး ရာထူး အတွက် SNLD ပါတီ အထွေထွေ အတွင်းရေးမှူး အား တိုက်ရိုက် အပ်နှင်းခဲ့ဖူးသည်ဟု စိုင်းလိတ်က ဤကဲ့သို့ ဆက်၍ပြောသည်။

“ဒုသမ္မတ ရာထူးမပေးလို့၊ သျှမ်းပြည်နယ်ဝန်ကြီးချုပ်ရာထူးမပေးလို့ SNLD ကနေ NLD အစိုးရ ကမ်းလှမ်းလာတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို လက်မခံတာဖြစ်တယ်လို့ အထင်အမြင်လွဲ မှားတာတွေရှိတယ်။ ဒါပေမယ့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို SNLD လက်မခံရတာဟာ လုပ်ငန်း ကြောင့်ဖြစ်တယ်။ တကယ်လို့ တိုင်းရင်းသားရေးရာဝန်ကြီးရဲ့တာဝန်ဟာ ပြည်ထောင်စုငြိမ်း ချမ်းရေး အတွက်လုပ်ဆောင်ရမယ်။ လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့၊ နိုင်ငံရေးပါတီ ၊ လူမှုရေးလှုပ်ရှားနေ တဲ့သူတွေရော စုပေါင်းညှိနှိုင်းပြီးတော့ အစိုးရ၊ တပ်မတော် နဲ့ဆွေးနွေးရမယ် ငြိမ်းချမ်းရေး တည် ဆောက်ရမယ်ဆိုရင်တော့ SNLD အနေနဲ့ လက်ခံကောင်းလက်ခံမယ်။” – ဟု ဆက်၍ပြောသည်။

အဆိုပါ တိုင်းရင်းသားရေးရာ ဒုတိယ ဝန်ကြီးရာထူးအား သျှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD အပြင် ကျားဖြူပါတီ ၏ ပြည်သူ့လွှတ်တော် အမတ်ဟောင်း တဦးအားလည်း ဆက်သွယ်ခဲ့ သေးကြောင်း ကြားသိရသည်။ လက်ရှိအစိုးရတွင် ကရင်တွင် မန်းဝင်းခိုင်သန်း၊ ရခိုင် တွင် ဦးအေးသာအောင်၊ ကချင်တဦး၊ မွန်တဦး အဆိုပါ ဝန်ကြီးနေရာ ရရှိထားပြီး သျှမ်းလူမျိုးများ လက်ရှိအစိုးရတွင် အဆင့်မြင့်ရာထူး ရယူထားခြင်းမရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ရိုးရာ စိုက်ပျိုးရေးတွေကို လက်ဆင့်ကမ်းမယ့် တောင်သူတွေ မရှိတော့တဲ့အတွက် ဒေသတွင်း စိုက်ပျိုးရေး စနစ်တခုလုံး ပြိုလဲသွားနိုင်တဲ့အထိ စိုးရိမ်ရတယ်”

0
သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ဒေသခံတောင်သူများမှာ သိန်းရာချီသည့် အကြွေးနွံထဲသို့ ရောက်ရှိနေပြီး သျှမ်းပြည်၏ စားနပ်ရိက္ခာဖူလုံရေးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ဆိုက်ရောက်နေပါသည်။ အစိုးရ၏ စိုက်ပျိုးစရိတ်ချေးငွေ မလုံလောက်မှု၊ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးမှုနှင့် ကုမ္ပဏီထုတ်မျိုးစေ့များအပေါ် မှီခိုနေရသည့် စနစ်ဆိုးများကြောင့် တောင်သူများမှာ ‘စပါးကျီမှ အကြွေးကျီ’...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...