CSSU ဥက္ကဌ ရာထူးလက်ခံမည့် ကျားဖြူပါတီဥက္ကဌ နှစ်ပတ်လည် အစည်းအဝေးတက်ရောက်မည်မဟုတ်ဟုဆို

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ်လွယ်တိုင်းတွင် ကျင်းပ ရန်စီစဉ်ထားသည့် သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU နှစ်ပတ်လည်အစည်းအဝေးတွင် အလှည့်ကျ ဥက္ကဌရာထူးတာဝန်ယူရမည့် SNDP ကျားဖြူပါတီဥက္ကဌ အစည်းအဝေးတက်ရောက်နိုင်မည်မဟုတ်ဟုသိရသည်။

“အစက လွယ်တိုင်းလျန်းမှာအစည်းအဝေးသွားတက်ဖို့ စီစဉ်ထားတယ်။ နောက်တော့ ကျနော် စင်္ကာပူမှာ နှလုံးသွားခွဲ ရတယ်။ နှလုံးခုန် မမှန်ဘူး။ သွေးတိုးရောဂါလည်း ပြန်ဖြစ်လာတယ်။ မျက်လုံးလဲခွဲထားတော့ ဆရာဝန်က ခရီးဝေး မထွက်နဲ့ဆိုလို့ ကျနော် လွယ်တိုင်းလျန်းကိုမသွားဖြစ်တော့ပါဘူး။ ဥက္ကဌတာဝန် လက်ခံဖို့ ကျနော့ကိုယ်စား အတွင်းရေးမှူးအဖွဲ့ကို သွားဖို့တာဝန်ပေးထားပါတယ် ”- ဟု ကျားဖြူပါတီ အမည်ရ သျှမ်းတိုင်းရင်းသားဒီမိုက ရက်တစ်ပါတီ SNDP ဥက္ကဌ စိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်အားပြောသည်။

လာမည့် ဖေဖော်ဝါရီလ ၁ ရက်နှင့် ၂ ရက်နေ့တွင် RCSS/SSA ဌာနချုပ်၌ ကျင်းပမည့် CSSU နှစ်ပတ်လည် အစည်းအဝေးတွင်ပြီးခဲ့သည့်နှစ် လုပ်ငန်းဆောင်တာများကိုပြန်လည်သုံးသပ်ခြင်း၊ လာမည့်နှစ်အတွက်လုပ်ငန်းစဉ်ချ မှတ်ခြင်းများအပြင် ၂၀၁၇-၂၀၁၈ အလှည့်ကျဥက္ကဌ RCSS/SSA မှ ၂၀၁၈-၂၀၁၉ အတွက်အလှည့်ကျဥက္ကဌတာဝန်ကျ SNDP သို့ လွှဲပြောင်းပေးရန်ဖြစ်ပါသည်။

သို့သော် SNDP ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက တက်ရောက်နိုင်ခြင်းမရှိကြောင်း အထွေထွေ တွင်းရေးမှူး စိုင်းဘိုးအောင် ၊တွဲဖက်အတွင်းရေးမှူး စိုင်းအောင်မြင့်ခိုင်၊ တွဲဖက်အတွင်းရေးမှူး ၂ စိုင်းခမ်းကျော် ၊ နန်းဝါနု နှင့် ယိင်းယိင်းဦး တို့ ၅ ဦးကို ကိုယ်စားစေလွှတ်မည်ဖြစ်ကြောင်း ဥက္ကဌ စိုင်းအိုက်ပေါင်းကပြောသည်။

CSSU ဥက္ကဌတာဝန်ကို တနှစ်တကြိမ် အလှည့်ကျ လွှဲပြောင်းတာဝန်ယူကြရာ ၂၀၁၆ ခုနှစ်က SNDP ပါတီမှ အလှည့်ကျဥက္ကဌတာဝန်ကျခဲ့သည်။ သို့သော် ထိုစဉ်က တာဝန်လက်ခံရယူခြင်းမရှိသဖြင့် SSJAC ဥက္ကဌ ခွန်ထွန်းဦးက တာဝန်ယူခဲ့ရသည်။

သျှမ်းပြည်တွင်း ပါတီ၊တပ်ဖွဲ့၊လူမှုအဖွဲ့အစည်းများဖြင့် CSSU ကို ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ လက်ရှိတွင် အဖွဲ့ဝင် အဖွဲ့အစည်း ၁၀ ဖွဲ့ ပါ၀င် ထားသည့် သျှမ်းစုပေါင်းအဖွဲ့အစည်းကြီးဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် မြေအောက်ဘန်ကာတစ်ခုအတွင်းမှ စိတ်ကြွဆေး ၇ သန်းကျော်ထပ်မံဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တစ်ခုကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြား (ယာဘ) ၇.၃ သန်းကျော်နှင့် စိတ်ကြွဆေးခဲ (အိုက်စ်) ၂၅၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) မွန်းလွဲပိုင်းတွင်...

တရားဥပဒေစိုးမိုးရေး ပျက်ပြားမှုကြောင့် မြန်မာနိုင်ငံတွင် ရာဇဝတ်မှုစီးပွားရေးအသစ် အခြေစိုက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပေါင်းစည်းထားသည့် ရာဇဝတ်မှုစီးပွားရေးအသစ်တစ်ခု အခြေစိုက် အားကောင်းလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က သတိပေးလိုက်သည်။ ဇွန်လ ၁၂ ရက်က ထုတ်ပြန်သော...

တောင်ကြီးတွင် အီးစီးကရက် မှောင်ခိုရောင်းဝယ်မှု ကြီးထွားနေဆဲ ၊ ဈေးနှုန်းနှစ်ဆမြင့်တက်

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် အီးစီးကရက် (E- cigarette) နှင့် ပတ်သက်ပြီး အာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း မှောင်ခိုရောင်းဝယ်မှုများ ဆက်လက်ရှိနေပြီး ဈေးနှုန်းများလည်း ယခင်ထက် နှစ်ဆနီးပါး မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ကြီးမြို့တွင် အီးစီးကရက် ရောင်းချသူများနှင့် သုံးစွဲသူများကိုပါ ဖမ်းဆီးအရေးယူမှုများ ရှိနေခြင်းကြောင့်...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...